Wednesday, March 04, 2015

ဖိုက်တာကို စီးပြပြီး မီဒီယာနှင့် ကိုယ်ရံတော်များကို အံ့အားသင့်စေသည့် ထိုင်းဝန်ကြီးချုပ်






အစိုးရ အိမ်တော်အတွင်းက လမ်းတွေပေါ်မှာ ဟွန်ဒါ စီဘီအာ ၂၅၀ စီစီ ဖိုက်တာကို စီးပြလိုက်ပြီး ထိုင်း နိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက မီဒီယာနဲ့ ကိုယ်ရံတော်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ တစုံ တဦးကိုမှ အသိမပေးဘဲ အင်ဂျင်ကိုနှိုး ဟွန်းတီးပြီး သူဘေးက လူအားလုံးကို ဟာသလုပ်ပြီး တက်စီးနင်း ခဲ့တာ ဖြစ်ပါတယ်။

ဆိုင်ကယ် ဦးထုပ်အစား အနီရောင် ဦးထုပ်ကို ဆောင်းပြီး စီနင်းတဲ့သူရဲ့နောက်ကို မီဒီယာသမားတွေနဲ့ ကိုယ်ရံတော်တွေ ပြေးလိုက်ပေမယ့် လိုက်မမီဖြစ်ခဲ့ရပါတယ်။

အစိုးရအိမ်ဝင်းအတွင်းမှာ မတ်လ ၃ ရက်နေ့က ပြုလုပ်တဲ့ အသက်မွေးဝမ်းကျောင်းက မော်တော်ဆိုင်ကယ် အင်ဂျင်ဝိုင် အခမဲ့ လဲပေးတဲ့ ပွဲဈေးကို စစ်ဆေးနေစဉ်မှာ သူက အခုလို စီးနင်းဖို့ ဆုံးဖြတ်လိုက်တာလို့ နေရှင်းသတင်းက ရေးပါတယ်။

ကျောင်းသားတွေဆီမှာ အင်ဂျင်ဝိုင် လာရောက်လဲလှယ်တဲ့ မော်တော်ဆိုင်ကယ်ကို အစိုးရ ၀န်ထမ်းတဦးက ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။

အစိုးရအိမ်ဝင်းအတွင်း တပတ် စီးနင်းပြီး သတင်းထောက်တွေ စောင့်ဆိုင်းတဲ့ နေရာကို ပြန်လည် မောင်း နှင်းခဲ့ပါတယ်။

မော်တော်ဆိုင်ကယ်ကို ငယ်ရွယ်စဉ် စစ်သားဘ၀က စီးနင်းလေ့ရှိတယ် လို့လည်း သူက ပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List