Thursday, March 05, 2015

U-20 ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာအသင်းကို လိုက်ပါအားပေးရန် ဒေါ်လာ ၃၀၀၀ ကျော်ကုန်ကျမည်


နယူးဇီလန်နိုင်ငံ၌ မေလအတွင်း ကျင်းပပြုလုပ်မည့် FIFA U-20 World Cup New Zealand ပြိုင်ပွဲအား ကိုယ် တိုင်သွားရောက်အားပေးမည့် ဘောလုံး ပရိတ်သတ်များအတွက် ဒေါ်လာ ၃၀၀၀ ကျော် ကုန်ကျ မည်ဖြစ်ကြောင်း NZ Pure Education Serice မှ ကိုစည်သူဝင်းက ပြောသည်။
“တကယ်သွားရောက်အားပေးမယ့် ပရိတ်သတ်တွေအနေနဲ့ ဆုံးဖြတ်ပြီး သွားပြီဆိုရင် အခုကတည်းက စပြီးတော့ ပြင်ဆင်သင့်နေပါပြီ။ ဒါကလည်း ကျွန်တော့် အနေနဲ့အကြံပေးတာပါ”ဟု၎င်းကပြောသည်။

အဆိုပါဘောလုံးပွဲကြည့်ရန် ၁၀ရက်တာခရီးစဉ်အတွက် US ဒေါ်လာ ၃၀၀၀ ကျော် ကုန်ကျမည်ဖြစ်ပြီး၊ ဗီဇာ၊ နေရေးထိုင်ရေးကိစ္စများကို နယူးဇီလန်နိုင်ငံရှိ ကြယ်၃ပွင့်(သိုမဟုတ်)ကြယ်၎ပွင့်အဆင့်ဟိုတယ်များ၌ တည်းခိုရမည်ဖြစ်ပြီး မြန်မာ U-20 အသင်း အုပ်စုမှကျော်လွန်ခဲ့ပါက ပိုက်ဆံထပ်မံပေးရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

မြန်မာဘောလုံးအသင်းသည် ၁၉၇၂ခုနှစ် မြူးနစ်အိုလံပစ်ပြိုင်ပွဲပြီးနောက် နှစ်ပေါင်း ၄၀ ကျော် ကြာမြင့်ပြီးမှ ကမ္ဘာအဆင့်ပြိုင်ပွဲတခုသို့ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ခြင်းဖြစ်သည်။

“မြန်မာတွေဘောလုံးကစားတာ နှစ်ပေါင်း ၁၄၀ ကျော်ပါပြီ။ ကမ္ဘာအဆင့်ရှိတဲ့ တရားဝင်ဘောလုံးပြိုင်ပွဲကို တကြိမ်မှယှဉ်ပြိုင်ခဲ့ဖူသေးခြင်း မရှိသေးပါဘူး”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒါရိုတ်တာဦးစိုးမိုး က ပြော သည်။

လက်ရှိတွင် နယူးဇီလန်ခရီးစဉ်အတွက် ဗီဇာလာရောက်လျှောက်ထားသူ ၁၀ဦးထိ ရှိနေပြီး မှတ်ပုံတင်၊ သန်းခေါင်စားရင်း၊ နိုင်ငံရေးပြစ်မှု ကင်းရှင်းကြောင်း ထောက်ခံချက်၊ သံရုံးထောက်ခံချက်၊ ပုံမှန်ဝင်ငွေ (သို့မဟုတ်) လုပ်ငန်းမှတ်ပုံတင်ပိုင်ဆိုင်မှုများ အထောက်အထားပြနိုင်ရမည်ဖြစ်ပြီး မြန်မာတို့၏ ပထမဆုံး သမိုင်းဝင်အောင်မြင်မှုတခုဖြစ်သော FIFA U-20 world Cup NewZealand ပြိုင်ပွဲကို ပြည်တွင်းရုပ်သံ လိုင်းများတွင် တိုက်ရိုက်ပြသနိုင်ရန်အတွက် ဆွေးနွေးလျှက်ရှိကြောင်း သိရသည်။

ဇော်ခိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List