Friday, September 12, 2014

တရုတ်က ၂ဝ၁၆ ခုနှစ်တွင် ၄င်းတို့၏ဒုတိယမြောက် အာကာသလက်တွေ့ စမ်းသပ်ခန်းကို လွှတ်တင်မည်ဟုဆို


တရုတ်နိုင်ငံက လာမည့်နှစ်နှစ် အတွင်း ¤င်းတို့၏ဒုတိယမြောက် အာကာသပတ်လမ်းတွင်း လှည့်ပတ် မည့် လက်တွေ့စမ်းသပ်ခန်းကို လွှတ်တင်မည်ဖြစ်ကြောင်း ထိပ်တန်းအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြား ခဲ့သည်။ တရုတ်နိုင်ငံ၏ ပထမဆုံးအာကာသတွင်းသို့ သွား ရောက်ခဲ့သည့် အာကာသယာဉ်မှူး ယန်လီဝိုင် က ပေကျင်းတွင်ပြုလုပ်ခဲ့သည့် အာကာသစူးစမ်းလေ့လာရေးအဖွဲ့အစည်း (ASE) ၏ကွန်ဂရက်တွင် ထိုသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယန်လီဝိုင်သည် လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၏လူလိုက်ပါသော အာကာသအစီအစဉ်၏ ဒုတိယဒါရိုက် တာအဖြစ် ဆောင်ရွက်နေသူလည်းဖြစ်သည်။

''အာကာသလက်တွေ့စမ်းသပ် ခန်း Tiangong-2 အား ၂ဝ၁၆ ခုနှစ်တွင် လွှတ်တင်မည်ဖြစ်ပြီး ယင်းနှင့် ချိတ်ဆက်ဆောင်ရွက်ရန် Shenzhou-11 နှင့် Tianzhou -1 တို့ကို ၂ဝ၁၆ နောက်ပိုင်းတွင် ထပ်မံစေလွှတ် မည်ဟုလည်း ယင်းက ပြောခဲ့သည်။

မြို့တော်ပေကျင်းတွင် ပြုလုပ် ခဲ့သည့် ASE ၏ နှစ်စဉ်အစည်းအ ဝေးသည် တရုတ်နိုင်ငံ၏ ပထမဆုံး အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အစည်းအဝေးဖြစ်ပြီး နိုင်ငံပေါင်း ၁၈ နိုင်ငံမှ အာကာသယာဉ်မှူး ၁ဝဝ ကျော်တက်ရောက်ခဲ့သည်။ 

ထို့အပြင် ယန်ကလာမည့် ၂ဝ၁၈ ခုနှစ်တွင် စမ်းသပ်အာကာသ စခန်း၏ အရေးပါသောအစိတ်အပိုင်း ကို လွှတ်တင်နိုင်ရန် တရုတ်နိုင်ငံက စီစဉ်နေကြောင်းနှင့် တရုတ်မှလွှတ် တင်မည့် အာကာသစခန်းအားတည် ဆောက်နေခြင်းသည် ၂ဝ၂၂ ခုနှစ် နီးပါးတွင် ပြီးဆုံးလိမ့်မည်ဟုဆိုသည်။ 

၂ဝ၂၂ ခုနှစ်သည် တရုတ်၏ပြိုင် ဘက်ဖြစ်လာမည့် အမေရိကန်၊ ရုရှား၊ ဂျပန်၊ ကနေဒါနှင့်ဥရောပတို့မှ ပူး ပေါင်းလွှတ်တင်ထားသည့် နိုင်ငံတကာ အာကာသစခန်း၏ သက်တမ်းကုန်ဆုံးမည့်အချိန်နှင့်လည်း တိုက် ဆိုင်နေ သည်။ 

Ref; AFP
Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List