Tuesday, September 09, 2014

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ထိုင်းလူမှုဖူလုံရေး ၀င်ခွင့်ရ


ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ ပြောင်းလုပ်သားများအား ထိုင်း နိုင်ငံ လူမှုဖူလုံရေးစနစ်တွင် စတင်ဝင်ခွင့်ပြုနေ ပြီဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။‘‘ထိုင်းအစိုးရ ကလည်း တရားဝင်ကြေညာနေပါပြီ။ နိုင်ငံတကာ ရွှေ့ပြောင်း လုပ်သားမှန်ရင် ထိုင်းလူမှုဖူလုံရေးမှာ ၀င်ခွင့်ပေးမယ်ဆိုတာ ဒေါ်လေးတို့ဆီကိုလည်း တရားဝင်စာရောက်လာပြီ’’ ယင်းဌာနမှ ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်း က ပြောသည်။

လူမှုဖူလုံရေး ၀င်ခွင့်ရရှိ ကြောင်း တရားဝင်စာသည် သြဂုတ်လကုန်ပိုင်းတွင် ရောက်ရှိလာခြင်းဖြစ်ပြီး စက်တင်ဘာလဆန်းတွင် စတင်ဝင်ခွင့်ပြုနေပြီ ဖြစ် ကြောင်း ဒေါ်ဝင်းမော်ထွန်းက ပြောသည်။

ထိုကဲ့သို့ ထိုင်းနိုင်ငံတွင် လူမှုဖူလုံရေးစတင်ဝင်ရောက်ခွင့်ရရှိ ခြင်းသည် ရွှေ့ပြောင်းအလုပ်သမားများ အတွက် ကောင်းမွန်သော်လည်း အလုပ်သမားများအတွက် တိကျခိုင်မာစေရန်လိုအပ်ကြောင်းထိုင်းရောက် မြန်မာနိုင်ငံသားများ အဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။

‘‘ထိုင်းမှာ အလုပ်သမားတွေ ရဲ့ ပိုက်ဆံသန်းနဲ့ချီပြီး ထည့်ဝင် ကြေးဝင်ရမှာ။ ထိုင်းမှာ ဥပဒေနား မလည်တဲ့ အလုပ်သမားတွေအ များကြီးပဲ။အကျိုးကျေးဇူးအနည်း နဲ့ အများဆိုရင်၊ အနည်းကိုပဲ ရွေးချယ်တယ်’’ဟု ဦးကျော်သောင်းက ဝေဖန်ပြောဆိုသည်။

ထိုသို့ပြုလုပ်ပေးခြင်းထက် လက်ရှိဖြစ်ပွားနေသော အလုပ်သမားပြဿနာများကို ဦးစွာဖြေ ရှင်းပေးရန် လိုအပ်ကြောင်း ဦး ကျော်သောင်းက အကြံပြုပြော ကြားသည်။

ထိုင်းတွင် လူမှုဖူလုံရေးစနစ်စတင်ဝင်ခွင့်ရရှိကြောင်းကို မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကျယ်ပြန့်စွာ သိရှိလာစေရန် အေ ဂျင်စီ၊ အလုပ်သမားအဖွဲ့ အစည်းများမှတစ်ဆင့် ဆော်သြမှုများ ပြုလုပ်နေပြီဖြစ် ကြောင်း ဒေါ်ဝင်း မော်ထွန်းက ဆိုသည်။

‘‘ကိုယ့်နိုင်ငံက အလုပ်သမားတွေကို တခြားနိုင်ငံမှာ လူမှုဖူလုံ ရေးအ၀င်ခံတယ်။ ကျန်းမာရေး စနစ်စောင့်ရှောက်မှုပေးတယ်။ ထည့်ဝင်ကြေးထည့်ပြီး နောက် ကွယ်မှာ ခံစားမှုတွေ အများကြီး ပေးရင် ၀င်သင့်ပါတယ်’’ဒေါ်ဝင်း မော်ထွန်းက တိုက်တွန်းပြောဆိုသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားအတွက် လူမှုဖူလုံ ရေးစနစ်ကို ထိုင်းဥပဒေဖြင့် လက်ခံကျင့်သုံး သွားမည် ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားများကျင့်သုံးရန်အတွက် လူမှုဖူလုံရေး ဥပဒေအသစ် ကို ထိုင်းနိုင်ငံမှ သီးသန့်ရေးဆွဲရန်ရှိကြောင်း ဒေါ်ဝင်းမော်ထွန်းက ပြောသည်။ 

7Day News Journal 

No comments:

Post a Comment

My Blog List