Friday, March 06, 2015

ဆန္ဒပြကျောင်းသားများကို ထောက်ခံဆန္ဒပြသည့် လက်ပံတန်းဒေသခံများကို ရဲတပ်ဖွဲ့လိုက်လံဖမ်းဆီး


လက်ပံတန်းရောက် ကျောင်းသားသပိတ်ကို ထောက်ခံဆန္ဒပြခဲ့ကြသည့် လက်ပံတန်း ဒေသခံများအား ခွင့်ပြု ချက်မဲ့ ဆန္ဒထုတ်ဖော်မှုဖြင့် လိုက်လံဖမ်း ဆီးလျက်ရှိသည်။အနည်းဆုံး လူ ၁၁ ဦးကို အဆိုပါဆန္ဒပြမှုဖြင့် တရားစွဲဆိုမည်ဖြစ်ပြီး လက်ရှိအချိန်တွင် သုံးဦးအား ထိန်းသိမ်းထားကာ ကျန်ရှစ်ဦးကို ဆက်လက် ရှာ ဖွေနေကြောင်း လက်ပံတန်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဆန်းမြင့်က ပြောသည်။
ရှေ့မတိုး၊ နောက်မဆုတ်သာ အနေအထားဖြင့် လက်ပံတန်းမြို့တွင် ရက်ရှည်ပိတ်မိနေသည့် သပိတ်မှောက်ကျောင်း သားများ၏ လုပ်ရပ် ကို ထောက်ခံ ကြောင်းနှင့် ပိတ်မိနေ သည့် ကျောင်းသား များနှင့် တွေ့ခွင့်ပေး ရန် ဒေသခံများက မတ်လ ၄ ရက် နေ့လယ်က ဆန္ဒထုတ်ဖော် ခဲ့ကြ ခြင်းဖြစ် သည်။

ဆန္ဒပြခဲ့ကြသည့် ဒေသခံ များကို ကျောင်းသားသပိတ် ထောက်ခံဆန္ဒပွဲအပြီး တစ်ရက် အကြာ မတ်လ ၅ ရက်တွင် စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြပွဲ တွင် ပါဝင်သည်ဟု စွပ်စွဲချက်ဖြင့် အရပ်ဝတ်ရဲအရာ ရှိခြောက်ဦးခန့် သည် ၎င်း၏အမျိုးသားကို နေ့လယ်တွင် လာရောက်ဖမ်းဆီး သွားကြောင်း ထိန်းသိမ်းခံရသူ ဦးနန္ဒစိုး၏ဇနီး ဒေါ်ဇင်မာဝင်းက ပြောသည်။

အရပ်ဝတ်ရဲအရာရှိများက လာရောက်ခေါ်ဆောင်သွားပြီး နောက်ပိုင်းတွင် ၎င်း၏ အမျိုးသား နှင့် အဆက်အ သွယ်ပြတ်တောက် ခဲ့ကြောင်း ဒေါ်ဇင် မာဝင်းက ပြောသည်။

‘‘ရဲစခန်းထဲလည်း အ၀င်မခံ ဘူး။ တံခါးပိတ်ထားတယ်’’ ဟု ၎င်းကပြောသည်။

အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်များ သည် ဆန္ဒပြပွဲတွင် ပါဝင်သည့် သံသယရှိသူများ အား လိုက်လံရှာ ဖွေလျက်ရှိပြီး ၎င်းတို့ကို ရဲစခန်း သို့ လာရောက်အပ်နှံရန် မိသားစု ၀င်များထံ လိုက်လံအကြောင်း ကြားလျက်ရှိကြောင်း ဒေ သခံများ ကပြောသည်။

‘‘ကျွန်းကလေး ကျောင်း သားဆန္ဒပြပွဲမှာ ခင်ဗျားသားပါ တယ်။ ရဲစခန်းလာအပ်ပါလို့ ရဲ တွေကပြောသွား တယ်’’ဟု ရဲတပ် ဖွဲ့က အလိုရှိနေသည့် ကိုမျိုးဆွေ ၏ ဖခင် ဦးပေါက်ကပြောသည်။

ဆန္ဒပြသူများသည် တရား ဥပဒေကို ဖောက်ဖျက်ပြီး ခွင့်ပြု ချက်မဲ့ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း၊ ဆန္ဒပြပွဲတွင် ပါဝင်သူများအား လိုက်လံ ရှာဖွေနေကြောင်း လက် ပံတန်းမြို့မရဲစခန်းမှ ဒုရဲမှူး ဆန်း မြင့်ကပြောသည်။

‘‘ဘယ်သူ့ခွင့်ပြုချက်မှ မယူ ဘဲ သူတို့သဘော၊သူတို့ဆန္ဒနဲ့ ဥပ ဒေပြဋ္ဌာန်းတာကို ဖောက်ဖျက်ပြီး တော့ အဲဒီ ၁၁ ဦးကနေပြီး ပတ် ၀န်းကျင်ပြည်သူတွေကို စည်းရုံးပြီးတော့ ဒီလိုမျိုးလုပ်တယ်ဆိုတာ ဥပဒေချိုးဖောက် သွားတာ ပေါ့’’ဟု ဒုရဲမှူးဆန်းမြင့်ကပြော သည်။ သတင်းမီဒီယာများနှင့် ဒုရဲ မှူးဆန်းမြင့်တို့ တွေ့ဆုံခဲ့သည့် မတ်လ ၅ ရက် ညနေ ၄ နာရီ ခန့်အထိ ဦးနိုင်ဝင်းအမည်တူ နှစ် ဦးနှင့် ဦးနန္ဒစိုးတို့ သုံးဦးကို ထိန်းသိမ်း ထားကြောင်း ရဲတပ်ဖွဲ့ဘက် က ထုတ်ပြန်သည်။

ဆန္ဒပြပွဲနှင့် ပတ်သက်သည်ဟု သံသယရှိသူအမျိုးသား ခုနစ် ဦးနှင့် အမျိုးသမီး တစ်ဦးကို လိုက် လံရှာဖွေနေကြောင်း ဒုရဲမှူး ဆန်း မြင့်ကပြောသည်။

ဆန္ဒပြပွဲနှင့် ပတ်သက်သည့် သံသယရှိသူများအား ထိန်းသိမ်း ရာတွင် ဥပဒေလုပ်ထုံးလုပ်နည်း အတိုင်းသာ လုပ်ဆောင်နေခြင်း ဖြစ်ပြီး အမှုခိုင်လုံပါက ၎င်းတို့ကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။


7Day Daily

No comments:

Post a Comment

My Blog List