Monday, September 08, 2014

IS အဖွဲ့ကို နှိမ်နင်းမယ့် အစီအစဉ် ကြာသပတေးမှာ အိုဘားမား ဖော်ပြဖို့ရှိ


IS ​လို့ခေါ်တဲ့ ​အစ္စလာမ်မစ်နိုင်ငံ ​တည်ထောက်သူတွေကို ​ဘယ်လို ​နှိမ်နင်းသွားမလဲဆိုတဲ့ ​အစီအစဉ်ကို ​လာမယ့် ​ကြာသပတေးနေ့မှာ ​ထုတ်ဖော်ပြောဆိုသွားမယ်လို့ ​အမေရိကန် ​သမ္မတ ​ဘာရက်အိုဘားမားက ​ပြောပါတယ်။ အီရတ်နိုင်ငံ ​Anbar ​ပြည်နယ်မှာရှိတဲ့ ​IS ​အဖွဲ့ကို ​ဝေဟင်ကနေ ​ထိရောက်စွာ ​ပထမဦးဆုံး ​တိုက်ခိုက်နိုင်ပြီး ​မကြာခင်မှာပဲ ​အမေရိကန်သမ္မတက ​အခုလို ​ပြောဆိုတာ ​ဖြစ်ပါတယ်။

အမေရိကန်အနေနဲ့ ​ဆီးရီးယားနဲ့ ​အီရတ်နိုင်ငံကို ​စစ်သားတွေ ​ပို့ဆောင်မှာ ​မဟုတ်ဘူးလို့ ​သမ္မတ ​အိုဘားမား က ​ပြောပါတယ်။

အမေရိကန် ​စစ်သား ​ထောင်နဲ့ချီကို ​ပို့ဆောင်မှာ ​မဟုတ်ပါဘူး။ ​နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ရဲ့ ​လှုပ်ရှားမှုတွေ မှာ ​အမေရိကန်က ​တစိတ်တပိုင်းသာ ​ပါဝင်မှာဖြစ်ပြီး ​အီရတ်စစ်တပ်နဲ့ ​Kurdish ​စစ်တပ်တို့ရဲ့ ​တိုက်ခိုက် မှုကို ​ကူညီတဲ့အနေနဲ့ ​ဝေဟင်ကနေသာ ​ကူညီတိုက်ခိုက်ပေးမှာ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

ဒီအတွက် ​အစီအစဉ်ချမှတ်ပေးမှာ ​ဖြစ်ပြီး ​အဲဒီအစီအစဉ်ကို ​အသုံးချပြီး ​IS ​အဖွဲ့ ​သိမ်းယူထားတဲ့ ​နယ်မြေ တွေကို ​အီရတ်စစ်သားနဲ့ ​Kurdish ​အဖွဲ့တွေ ​ပြန်လည်ရယူနိုင်ဖို့အတွက် ​ဖြစ်တယ်လို့ ​သမ္မတ ​အိုဘားမား က ​ပြောပါတယ်။

ABC

No comments:

Post a Comment

My Blog List