Thursday, March 05, 2015

ပိတ်ဆို့ခံထားရသော ကျောင်းသားသပိတ် စစ်ကြောင်း ထိုင်သပိတ် ဆက်လက်ဆင်နွှဲ


လက်ပံတန်းမြို့တွင် ရဲတပ်ဖွဲ့၏ ပိတ်ဆို့တားဆီးခြင်း ကြုံတွေ့နေရသော ပင်မသပိတ် စစ်ကြောင်းသည် ဒုတိယမြောက် နေ့အဖြစ် ထိုင်သပိတ် ဆက်လက်ဆင်နွှဲနေပြီး ရဲတပ်ဖွဲ့ကလည်း ၀ိုင်းဝန်းပိတ်ဆို့ထား ဆဲ ဖြစ်သည်။
မတ်လ ၃ ရက်တွင် လက်ပံ တန်းမြို့မှ သာယာဝတီသို့ လမ်း လျှောက်ချီ တက်မည့် သပိတ်စစ် ကြောင်းသည် တည်းခိုသော အောင် မြေဗိမာန်ကျောင်း မှ ထွက်ခွာလာပြီး တစ်ဖာလုံခန့်အကွာ၌ ပိတ်ဆို့တားဆီးမှု ကြုံရ ကာ သပိတ်မှောက် ကျောင်းသားများနှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံသကဲ့ သို့ ဖြစ်ခဲ့သည်။

မတ်လ ၄ ရက်တွင် ထပ်မံတင်းမာမှုမရှိတော့ဘဲ မတ်လ ၃ ရက် နံနက် ၁၀ နာရီက အခြေအနေအတိုင်း ထိုင်သပိတ်ဖြင့် ဆန္ဒပြနေပြီး ရဲ တပ်ဖွဲ့ကလည်း ၀ိုင်းဝန်းပိတ်ဆို့တားဆီးထားဆဲ ဖြစ်သည်။

ဖေဖော်ဝါရီ ၄ ရက်တွင် နေပူရှိန်အောက်၌ ဆန္ဒပြနေသော ကျောင်းသူ တစ်ဦးနှင့် ကျောင်းသားများအား လာရောက်အားပေးသော အမျိုးသမီးတစ်ဦး တို့ မူးလဲ၍ ဆေးကုသမှုခံယူခဲ့ရကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၄ ရက်က လက်ပံတန်းမြို့တွင် သပိတ်မှောက်ကျောင်းသား များကို ထောက်ခံသော ဆန္ဒပြပွဲ တစ်ခု ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်မြို့သို့ ချီတက်ရန်ကျောင်းသားများတောင်းဆိုထားသည့် အချက်ရှစ်ချက်ကို ပဲခူးတိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး သက်ထွန်းက ကျောင်းသားများနှင့် နှစ်ရက်အတွင်း ခြောက်ကြိမ် ဆွေးနွေး ခဲ့ သော်လည်း ဖေဖော်ဝါရီ ၄ ရက်တွင်မူ ဆွေးနွေးခြင်း မရှိကြောင်းပင်မသပိတ် ကျောင်းသားခေါင်း ဆောင် များက ပြောသည်။

‘‘အရင်နှစ်ရက်က အချက် ရှစ်ချက်နဲ့ ပတ်သက်လို့ ခြောက်ကြိမ် ဆွေးနွေး ခဲ့တယ်။ ဒီနေ့မှာတော့ ဆွေးနွေးဖို့ ကမ်းလှမ်းတာတွေ မရှိဘူး။ ကျွန်တော် တို့ကတော့ ရန်ကုန်ထိသွားဖို့ ဆုံးဖြတ်ပြီးသားပဲ။ 

အဲဒီအတွက် အချက် ရှစ်ချက်ကို တောင်းဆိုထားတယ်။ မပေးရင်လည်း ဒီနေရာမှာပဲ နေရုံ ပဲရှိတယ်’’ဟု ပင်မသပိတ်ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို က ပြောသည်။

သပိတ်မှောက်ကျောင်းသား များသည် ဖေဖော်ဝါရီ ၃ ရက်က တစ်ရက်ကြာ အစာငတ်ခံဆန္ဒပြခဲ့ကြပြီး ထိုနေ့တွင် အသေခံဆန္ဒပြ တောင်းဆိုရန် သရဏဂုံတင်ထားခဲ့ကြသည်။

ပညာရေး ဥပဒေကြမ်းကို ယနေ့ မတ်လ ၅ ရက်တွင် အမျိုး သားလွှတ်တော်၌ ကြားနာမည် ဖြစ်သောကြောင့် ဒီမိုကရေစီပညာ ရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ ၀င်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီဝင်များ၊ အရပ် ဘက် အဖွဲ့အစည်းများနှင့် ဆွေးနွေးအကြံပြု မည့် ကိုယ်စားလှယ်များအားဖိတ် ကြားထားကြောင်း သတင်း ရရှိ သည်။


7Day Daily

No comments:

Post a Comment

My Blog List