Friday, September 12, 2014

အူရီးဒူးဆင်းမ်ကတ် ရန်ကုန်တိုင်း မြို့နယ် နှစ်ဆယ်ခန့်တွင်သာ သုံးစွဲနိုင်



အူရီးဒူး၏ လက်ရှိချဲ့ ထွင်ထားသည့် မိုဘိုင်းကွန်ရက်အ ရ ၎င်းတို့၏ ဆင်းမ်ကတ်များကိုရန် ကုန်တိုင်းဧရိယာအတွင်းရှိ မြို့ နယ်နှစ်ဆယ်ကျော်တွင်သာ အသုံးပြုနိုင်သေးကြောင်း အူရီးဒူးမြန်မာမှ သတင်းရရှိသည်။ ရန်ကုန်တိုင်းအတွင်း မြို့ နယ်ပေါင်း ၄၅မြို့နယ်ရှိသည့်အ နက် လက်ရှိအခြေအနေအရ မြို့ နယ်အားလုံး၏ ထက်ဝက်ခန့်တွင်သာ အသုံးပြုနိုင် ဦးမည်ဖြစ်သည်။
‘‘အူရီးဒူးအနေနဲ့ ဈေးကွက်စ တင်မိတ်ဆက်ပြီး လေးပတ်အ တွင်းမှာ ရန်ကုန်မြို့ရဲ့ ကွန်ရက် ကောင်းမွန်လာအောင်လို့ တာဝါ တိုင်အများစုကိုတည်ဆောက်နေ ပါတယ်။ လက်ရှိမှာ ရန်ကုန်က မြို့နယ်အားလုံးရဲ့ တစ်ဝက်ကျော် လောက်မှာ သုံးလို့ရနေပါပြီ’’ဟု အူရီးဒူးမြန်မာမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး မန်နေဂျာ ဒေါ်သီရိကြာညိုကပြောသည်။

အူရီးဒူး၏ မိုဘိုင်းကွန်ရက် သည် ဈေးကွက်စတင်မိတ်ဆက် သည့်အချိန်မှ လက်ရှိအချိန်ထိ ရန်ကုန်မြို့ရှိ နေရာအများစုတွင် လိုင်းမမိသည့် ပြဿနာများနှင့် ကြုံတွေ့နေရ၍အသုံးပြုသူများ၏ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီးလက်ရှိတွင် မိုဘိုင်းကွန်ရက်မမိသည့်နေရာများကို လေ့လာမှုများပြုလုပ်ပြီး ကွန်ရက်ချဲ့ထွင်မှုများဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

‘‘လေးပတ်အတွင်း ရန်ကုန် မှာ တာဝါတိုင်တစ်ရာလောက် ထပ်ဆောက်ပြီးသွားပါပြီ။ ကမ္ဘာ အေးဘုရားလမ်းနဲ့ အင်းလျား ကန် တစ်ဝိုက်မှာ လိုင်းမမိတြဲ့ပဿနာ ကိုလည်းဖြေရှင်းသွားဖို့လုပ်နေပါ တယ်။ ရန်ကုန်မြို့ရဲ့ ကွန်ရက်ကို မကြာခင်လပိုင်း အတွင်းမှာလွှမ်း ခြုံဖို့အတွက်လည်း လုပ်နေပါ တယ်’’ဟု ဒေါ်သီရိကြာညိုကပြောသည်။

အူရီးဒူးအနေဖြင့် ၎င်းတို့၏ဆင်းမ်ကတ်များကို ဈေးကွက်စတင်မိတ်ဆက်သည့်အချိန်မှ လက်ရှိအချိန်ထိ ဆင်းမ်ကတ်ပေါင်း တစ်သန်းကျော်ရောင်းချခဲ့ပြီးဖြစ် ကြောင်းသတင်းရရှိသည်။


7Day Daily

No comments:

Post a Comment

My Blog List