Wednesday, September 10, 2014

ပြည်တွင်းတွင် ဆိုက်ဘာလုံခြုံရေး ဆောင်ရွက်ထားမှု ၂၀ ရာခိုင်နှုန်း အထိသာရှိဟု ဆို


မြန်မာနိုင်ငံတွင် e-Government အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အရှိန်မြှင့် ဆောင်ရွက် လျက်ရှိပြီး နိုင်ငံ၏ ဆိုက်ဘာလုံခြုံရေးအတွက် ဆောင်ရွက်မှုသည် ၂၀ ရာခိုင်နှုန်း ခန့်သာရှိသည်ဟု ရန်ကုန် တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း နည်းပညာကော်မတီဥက္ကဋ္ဌ ဦးရဲကျော်သိန်းက မဇ္ဈိမကို  ပြော သည်။

ဦးရဲကျော်သိန်းက “ eGovernment အတွက် လုပ်နေတဲ့အထဲမှာ ဆိုက်ဘာ လုံခြုံရေးအတွက် လုပ်နေ တာက ၂၀ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ အားရစရာတော့ မရှိသေးပါဘူး” ဟု ဆိုသည်။

နိုင်ငံတော်သမ္မတက လ ၂၀ အတွင်း e-Government အကောင်အထည် ဖော်ဆောင်ရွက်ရန် လမ်းညွှန် ချက်ချမှတ်ခဲ့ပြီး နောက် ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သတ်ပြီး လုပ်ဆောင်ရန်လိုအပ်သည်များကို တင်ပြ ထားခြင်း ရှိသည်ဟု ဦးရဲကျော်သိန်းက ဆိုသည်။ သို့သော်လည်း လ ၂၀ အတွင်းပြီးစီးနိုင်မည့် လုပ်ငန်းစဉ် များ ရွေးချယ် လုပ်ဆောင်ရာတွင် ဆိုင်ဘာ လုံခြုံရေးနှင့်ပတ်သက်၍ ပါဝင်ခြင်းမရှိနိုင်သေးဟုလည်း ၄င်းက ဆိုသည်။

၎င်းက “ e-Government လုပ်ဖို့ဆိုရင် လိုအပ်တဲ့ ဆိုက်ဘာလုံခြုံရေး လုပ်ငန်းတွေကို တင်ပြထားတာ တော့ ရှိတယ်။ လ ၂၀ အတွင်း လုပ်မယ့်ထဲ မှာတော့ ပါဦးမှာမဟုတ်ပါဘူး” ဟုဆိုသည်။

ဆက်လက်ပြီး ၎င်းက “ လက်ရှိဒီစနစ်ကို အသုံးပြုမယ့် ၀န်ထမ်းတွေကို ဘယ်လိုတွေ လုပ်ဆောင်ရမလဲဆို တာလည်း အသိပညာပေးလုပ်ရမယ်။ Password မေ့မှာစိုးလို့  ခုံမှာရေးမှတ်ထားတာမျိုးတွေ ကျတော့ အဆင်မပြေဘူး” ဟု ၎င်း၏အတွေ့အကြုံကို ပြောသည်။

ဆိုက်ဘာတိုက်ခိုက်မှုများတွင်  နိုင်ငံအဆင့် ဆုံးရှုံးမှုမဖြစ်စေရန် ဆိုက်ဘာ လုံခြုံရေးကို အလေးထားဆောင် ရွက်ရန် လိုအပ်သည်ဟုလည်း ပညာရှင်များက သုံးသပ်ကြသည်။ ပြည်တွင်း ဝန်ကြီးဌာန ၀က်ဘ်ဆိုက် များသည် ဆိုက်ဘာတိုက်ခိုက်မှုများကြောင့် ထိခိုက်မှုများ မကြာခဏ ရှိနေသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List