Monday, September 08, 2014

ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ရွှေခြင်္သေ့ဆုရတဲ့ ရိုင်အန်ဒါဆန်ရဲ့ ဟာသဇာတ်ကား



ဆွီဒင်ဒါရိုက်တာ ရိုင် အန်ဒါဆန်၏  A  Pigeon Sat on a Branch Reflecting on Exi-stence ဒရာမာ ဟာသဇာတ်ကား သည် (၇၁) ကြိမ်မြောက် ဗင်းနစ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၌ အ ကောင်းဆုံး ရုပ်ရှင် ဇာတ်ကားဆု အဖြစ် ရွှေခြင်္သေ့ဆုကို ရရှိခဲ့သည်။

ဒိန်းမတ်မှတ်တမ်းတင် ရုပ်ရှင်ကား The Look of Silence သည် အကောင်းဆုံး ရုပ်ရှင်ဇာတ် ကားဆုဖြစ် သော ရွှေခြင်္သေ့ဆုကို ရလိမ့်မည်ဟု ခန့်မှန်းကြသော်လည်း Grand Jury ဆုသာ ရရှိခဲ့သည်။

အမေရိကန်သရုပ်ဆောင် မင်းသား အဒမ်ဒရိုက်ဘာနှင့် အီတလီသရုပ်ဆောင် မင်းသမီး အယ်လ်ဘာရိုဝါချာ  တို့သည် Hungry Hearts ရုပ်ရှင်ဇာတ်ကား တွင် အကောင်းဆုံး သရုပ်ဆောင် မင်းသားဆုနှင့် အကောင်း ဆုံးသရုပ်ဆောင် မင်းသမီးဆု ရရှိခဲ့သည်။

(၇၁) ကြိမ်မြောက် ဗင်းနစ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၆ ရက်အထိ အီတလီနိုင်ငံ ဗင်းနစ် မြို့၌ ကျင်းပခဲ့သည်။

Ref: BBC
7Day News Journal

No comments:

Post a Comment

My Blog List