Monday, March 02, 2015

မတ် ၁၆ ရက် ဆွေးနွေးပွဲမှာ ပုံသဏ္ဍာန် ပြောင်းရန် သဘောတူ


ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ မတ်လ ၁၆ ရက်နေ့မှာ NCCT ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ  ဆွေးနွေးပွဲပုံသဏ္ဍာန် ပြောင်းပြီး ဆွေးနွေးသွား မှာဖြစ်ပြီး ဆွေးနွေးမည့် အကြောင်းအရာတွေကို   နှစ်ဖက် သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
NCCT ခေါင်းဆောင်တွေနဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC က အလုပ်အဖွဲ့ ကိုယ်စားလှယ်တွေ ဒီနေ့ နေ့လည်ပိုင်းက နှစ်နာရီနီးပါး တွေ့ဆုံဆွေးနွေးခဲ့ ပြီးနောက် နှစ်ဖက်သဘောတူခဲ့ကြတာ ဖြစ်တယ်လို့ NCCT ဒုတိယ-အဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ် ဂွမ်မော် က ပြောပါတယ်။

“ဟို အရင် ကျနော်တို့ အစည်းဝေးတွေက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချူပ် မူကြမ်းကို အခန်း ၁ ကနေစပြီး တောက်လျှောက်သွားတဲ့ ပုံစံမျိုးပေါ့လေ ဒါပေမယ့် ဒီတစ်ခေါက်ကြတော့ အဲ့လိုမျိုး မဟုတ်ပဲနဲ့ ဒီ ကျနော်တို့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချူပ်မှာ ကျနော်တို့ မပြီးပြတ်သေး တဲ့အပိုင်းတွေပေါ့ ဥပမာ ဒီ ကုတ်အော်ဖ်ကွန်တက် တို့ ဂျေအမ်စီ တို့ စသည်ဖြင့်ပေါ့ တပ်ပိုင်းဆိုင်ရာ ကိစ္စများကို သီးခြားခေါင်းစဉ်တခု အနေ နဲ့ ဆွေးနွေးမယ် အဲ့ဒါ ပြီးမှပဲ ဒီဟာကို ကျနော်တို့ရဲ့ တက်စ်လိုင်းကို ပြန်ပြီးမှ အချောရေးမယ် ဆိုတဲ့ သဘောတွေပါ နောက်တခုကတော့ ဒီ အခု ကျနော်တို့ လက်တလောဖြစ်နေတဲ့ တိုက်ပွဲတွေ ကိစ္စပါ ဒီတိုက် ပွဲတွေ ဘယ်လို လျှော့ချမလဲ ဘယ်လိုလုပ် တိုက်ပွဲတွေ လုံးဝပပျောက်သွားတဲ့အထိ ဘယ်လိုကြိုးစား ကြမလဲ ဆိုတဲ့ အပိုင်းကို သီးသန့် ခေါင်းစဉ်တခုအနေနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ "

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာကျင်းပမည့် ခုနှစ်ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးက ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးမှာ ဖြစ်ပြီး NCCT အဖွဲ့ က ခေါင်းဆောင်သုံးဦးဖြစ်တဲ့ ဦးနိုင်ဟံသာ၊ ဖဒို ကွယ်ထူးဝင်း၊ ဗိုလ်ချူပ် ဂွမ်မော် တို့လည်း တက်ရောက်ကြ မှာ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

သုံးရက်ကြာ ဆွေးနွေးမှုအပြီး နှစ်ဖက်ခေါင်းဆောင်တွေအနေနဲ့ ဆွေးနွေးပွဲကျင်းပမည့် ပုံသဏ္ဍာန်၊   အာဂျင် ဒါ စတာ တွေနဲ့ ပတ်သက်ပြီး ဦးလှမောင်ရွှေ က အခုလို ပြောပါတယ်။

“အခု ခုနှစ်ကြိမ်မြောက် ဆွေးနွေးပွဲသည် ပြည်သူလူထု မျှော်လင့်တဲ့ပေါ့လေ NCA လက်မှတ် ရေးထိုးနိုင် မည့် နောက်ဆုံး ညှိနှိုင်းပွဲ ဖြစ်ဖို့ နှစ်ဖက်လုံး ကတော့ လိုလားတယ်။ အဲသလို နှစ်ဖက်လုံး လိုလားတဲ့အ တွက် နှစ်ဖက်လုံးကတော့ ဘယ်လို အာဂျင်ဒါ ဆွဲမယ် ဘယ်လို ကျင်းပမယ် ဆိုတာ အသေးစိတ်ကိုတော့ ကျနော်တို့ ညှိထားပြီးဖြစ်တယ် ကျနော်တို့ တင်ပြနိုင်တာကတော့ ဒီဆွေးနွေးပွဲ ဒီတစ်ကြိမ်မှာ ပြီးပြတ်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ညှိနှိုင်းတာ ဖြစ်တဲ့အတွက်တော့ နှစ်ဖက်လုံးကတော့ အပြုသဘော ဆောင်တဲ့ အနေ အထားလို့  ပြောလို့ရတယ်။”

UPWC နဲ့ ခုနှစ်ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲအတွက် လေ့လာသူ အသိသက်သေ အဖြစ် တက်ရောက် ဖို့ နိုင်ငံတကာ က မိတ်ဆွေတချို့ကို ဖိတ်ကြားဖို့ရှိပြီး ဒါကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေ ထပ်မံ ဆွေးနွေးပြီး မကြာခင်မှာ MPC ကို အဆိုပြု ပေး ပို့ သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List