Friday, September 12, 2014

တိုင်းရင်းသားလက်နက်ကိုင်များကြား ဦးစားပေးဆွေးနွေးလိုသည့်အချက်များ ကွဲလွဲနေ


တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ရေးထိုးရေး ဆွေးနွေးရန် ကျန်နေသည့် အချက်လေးချက်ကို တိုင်းရင်းသား လက်နက်ကိုင်များကြားတွင် ဦးစားပေး အချိန်ယူဆွေးနွေးလိုသည့် အချက်များ ကွဲလွဲနေကြောင်း  သတင်းရ ရှိသည်။ဆွေးနွေးရာတွင်အချို့အဖွဲ့က သုံးပွင့်ဆိုင်အရေးကို ဦးစား ပေးဆွေးနွေးလိုပြီး အချို့က ကြားကာလ အစီအစဉ်ကို အချိန်ယူစေ လိုသည်။  

လူသစ်စုဆောင်းရေး ကိစ္စကို  ဇောင်းပေးဆွေးနွေးလို သည့်သူများလည်းရှိနေ၍ တစ်ဖွဲ့ နှင့်တစ်ဖွဲ့ အချိန်ယူလိုပုံခြင်းမတူ ညီမှုရှိနေသည်ဟု ဆိုသည်။ NCA မူကြမ်းပါအချက်များအနက် လေးချက်သာ ဆွေးနွေးညှိနှိုင်းရန် ကျန်ရှိနေ၍  မကြာမီကျင်းပတော့မည့်အစည်းအဝေးတွင် NCA အချောသပ်ရေးဆွဲနိုင် မည်လားဟူသည့် မေးခွန်းများလည်း ထွက်ပေါ်နေသည်။

‘‘ရှေ့မှာရှိတဲ့အတွေ့အကြုံ အရ အချက်တစ်ချက်တည်းနဲ့လည်း  ကြာရင်ကြာသွားတာ။ အကြိမ်ကြိမ်အစည်း အဝေးတွေ ခေါ်ရတာလည်း ရှိတတ်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ဒီဟာက နောက်ဆုံးအစည်း အဝေးဖြစ် ဖို့ မျှော်လင့်ထားပါတယ်’’ဟု မြန်မာ နိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူ ထောင်ရေးလုပ်ငန်းဗဟို ဌာန၏ အကြီးတန်းအကြံပေးဦးလှမောင် ရွှေက ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA)မူကြမ်းပါ အခန်း(၇)ခန်း၊ အချက်ပေါင်း ၁၂၂ ချက်ရှိ သည့်အနက် ယခု အခါ အချက်လေးချက်သာ ဆွေး နွေးသဘောတူရန် ကျန်ရှိတော့သည်။ ယင်းလေးချက် မှာ အခန်း (၂)ဦးတည်ချက်နှင့် ရည်ရွယ် ချက်မှ တစ်ချက်၊ အခန်း(၃)ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင် ရာမှတစ်ချက်၊ အခန်း(၅)နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များမှ တစ်ချက်နှင့် အခန်း(၆)ဆက်လက်
ဆောင်ရွက်ရမည့်ကိစ္စရပ်များမှ တစ်ချက်တို့ဖြစ်ကြသည်။

‘‘ဒီအချက်တွေကျန်နေတာ က အဟန့်အတားရှိနေလို့မဟုတ်ပါဘူး။ အဓိကအဟန့်အတားရယ် လို့မရှိပါ ဘူး။ ကျွန်တော်တို့ဆွေး နွေးဖို့ အချိန်နည်းနည်းလေးလို တာပါ။ အချိန်ကြောင့်ပါပဲ’’ဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားထားသည်။

စက်တင်ဘာအစည်းအဝေး ကို ၂၂၊ ၂၃၊ ၂၄ ရက်တို့တွင် ဆောင်ရွက်လိုကြောင်း အစိုးရ ဘက်က အဆိုပြု ထားသည်။ NCCT ဘက်က ယခုရက်ပိုင်း အတွင်း အစည်းအဝေးပြုလုပ်ညှိ နှိုင်းနေကြပြီး အစည်းအဝေး ပြီးပါ က သတ်မှတ်ရက်ကိစ္စအတည်ပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။

UPWC နှင့် NCCTတို့၏ ဩဂုတ်လကပြုလုပ်ခဲ့သည့် သုံးရက်ကြာအစည်းအဝေးမတိုင်မီ က ဆွေးနွေးရန် အချက် ၃၁ ချက် ကျန်ရှိနေခဲ့သည်။ ယင်းအစည်း အဝေးပွဲပြီးနောက် အချက်ပေါင်း ၂၇ ချက်ကို သဘောတူ ညီမှုရရှိခဲ့ သည့်အနက် ဖက်ဒရယ်အခြေခံမူ ကိုဆွေးနွေးရန် အစိုးရဘက်က သဘောတူညီခဲ့ပြီး  ဒို့တာဝန် အရေးသုံးပါးကိုလည်း တိုင်းရင်းသားလက်နက်ကိုင်တို့ဘက်က  သဘောတူညီခဲ့သည်။ ယင်းနောက် ကျန်လေးချက်ကို စက်တင်ဘာအစည်း အဝေးတွင် ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြသည်။

စက်တင်ဘာအစည်းအဝေး ပြီးနောက် အောက်တိုဘာလခန့် တွင် NCA လက်မှတ်ရေးထိုးနိုင် ပြီး ၂၀၁၅ နှစ်ဆန်းပိုင်းတွင် နိုင်ငံ ရေးတွေ့ဆုံဆွေးနွေးပွဲ များကျင်း ပနိုင်ရန် အစိုးရအဖွဲ့ကရည်မှန်း ထားကြောင်း အစိုးရ၏ ငြိမ်းချမ်း ရေးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်နေသူ ပြည်ထောင်စုဝန် ကြီးဦးအောင်မင်း က မကြာသေး မီက ပြောကြားထားသည်။ ယခု လနှောင်းပိုင်းဆွေးနွေးပွဲတွင် အချက်  အားလုံးသဘောတူညီမှု ရခဲ့မည်ဆိုလျှင် NCA လက်မှတ် ရေးထိုးရန် အနည်းဆုံး သီတင်းပတ်သုံးပတ်ခန့် ထပ်ယူရန်လိုသည်ဟု ဆိုကြသည်။ ယင်းကာလအတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး၏ ခေါင်းဆောင်များထံ ပြန်လည် တင်ပြပြီး ပြင်ဆင်ကြရန်ဖြစ်သည်။

 NCA လက်မှတ်ရေးထိုး သည့်အခမ်းအနားကို နေပြည် တော်တွင်ပြုလုပ်ရန် သဘောတူ ညီချက်ရရှိထား သည်။ သို့ရာတွင် NCA ကို မည်သည့်အဖွဲ့များနှင့် မည်သူတို့ပါဝင်လက်မှတ်ရေးထိုး မည်ဆိုသည့်အချက် မှာမူ ယခု အချိန်ထိ အပြီးသတ်မဆုံးဖြတ်ရ သေးပေ။

7Day News Journal

No comments:

Post a Comment

My Blog List