Thursday, September 11, 2014

Sexy Party အဖြစ် နာမည်ကြီးနေသည့် Dance For Life Party ပွဲသည် အဖော်အချွတ်ပွဲမျိုး မဟုတ်ဟုဆို


Sexy ပါတီအဖြစ် နာမည်ကြီးနေသည့် ဒီဂျေဂျပန်ဦးစီးသည့် Dance For Life Party ပွဲနှင့်ပတ်သက်ပြီး ပရိသတ်အထင်လွဲနေသောပွဲမျိုးမဟုတ် ကြောင်း မော်ဒယ်ဇွန်သဉ္ဇာက ရန်ကုန်တိုင်းမ်သို့ ပြောသည်။

အောက်တိုဘာ ၃ ရက်တွင် ရန်ကုန်မြို့ရှိ ကလပ်တစ်ခုခု ၌ပြုလုပ်မည် ဟု ကြော် ငြာထားသည့် ၄င်းပါတီပွဲကို ယခင်သတ်မှတ်ထားသော GTR 2 ကလပ်၌ ပြုလုပ်မည်မှာ မသေချာတော့ဟု ဇွန်သဉ္ဇာ ကပြောသည်။

ဇွန်သဉ္ဇာက ''ဒီပွဲကို တချို့ကဝေဖန်ကြလိမ့်မယ်။ ဒါပေမဲ့ ဒါကဘာမှထူးခြား တဲ့ပွဲမျိုးတော့မဟုတ်ပါဘူး။ ဇွန်တို့ဓာတ်ပုံတွေကြောင့် ဘာများလဲ ဆိုပြီး ဖြစ်သွားကြတာ ပါ။ ဇွန်တို့ကလဲ ဧည့်သည် အနေနဲ့ပဲစင်ပေါ်မှာ Sexy ပုံစံရိုးရိုးပဲ ကပြမယ်။ ဘာမှသိပ် ထူးထူးခြားခြား ကြီးတော့မရှိပါဘူး။ 

ဇွန်ကတော့ သဘောကျတယ်။ တစ်ခါတလေ ကကြမယ် ပျော်ကြမယ်ဆိုတာ အရမ်းစိတ်ပင်ပန်းနေတဲ့အချိန် မှာ စိတ်ထွက်ပေါက် တစ်ခုအနေနဲ့တော့ ကောင်းပါတယ်'' ဟု ပြောပါသည်။

အဆိုပါပွဲမှရရှိလာမည့်အကျိုးအမြတ်များကိုလည်း အေ့စ်ရောဂါဝေဒနာရှင်များအား ကူညီပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းများကို အမှန်တကယ်လှူဒါန်းသွားမည် ဖြစ်ပြီး အများသူငါ ထင်ကြေးပေးနေကြသည့် အဖော်အချွတ်ပါတီပွဲမျိုးမဟုတ် ကြောင်းကို ပွဲစီစဉ်သီူဲ DJ Japan ကလည်း ပြောပါသည်။

DJ Japan က ''ကျွန်တော်တို့ အစီအစဉ်က Celebrity Guest တွေနဲ့ ဒီပွဲမှာစီစဉ်သူတွေအားလုံးက သူတို့ဝတ်စားဆင်ယင်မှုကို Dance For Life တံဆိပ်ပါတဲ့ တီရှပ်နဲ့ပဲလာကြမှာပါ။ အားလုံးက အဲဒီတီရှပ်နဲ့ပဲ လာရမှာပါ။ ဧည့်သည်တွေကတော့အပြင်ဝတ်စုံပေါ့။ အကယ်၍အဖော်အချွတ်တစ်စုံတစ် ရာလုပ်ခဲ့ရင် ဆွဲထုတ်သွားမှာပါ။ ကျွန်တော်တို့ အာမခံပါတယ်။ ဒီပွဲကရိုးရိုး ပါတီပွဲမျိုးပါပဲ။ ပြီးတော့ အေ့စ်ဝေဒနာရှင်တွေ အတွက် လှူဒါန်းချင်တယ် ဆိုရင်လဲ ကျွန်တော်တို့က အလှူငွေကောက်ပေးမယ်။ ပြီးတော့ရတဲ့အကျိုး အမြတ်တွေ ကိုလဲ လှူပေးသွားမှာပါ'' ဟု ပြောသည်။

Dance For Life Party ကို အောက်တိုဘာ ၃ ရက်တွင် ကျင်းပ သွားမည်ဖြစ်ပြီး ကြိုတင်လက်မှတ်များကို ငွေကျပ် ၇ဝဝဝ နှင့် ဝယ် ယူနိုင်ကြောင်းသိရပါသည်။

TheYangonTimes
YMG

No comments:

Post a Comment

My Blog List