Friday, September 12, 2014

လွှတ်တော်အစည်းအဝေးတွေ အရေးကြီးပြီလို့ သူရဦးရွှေမန်း ပြောကြား


ဒီနေ့ စတင်ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးကစပြီး နောင်အစည်းအဝေးတွေ မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအပါအ၀င် တခြားအရေးကြီးတဲ့ ဥပဒေတွေကို ဆွေးနွေးအတည်ပြုသွားမှာဖြစ်တယ် လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောပါတယ်။ ဒီနေ့ စတင်ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်း အဝေးမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း က အခုလိုပြောခဲ့တာပါ။

"အခုပုံမှန်အစည်းအဝးကာလမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီရဲ့ လုပ်ငန်းတာဝန်များကို ရှေ့တစ်ဆင့်တက်ပြီင်္း လွှတ်တော်အတွင်းမှာ ဆောင်ရွက် ကြဖို့ရှိပါတယ်၊ နှစ်စဉ် ယခုလိုကာလမှာ မဖြစ် မနေဆောင်ရွက်ရမဲ့ ပြည်ထောင်စုရဲ့နောက်ထပ် ဘဏ္ဍာခွဲဝေသုံးစွဲရမှု ဥပဒေကြမ်းကိုလည်း ဆွေးနွေး ဆောင်ရွက်ကြရမှာဖြစ်ပါတယ်၊ ဒါ့ပြင် လွှတ်တော်အသီးသီးမှာရှိနေတဲ့ ဆောင်ရွက်စဲ ဥပဒေကြမ်းများထဲက အရေးကြီးတဲ့ ဦးစားပေးဆောင်ရွက်သင့်တဲ့ ဥပဒေကြမ်းများကိုလည်း အတည်ပြုပြဌါန်းနိုင်ရေး ဆက်လက် ဆောင်ရွက်ကြရဦးမှာဖြစ်ပါတယ်"

ဒါ့အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူ ဖြစ်စေ မယ့် အကြံပြုချက်တွေ လိုအပ်ကြောင်းလည်း ဥက္ကဌ သူရဦးရွှေမန်းက ပြောခဲ့ပါတယ်။

"လက်ရှိကာလ မိမိတို့နိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကထက်ကြာရင် ဒီမိုကရေစီ အရှိဆုံးအချိန်တွေလို့ ပြောနိုင်ပါတယ်၊ ဒါပေမယ့် ပြည်သူများမျှော်လင့်သလို မဖြစ်တာ၊ မျှော်လင့်သလောက် မရနိုင်သေးတဲ့အခြေ အနေတွေ ဆိုတာလည်း အမှန်ပဲဖြစ်ပါတယ်၊ သို့သော်လည်းပဲ ရရှိထားတဲ့ ဒီအခြေအနေကောင်းအချို့ကို အမိအရဆုပ်ကိုင်ပြီး၊ နိုင်ငံတော်နဲ့ပြည်သူများရဲ့ အကျိုးစီးပွားအတွက် စိတ်ကောင်းစေတနာကောင်းတွေ ရှိဖို့အရေး ဆက်လက် ဖော်ဆောင်ကြရ မှာဖြစ်ပါတယ်၊ 

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အထောက်အကူဖြစ်စေတဲ့ တင်စားမှု၊ သုံးသပ်မှု၊ အကြံပြုလုပ်ဆောင်မှုများ ဒီကာလမှာ အမှန်တကယ်လိုအပ်လျှက်ရှိပါတယ်"

ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်မယ့် ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်က သူတို့ရဲ့ လေ့လာတွေ့ ရှိချက်အစီရင်ခံစာကို လာမယ့် စက်တင်ဘာလ ၁၅ရက်နေ့မှာ ပြည်သူ့လွှတ်တော် ကို တင်သွင်းမှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List