Tuesday, September 09, 2014

ပီအာရ်ကို ကန့်ကွက်သည့်လက်မှတ်များ ပြည်ထောင်စုလွှတ်တော်သို့ တင်မည်ဟုဆို



မြန်မာနိုင်ငံတွင် အချိုး ကျကိုယ်စားပြုရွေးကောက်ပွဲ စ နစ်(ပီအာရ်)ကို ကျင့်သုံးရန်စီစဉ်နေခြင်းကို ကန့်ကွက်သည့်ပြည်သူ များ၏ လက်မှတ်များကို ယခုလ အတွင်း ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့သွားမည်ဖြစ် ကြောင်း ပီအာရ်စနစ်ကို ကန့်ကွက် လက်မှတ်ရေးထိုးခြင်း ဦးဆောင်ပြုလုပ်နေသည့် ပြည်သူ့ လှုပရှားမှုမြှင့်တင်ရေးကွန်ရက်မှ သတင်းရရှိသည်။
ပီအာရ်စနစ်ကို ကန့်ကွက် ကြောင်း လက်မှတ်ရေးထိုးသည့် လှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၁၄မြို့နယ်တွင် သြဂုတ် ၂၉ရက်မှ စက်တင်ဘာ ၈ရက်အထိ ပြုလုပ်ခဲ့ပြီးရရှိလာသော လက်မှတ်များကိုပြည် ထောင်စု လွှတ်တော်နာယကထံ ပေးပို့မည်ဖြစ်သည်။

‘‘ကျွန်တော်တို့ စာရင်းမပိတ် သေးပါဘူး။ ဒါပေမဲ့အခုထိတော့ လက်မှတ် ၁၅၀၀ကျော်ရထားတယ်။ လက်မှတ်ကတော့ နည်း နိုင်ပါတယ်’’ဟု ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်မှ အထွေ ထွေအတွင်းရေးမှူး ကိုမြတ်ကျော် ကပြောသည်။

ပီအာရ်ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးလှုပ်ရှားမှုသည် လွှတ်တော်တွင် ဆွေးနွေးနေသည့်ပီအာရ်စနစ် အကောင် အထည်ဖော်ရေးကို ဟန့်တားနိုင်ရေး အတွက် ရည်ရွယ်ပြီးလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ပြည်သူ့လှုပ်ရှားမှုမြှင့်တင် ရေးကွန်ရက်ကို ယခုနှစ်မေလအ တွင်းက စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီးဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပီအာရ်စနစ်ကန့် ကွက်သည့် ဆန္ဒထုတ်ဖော်မှုများတွင် ပါဝင်ခဲ့သည်။

လွှတ်တော်သို့ပီအာရ်စနစ် ကန့်ကွက်သည့် လက်မှတ် များ တင်ပြမည်ဆိုသော်လည်း အမျိုးသားလွှတ်တော်တွင် ကျင့်သုံးရန်ဆုံးဖြတ်ထားသည့်ပီအာရ်စနစ် အကောင်အထည်ဖော်ရေး အစီအစဉ်သည် ပျက်ပြယ်သွားလိမ့်မည် မဟုတ်ကြောင်း အမျိုးသား လွှတ်တော်ပီအာရ်အကောင်အ ထည်ဖော်ရေးကော်မရှင်အဖွဲ့ဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးအုန်းတင်ကပြောသည်။

သို့သော်လွှတ်တော်ကိုတင် ပြရခြင်းသည် ပီအာရ်စနစ်ကိုအ ကောင်အထည်ဖော်ရန်ကြိုးပမ်း နေသည့် အချိန်ကတည်း ကပင် ယင်းစနစ်ကို ကန့်ကွက်ထား ကြောင်း သမိုင်းအထောက်အ ထားတစ်ခုကျန်ရစ်ရန်ဖြစ်သည်ဟု ပြည်သူ့လှုပ်ရှား မှုမြှင့်တင်ရေး ကွန်ရက်မှသိရသည်။

ပီအာရ်စနစ်ကိုလက်မှတ်ရေးထိုးကန့်ကွက်မှုမပြုလုပ်မီကပင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၃၆ ကိုပြင်ဆင် လိုကြောင်းပြည်သူလူ ထုထံမှ ဆန္ဒလက်မှတ်ကောက်ခံ သည့် လှုပ်ရှားမှုတစ်ရပ်ကိုအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရရှိလာသည့် လက်မှတ်များ ငါးသန်းခန့်ကို လွှတ်တော်ဥက္ကဋ္ဌများထံပေးပို့ထားသည်။

လက်ရှိအချိန်တွင် အမျိုး သားလွှတ်တော်၌ ပီအာရ်စနစ်ကို ကျင့်သုံးရန် အကောင်အထည် ဖော်ရေးကော်မရှင်တစ်ရပ်ကိုဖွဲ့ စည်းထားသကဲ့သို့ ပြည်သူ့လွှတ်တော်တွင်လည်း မြန်မာနိုင်ငံနှင့် သင့်လျော်မည့် ရွေးကောက်ပွဲစနစ်လေ့လာ သုံးသပ် သည့်ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List