Friday, September 12, 2014

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နုတ်ထွက်ခဲ့ရင် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာမလဲ



သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံမှုဟာ – အကြိမ်ကြိမ် တွေ့ဆုံမှုမှာ သဘောတူညီချက်တွေယူပြီး သမ္မတ ဘက်က ကတိက၀တ်တွေ ပျက်ကွက်ခဲ့မှုရှိနိုင် နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နဲ့ ရင်းနှီးမှုထူထောင်ပြီး – သူရဦးရွှေမန်းဟာ လက်တွေ့ မှာတော့ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော် နည်း၊ လွှတ် တော်ဟန်နဲ့ ၂၀၀၈ အခြေခံဥပဒေကို ပါးနပ်စွာ ကာကွယ်စောင့်ရှောက်နေ . . .
၂၀၁၅ မြန်မာ့နိုင်ငံရေး အပြောင်းအလဲဟာ လက်ရှိ ၂၀၁၄အခင်းအကျင်း ပုံဖော်မှုပေါ် မူတည်လို့ ၂၀၁၄ ဟာ မြန်မာ့နိုင် ငံရေး အပြောင်းအလဲအတွက် လွန်စွာအရေးကြီးပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။ အရပ်သား တစ်ပိုင်း အစိုးရအမည်ခံ ဦးသိန်းစိန်အစိုးရဟာ ၂၀၁၁ကစပြီး ဒီမိုကရေစီအသွင် ကူး ပြောင်းမှုကို ဖြေလျှော့မှုများစွာနဲ့ စတင်ခဲ့ပြီး နိုင်ငံတကာမှာ မျက်နှာပန်းလှအောင် လုပ်ဆောင်ပြခဲ့ပါတယ်။ ဦးသိန်းစိန် နိုဘယ်ဆု ရနိုင်ခြေရှိတယ်လို့ သတင်းတချို့ပျံ့နှံ့လာ စေတဲ့အထိ အစိုးသက်တမ်း ကနဦးနှစ်တွေ မှာ ဖြေလျှော့မှု တချို့ကို ပြု လုပ်ခဲ့ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်ကလွှတ်ပေးခဲ့ပြီး ကြားဖြတ်ရွေးကောက် ပွဲတစ်ခုဖန်တီးလို့ ဒေါ်အောင် ဆန်းစုကြည် ကို လွှတ်တော်ထဲ ရောက်အောင် ပို့ဆောင် နိုင်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေး ပြီး နိုင်ငံရေးရပ်ဝန်းထဲ ဆွဲသွင်းခဲ့ တယ်။ မြစ်ဆုံစီမံ ကိန်းကို လက်ရှိအစိုးရ သက်တမ်းမှာ ရပ်ဆိုင်းထား မယ်လို့ တိုင်းပြည် ကို ကြေညာ ပြီး ပြည်သူ့ထောက်ခံမှု ကို သမ္မတ က ရအောင်ယူပြခဲ့ တယ်။ နောက်စာပေစိ စစ်ရေး ဖျက်သိမ်းပြီး သတင်းစာ၊ ဂျာနယ်တွေမှာ အထိုက် အလျောက် လွတ်လပ်ခွင့်ရှိ စွာ ရေးသားနိုင်ေ အာင်ခွင့် ပြုပေးခဲ့တယ်။ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခွင့်တွေ ခွင့်ပြုပေးခဲ့ပြီး လူထုအသံ ကို ဖော်ထုတ် ခွင့်ပြုခဲ့တယ်။…

ဒီဖြေလျှော့မှုတွေနဲ့ ပတ်သက်လို့ မေးစရာရှိတာက အစိုးရဟာ ပြုပြင်ပြောင်းလဲ လိုစိတ် အမှန်တကယ် ထက်သန်ပြီး စိတ်ရင်းစေတနာ ကောင်းကောင်းနဲ့ ဖြေလျှော့မှု တွေကိုခွင့်ပြုပေးခဲ့တာလား။ မဟုတ်ပါဘူး။ ၁၉၉၃ ညောင်နှစ်ပင် ညီလာခံကတည်းက ကြိုတင်ကြံစည် ဗျူဟာချထားချက်အရ ၂၀၁၀မှာ လက်ရှိစစ်တစ်ပိုင်း အစိုးရတက် လာရင် ဖြေလျှော့မှုလမ်းစဉ် (Political Liberalization) နဲ့၂၀၁၂ဆီကို ချီတက်မယ် လို့ဗျူဟာ ချထားခဲ့လို့ပါ။ ဖြေလျှော့မှုလမ်းစဉ်ရဲ့ မူအရ အထက်ပါဖြေ လျှော့မှုများဟာ မဖြစ်မနေပြုလုပ်ရမှာပဲ ဖြစ်ပါ တယ်။ “မူ”အရ ဖြေလျှော့တာ ဖြစ်ပြီး “လူ”အရ ဖြေလျှော့ပေးတာတော့ မဟုတ်ပါဘူး။

စိတ်ရင်းစေတနာ မှန်ကန်စွာနဲ့ ဖြေ လျှော့မှုတွေ စတင်ခဲ့တာ မဟုတ်ပါဘူး။ သဘောကောင်းလို့ ပြောင်းတာ မဟုတ်ပါဘူး။ ပြောင်းမှဖြစ်တော့မယ်ဆိုလို့ ဘောင်းဘီချွတ် ပုဆိုးပြောင်းဝတ်ပြီး ဖြေလျှော့မှုေ တွ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ကြောင်ချေးကို ပြာနဲ့အုပ်ထားတဲ့ ခေတ်တစ်ခုကို ကျွန်တော်တို့နဲ့မိတ်ဆက် ပေးခဲ့တာပါ။ အရင် စစ်အာဏာ ရှင်ခေတ်ကလို အနံ့က သိပ်မထွက်တော့ပေမယ့် လက်ရှိ ၂၀၁၄ရောက်ချိန်မှာတော့ ကြောင်ချေးပေါ်က ပြာ မှုန့်တွေ လွင့်ပြယ်စပြုပြီး အနံ့တလှိုင်လှိုင်ပြန်ထွက်လာတာကို တွေ့ရပါတယ် ““အာဏာရှင်အသွင်သစ် အရပ် သားတစ်ပိုင်းအစိုးရ””ဆိုတဲ့ အမည်နာမ သစ်တစ်ခုနဲ့ အာဏာရှင်ခေတ်အငွေ့ အသက်တွေ ပြန်လည် လွှမ်းခြုံ လာတာကို တွေ့ရပါတယ်။ ကြောင်ချေးက ကြောင်ချေး ပါပဲဆိုတာ ပြည်သူတွေ မျက်ဝါးထင်ထင် သိလိုက်ရတဲ့ လက်ရှိနိုင်ငံရေးအခင်း အကျင်းမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရ လွှတ်တော်၊ တပ်မတော်တို့နဲ့ ဗျူဟာ ခင်းကျင်းရာမှာ ဘယ်လို အကျိုးသက်ရောက် မှုတွေ ရှိခဲ့လဲဆိုတာ လေ့လာတင်ပြချင်ပါတယ်။

၂၀၁၂မှာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်လာပါတယ်။ သမ္မတနဲ့ ထိတွေ့ဖို့ကြိုးစားတယ်။ အကြိမ် ကြိမ် တံခါးပိတ်တွေ့ဆုံပြီး တွေ့ဆုံမှုတွေကို သတင်းမထုတ်ပြန်ပါဘူး။ အဲဒီကာလတွေမှာ ဒေါ်အောင်ဆန်းစု ကြည်ဟာ အတိုက်အခံအဖြစ် ပြည်တွင်းမှာ ရုပ်လုံးမပေါ်ဘဲ နိုင်ငံရပ်ခြားတိုင်းပြည်များကို အလည်အပတ် ရောက်တဲ့ အချိန်တွေမှာ အစိုးရပိုင်းကို ဝေဖန်မှုတွေပြုလုပ်လို့ အဝေးရောက် အတိုက်အခံလိုဖြစ် နေပါတယ်။ ဒါဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ မှုတွေရဲ့ အကျိုးဆက် တွေလို့ယူဆလို့ရပါတယ်။ သမ္မတနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ရဲ့ တွေ့ဆုံမှုဟာ Dialouge လား၊ Negotiation လား၊ အလ္လာပ၊ သလ္လာပ စကားပြောကြရုံ သက် သက်လား ဆိုတာလည်း ပြည်သူတွေနဲ့ ပညာရှင်တွေ သိခွင့်မရခဲ့ပါဘူး။ နောက်ပိုင်း ဒေါ်အောင် ဆန်းစုကြည် ဟာ လူထု ဟာပြောပွဲတွေမှာ အုပ်ချုပ်ရေးပိုင်းနဲ့ စစ်တပ်ကို ဝေဖန်မှုတွေ ပြင်းထန်လာတာကို တွေ့ရပါတယ်။

သမ္မတနဲ့ အကြိမ်ကြိမ် တွေ့ဆုံမှုမှာ သဘောတူညီချက်တွေ ယူပြီး သမ္မတဘက်က ကတိက၀တ်တွေ ပျက်ကွက်ခဲ့မှုရှိနိုင် တယ်လို့ နိုင်ငံရေးရပ်ဝန်းက သုံးသပ်ပါတယ်။ နောက်ပိုင်း ဒေါ်အောင်ဆန်း စုကြည်ဟာ လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ရင်းနှီးမှု ထူထောင်ပြီး တွေ့ဆုံစကားပြောဆိုမှု အကြိမ်ကြိမ်ပြုလုပ်ပါတယ်။ သူရ ဦးရွှေမန်းဟာ သမ္မတလောင်းအဖြစ် အတိအလင်းကြေညာထား သူ ဖြစ်တဲ့အတွက် ပြည်သူ့သည်း ခြေကြိုက် စကားလုံးတွေကို မကြာခဏ ပြောဆိုတတ်သူဖြစ် ပါတယ် ဥပမာ ““ပြည်သူတွေဆန္ဒရှိရင် အခြေခံဥပဒေကို ပြင်ပေးရမှာပေါ့”” ဆိုတာမျိုးနဲ့ ““ပြည်သူ့ အသံ၊ လွှတ်တော် အသံ””ဆိုတဲ့ ဆောင်ပုဒ် ကိုတီထွင်ပြီး ပြည်သူ ကြိုက်တဲ့ စကားတွေကို အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။ 



ဒါပေမဲ့ သူရဦးရွှေမန်းဟာ လက်တွေ့မှာတော့ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်နည်း၊ လွှတ်တော် ဟန်နဲ့ ၂၀၀၈ အခြေခံဥပဒေကို ပါး နပ်စွာ ကာကွယ်စောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈မျိုးဆက် ပွင့်/လင်း အဖွဲ့တို့ ပူးပေါင်းပြီး ၄၃၆ ပြင်ဆင်ရေး လူထုလှုပ်ရှားမှု ပေါ်လာတာနဲ့ အချိန်ကိုက်ဆိုသလို ၃၁ဦးပါ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီကို အလျင်အမြန်ဖွဲ့ စည်းခဲ့ပြီး ကော်မတီထဲမှာ ကြံ့ခိုင်ရေးနဲ့တပ် ကိုယ်စား လှယ်အများစုကို ထည့်ထားခဲ့တယ်။ NLD ကတော့ ၂ဦးသာပါပါတယ်။ ပြီး တော့ ၅၉(စ)အပါအ၀င် တပ်မတော် ကို အကာအကွယ်ပေးထားတဲ့ ပုဒ်မများမပြင်ဆင်ရေး အကြံပြုချက်ပေါင်းတစ်သိန်းကျော် လက်ခံရရှိခဲ့ တယ်လို့ ဆိုပါတယ်။ အဲဒီလက်မှတ် တစ်သိန်းကျော် ဘယ်ကရပြီး ဘယ်လို စုဆောင်းခဲ့တယ်ဆိုတာတော့ ဘယ်သူမှ မသိပါဘူး။ ကြံ့ခိုင်ရေးက ဦးဆောင်စုဆောင်းခဲ့တယ်လို့ နိုင်ငံရေးရပ်ဝန်းက သုံးသပ်ပြောဆိုကြတယ်။ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင်ရဲ့၂၀၁၃ ဇန်န၀ါရီ ၃၁ ရက် နေ့စွဲနဲ့ လွှတ်တော်မှာ ဖတ်ကြားတဲ့ သုံးသပ်ချက် အစီရင်ခံစာမှာ ဒီအကြံပြု လက်မှတ်တစ်သိန်းကျော် ပေးပို့ထားတယ်လို့ ပါရှိခဲ့တာပါ။ ၂၀၁၄ ဇူလိုင် ၁၉မှာ ပြီးသွားတဲ့ NLD နဲ့ ၈၈ တို့ဦးဆောင် တဲ့ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေးထိုး လှုပ်ရှားမှုကရရှိ လာ တဲ့ ပြည်သူ့ဆန္ဒ လက်မှတ်ငါးသန်းကျော်ကိုတော့ ဖွဲ့စည်းပုံ လေ့လာ သုံးသပ်ရေး ကော်မရှင်အပေါ်မှာ သက် ရောက်မှုမရှိဘူးလို့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောဆိုခဲ့ပါတယ်။ NLD နဲ့ ၈၈ ပူးပေါင်းဦးဆောင်တဲ့ ၄၃၆ ပြင်ဆင်ရေး ပြည်သူ့ဆန္ဒလက်မှတ် ငါးသန်းကျော်ကို လွှတ်တော်ကော်မရှင်က အသိအမှတ်မပြု ဘူးလို့ ဆိုလိုလိုက်တာပါ။ ၅၉(စ)နဲ့ တပ်ပိုင်းဆိုင်ရာ အာဏာချုပ်ကိုင်မှုနဲ့ဆိုင်တဲ့ ပုဒ်မတွေ မပြင်ဖို့လက် မှတ်တစ်သိန်း ကျော်ကိုတော့ လွှတ်တော်က အစီရင်ခံစာအနေနဲ့ လက်ခံ ဖတ်ကြားပေးခဲ့ပေမယ့် ပြည်သူ့ဆန္ဒလက်မှတ် ငါးသန်းကျော်ကို ကော်မရှင်က အသိအမှတ်မပြုဘူးဆိုတာဟာ ပြည်သူ့ အသံကို အသိအမှတ်မပြုတာပါပဲ။ ဒါဆို ရင် ““ပြည်သူ့အသံ လွှတ်တော်အသံ””ဆိုတဲ့ ဆောင်ပုဒ်ကို လွှတ်တော်ဥက္ကဋ္ဌကြီး အနေနဲ့ ပြန်လည် ပြင်ဆင်သင့်ပါတယ်။ ““ပြည်သူ့အသံ လွှတ်တော်လက်မခံ”” ဖြစ်နေလို့ပါပဲ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရပ်တည်ချက်ကတော့ ရှင်းလင်းပြတ်သားပါတယ်။ အခြေခံဥပဒေ ပြင်ချင်ရင် အခန်း (၁၂)ပါ ပြဋ္ဌာန်းချက်တွေအတိုင်း ပြင်ကြရမယ်လို့ ပြောဆိုပါတယ်။ ဒါဟာပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့ တပ်မတော်အနေနဲ့ မထောက် ခံတဲ့ သဘောပဲဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ဟာ လွှတ်တော်တွင်းမှာ တပ်မတော်နဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးစားတဲ့အပြင် တပ်မတော်နေ့ အခမ်းအနားကိုတောင်တက် ရောက်ပြီး တပ်မတော်ခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့

ဆက်ဆံရေးထူထောင်ဖို့ ကြိုးစားပါ တယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ဗျူဟာဟာ မအောင်မြင်ခဲ့ပါဘူး။ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ကာချုပ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်တဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှုကိုလည်း သမ္မတနဲ့ ကာ/ချုပ်တို့က ငြင်းပယ်တဲ့ သဘောမျိုးပါတဲ့ အကြောင်းပြချက်တွေနဲ့ ပယ်ချခဲ့ပါတယ်။ ဒါကြောင့်ပဲ မြန်မာ့ နိုင်ငံရေးအကျပ်အတည်းရဲ့ ထွက်ပေါက်ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ဟာ ဒီနေ့ထိတော့ အလှမ်းဝေးနေဆဲပဲ ဖြစ်ပါတယ်။ လွှတ်တော် တွင်းမှာအလုပ် မဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ပြင်ပ လူထုလှုပ်ရှားမှုတွေကို အရှိန်မြှင့်ပြီး လုပ်ဆောင်လာသလို နိုင်ငံတကာ ဖိအားယူတဲ့ ဗျူဟာကိုလည်း တိုးမြှင့်လုပ် ဆောင်လာတာကို တွေ့ရ

ပါတယ်။ 

ဒီဗျူဟာ နှစ်ရပ်အလုပ်ဖြစ် မဖြစ်ကို ကံသေကံမ မပြောနိုင်ပေမယ့်လွှတ်တော်တွင်း လှုပ်ရှားမှုယူခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဗျူဟာကတော့ မထိရောက်ခဲ့ဘူးလို့ သုံးသပ်နိုင်ပါတယ်။ (၁) ၅၉(စ)၊ ၄၃၆ ပြင်ဆင်ရေး မသေချာတော့ဘူး
ဆိုရင်(၂)ပြီးတော့ လွှတ်တော်ပြင်ပ လူထုလှုပ်ရှားမှုအားနဲ့ နိုင်ငံတကာ ဖိအားကိုသာ ထိထိရောက်ရောက်ယူတဲ့ ဗျူဟာသာ ချမှတ်ထားတယ်ဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ်က နုတ်ထွက်ပြီး ပါတီ ကျစ်လျစ် ခိုင်မာဖို့နဲ့ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းပေါ်ပေါက်အောင် လွှတ်တော်ပြင်ပကနေ အင်အားစုစည်း ဖိအားပေးနေတဲ့ ဗျူဟာတစ်ရပ်ကို ခိုင်ခိုင်မာမာတည်ဆောက်သွားရင် ဘယ်လိုအကျိုး သက်ရောက်မှုတွေ ရှိလာမလဲဆိုတာ ပညာရှင် တွေလေ့လာ သုံးသပ်သင့်ပါတယ်။ 

လွှတ်တော် ပြင်ပဖိအားပေးတဲ့ ဗျူဟာရဲ့ ရည်ရွယ်ချက်ကတော့ တွေ့ဆုံညှိနှိုင်းစားပွဲဝိုင်း ပေါ်ပေါက်ရေးကိုသာ အဓိက 


ဦးတည်ထားသင့်တယ်လို့ သုံးသပ် ရမှာပဲဖြစ်ပါတယ်။

Myanmartandawsint Newspaper

No comments:

Post a Comment

My Blog List