Tuesday, September 09, 2014

၉ လပိုင်း၊ ၉ ရက်နေ့၊ မနက် ၉ နာရီမှာ ထိုင်းအစိုးရအဖွဲ့ စတင် ရုံးထိုင်


ပထမဆုံးသော  အစိုးရအဖွဲ့ အစည်းအဝေးကို ဘန်ကောက်မြို့ အစိုးရအဖွဲ့ရုံးမှာ မပြုလုပ်ခင် တွေ့ရတဲ့ ထိုင်းအာဏာသိမ်းခေါင်းဆောင် 
ထိုင်းဝန်ကြီးချုပ် ပရာရွတ်  ဘန်ကောက်မြို့ အစိုးရရုံးမှာ စတင်ပြီး ရုံးထိုင်ပါပြီ။ 

ဝန်ကြီးချုပ်တာဝန်ယူထားတဲ့ အာဏာသိမ်းဗိုလ်ချုပ်ကြီးပရာရွတ်ကို အခုတလောသတင်းတွေမှာအယူသည်း မှုနဲ့အတူ ယှဉ်တွဲ တွေ့ရပါမယ် ။ ယခင် နိုင်ငံရေးသမားကြီးများ ဗိုလ်ချုပ်များနည်းတူ သူလည်းမမြင်ရသော ဆိုင်ရာပိုင်ရာတွေကို ယုံကြည်သူပါ။

တနင်္လာနေ့မှာတော့ သူ့လူတွေ အစိုးရရုံးထဲ သယ်လာတဲ့ထဲမှာ ဗုဒ္ဓဆင်းတုတွေ၊ နတ်ရုပ်တွေ ပါပါတယ်။

သူ့ယုံကြည်မှုက မိရိုးဖလာ ဘာသာတရားထက် ကျော်လွန်နေတယ်လို့ ဆိုရမယ်။ ပြီးခဲ့တဲ့တပတ်က ဆိုရင်  ရန်ဘက်တွေ ပြုစားတာကို ခံရလို့ ပရိတ်ရေ တကိုယ်လုံး လောင်းလိုက်ရတဲ့အကြောင်း လူပုံအလယ်မှာ ပြောခဲ့သူပါ။

တပ်မတော်အရာရှိများကတော့ ဗိုလ်ချုပ်ကြီးရဲ့အယူသီးမှုတွေက အစိုးရရဲ့မူဝါဒအပေါ် သက်ရောက်မှာ မဟုတ်ပါဘူးလို့ ဆိုကြပါတယ်။

ထိုင်းလူမျိုးအများစုလိုပဲ ဗိုလ်ချုပ်ကြီးပရာရွတ်က နတ်တွေဘာတွေကို တော်တော်လေး အရိုအသေပေး ပါတယ်၊ ဒါပေမယ့်လည်း အရေးတကြီး လက်တွေ့လုပ်ရမှာတွေ၊ ပြည်သူ့လိုအပ်ချက်တွေအတွက် ဆိုရင်တော့ သူ့မူဝါဒတွေက ပြတ်ပြတ်သားသား ရှိပါလိမ့်မယ်လို့ စစ်တပ်ပြောခွင့်ရ အရာရှိတဦးဖြစ်တဲ့ Veerachon Sukhontapatipak က ပြောပါတယ်။

ဝန်ကြီးချုပ်တာဝန်ယူထားတာ ရက်အတန်ကြာပြီ ဖြစ်ပေမယ့်လည်း  အစိုးရရုံးထိုင်ဖို့အတွက်တော့ အချိန်ကို သေချာရွေးချယ်ခဲ့တဲ့သဘော မီဒီယာတွေက ဆိုနေကြတာပါ။

၉ လပိုင်း၊ ၉ ရက်နေ့၊ မနက် ၉ နာရီမှာ အစိုးရအဖွဲ့ စတင်အလုပ်လုပ်ပါတယ်တဲ့။ ထိုင်းမှာ ၉ ဂဏန်းက ကံကောင်းခြင်းတွေ တိုးတက်ဖြစ်ထွန်းမှုတွေ ယူဆောင်လာမယ်လို့ အယူရှိပါတယ်။

အစိုးရရုံးရဲ့ သူ့ရုံးခန်း ပရိဘောဂတွေကိုလည်း ဖုန်းရွှေနည်းအတိုင်း စီစဉ် တယ်လို့  ဆိုတယ်။

ဧရာဝတီblog

No comments:

Post a Comment

My Blog List