Friday, September 12, 2014

ပျောက်ဆုံး ခါကာဘိုရာဇီတောင်တက်သမားနှစ်ဦးအတွက် ကယ်ဆယ်ရေး စခန်း ပန်နန်းဒင်မြို့တွင် ဖွင့်လှစ်



အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံး နေသောခါကာဘိုရာဇီရေခဲတောင် တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ် ရန်အတွက် ကယ်ဆယ်ရေးစခန်းကို ပန်နန်းဒင်မြို့တွင်ဖွင့်လှစ်ပြီး နိုင်ငံ တကာအဆင့် အရေးပေါ်ကယ်ဆယ် ရေးအဖွဲ့များ ငှားရမ်းကာ အစွမ်းကုန် ရှာဖွေသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 
အဆိုပါ တောင်တက်သမား နှစ်ဦး၏ မိသားစုများကိုလည်း အဲပုဂံ လေကြောင်းလိုင်း၏ စင်းလုံးငှား လေယာဉ်ဖြင့် စက်တင် ဘာ၁၁ရက်တွင် ပူတာအိုမြို့သို့ ပို့ဆောင်ပေးခဲ့ပြီး တောင်တက်သမားနှစ်ဦးကို ရှာ ဖွေနိုင်ရန် ဆက်သွယ်ရေးလုပ်ငန်းများ အတွက် ထူးဖောင်းဒေးရှင်း နာယက ဦးတေဇကိုယ်တိုင် ပန်နန်းဒင်သို့ သွားရောက်၍ ကျွမ်းကျင်ပညာရှင်များကို ခေါ်ဆောင် ကာ သွားရောက် ကွပ်ကဲနေကြောင်း ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ ပန်နန်းဒင်သို့ ပို့ဆောင်နေကြောင်းနှင့် ယနေ့ အချိန် အထိရှာဖွေမတွေ့ရှိသေးကြောင်း သိရသည်။



''ဒီနေ့ပူတာအိုကနေ ပန်နန်းဒင် သို့သွားကြပြီ။ အဲဒီမှာကယ်ဆယ် ရေး စခန်းဖွင့်မယ်။ မနက်ဖြန်ဆိုရင် ရှာဖွေရေးအဖွဲ့တွေ ငဝါရွာကိုသွား ကြမယ်။ ပြီးတော့ Base Camp က ပြန်ဆင်းလာသူတွေနဲ့ဆက်သွယ်ပြီး တော့ ရှာဖွေရေးတွေကို လုပ်သွား မယ်။ ခါကာဘိုရာဇီရဲ့ ရာသီဥတု အခြေအနေအရ မြူတွေ အုံဆိုင်း နေလို့ ရဟတ်ယာဉ်နဲ့ရှာဖို့ နည်း နည်း ခက်ခဲနေတယ်။ အခုလဲ ရဟတ်ယာဉ်နဲ့ ရှာဖွေရေးလုပ်နေပါ တယ်'' ဟု ထူးဖောင်ဒေးရှင်းမှ တာ ဝန်ရှိသူ ကိုဖြိုးကိုကိုသက်က ပြော သည်။

ရှာဖွေရေးလုပ်ငန်းများကိုထူး ဖောင်ဒေးရှင်းအဖွဲ့၊ သဘာဝခေါ် သံဖောင်ဒေးရှင်းမှ အသင်းသားအ များနှင့် ပူတာအို အခြေစိုက်ဌာန ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း ၍ ဦးတေဇပိုင် ယူရိုကော်ပတာ ရဟတ်ယာဉ်နှစ်စင်းဖြင့် ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက် မည်ဟုသိရသည်။

''ကျွန်မတို့ ပျောက်နေတဲ့သူ နှစ်ဦးရဲ့အခြေအနေက ဘာသတင်း မှမရသေးပါဘူး။ သတင်းရတာနဲ့ထုတ် ပြန်ပေးသွားပါ မယ်''ဟု တက္ကသိုလ် ခြေလျင်တောင်တက်အသင်း၊ သဘာဝခေါ် သံဖောင်ဒေးရှင်းမှ ပြန်ကြားရေးတာဝန်ခံ ဒေါ်ပပစိုး က ပြောသည်။

အမြင့်ပေ ၁၉၂၉၆ပေ မြင့် မားပြီး အရှေ့တောင်အာရှတွင် အ မြင့်ဆုံးတောင်ဖြစ်သော ခါကာဘို ရာဇီရေခဲတောင်သို့ တက်ရောက် နေသည့် တောင်တက်သမား ကို အောင် မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့သည် သြဂုတ် ၃၁ရက်တွင် ရေခဲတောင် ထိပ်သို့ ရောက်ရှိကာ မြန်မာနိုင်ငံ အလံကို အောင်မြင်စွာစိုက်ထူနိုင် ခဲ့ပြီး နောက်ပိုင်းတွင် အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်းကြောင့် ယခုကဲ့ သို့ ရှာဖွေ ကယ်ဆယ်ရေးများလုပ် ဆောင်နေရခြင်းဖြစ်ကြောင်း သိရ သည်။

ရှာဖွေရေးလုပ်ငန်းအတွက် စက်သုံးဆီများကို Htoo Apex Petroleum မှ ပံ့ပိုးကူညီခြင်းဖြစ် ကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ၊ တောင်တက်ကိရိယာများ အတွက် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီ မိတက်မှ ထောက်ပံ့ ကူညီပေးနေ ကြောင်း လည်း သိရသည်။

ခါကာဘိုရာဇီရေခဲတောင်သို့ တက်ရောက်ခဲ့သော မြန်မာနိုင်ငံသား တောင်တက် သမားများမှာ ကိုအောင်မြင့် မြတ်၊ ကိုဝေယံမင်းသူ၊ ကိုဟန်လင်း ထွန်း၊ ကိုကျော်ထွန်းနိုင်၊ ကိုမျိုး ညွန့်သန်း၊ ကိုမောင်မောင်ပြည့်စုံ၊ ကိုဇော်ဇော်ခိုင်နှင့် ကိုဇေယျာထွန်း တို့ ရှစ်ဦးဖြစ်ကာ တစ်ဦးသည် ပန်နန်းဒင် ကျေးရွာတွင် ကျန်ရှိခဲ့ပြီး ၅ဦးသည် Base Camp တွင် ကျန် ရှိကာ နှစ်ဦးသာ ခါကာဘိုရာဇီတောင် ထိပ်သို့ တက်ရောက်ရန်ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ပျောက်ဆုံးနေသည့် တောင် တက်သမားနှစ်ဦးကို ဦးဆောင်ရှာ ဖွေကယ်ဆယ်ရေး လုပ်ကိုင်နေသည့် လုပ်ငန်းရှင်ကြီး ဦးတေဇသည် မ ဒွယ်ရေခဲတောင်ပေါ်တွင် ရဟတ် ယာဉ်ပျက်ကျမှုကြောင့် ပျောက်ဆုံး ခဲ့ရာမှ ပြန်လည်ရှာဖွေ ကယ်ဆယ် ခဲ့ရသူဖြစ်သည်။

MMA,AYM
Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List