Friday, March 06, 2015

ယနေ့ဖမ်းဆီးသွားသောကျောင်းသားများအားပြန်မလွှတ်ပေးပါက ကျောင်းသားများဖက်မှ တုန့်ပြန်မှုတစ်ခုပြုလုပ်မည်ဟုဆို၊ ကျောင်းသားသပိတ်ကို ၈၈ မျိုးဆက်အဖွဲ့မှ အပြည့်အ၀ထောက်ခံဟု မင်းကိုနိုင်ပြောကြား

 

ယနေ့ဖမ်းဆီးသွားသောကျောင်းသားများအားပြန်လည်လွှတ်ပေး၊မလွှတ်ပေးမည်ကိုရက်အနည်းငယ်မျှစောင့် ကြည့်၍မထူးပါကတုန့်ပြန်မှုတစ်ခုပြုလုပ်သွားမည်ဖြစ်ကြောင်းကျောင်းသားများထံမှသိရသည်။"ကျွန်တော်တို့ အနေနဲ့ စောင့်ကြည့်မယ့်အချိန်ကိုတော့ပြောလို့မရပါဘူး"ဟုကျောင်းသားတစ်ဦးကပြောသည်။
ထို့ပြင်ယနေ့တွင်ဖမ်းဆီးခံရသူများ၏စာရင်းကိုလည်းကြေငြာခဲ့သည်။ ဖမ်းဆီးခံရသူများတွင် ၈၈ မျိုး ဆက်မှ သုံးဦးနှင့် ကျောင်းသား ငါးဦး စုစုပေါင်း၈ ဦးခန့်ပါဝင်ကြောင်းသိရသည်။

ဖမ်းဆီးခံသူများမှာ မတင်မေသော်(Eco)၊ကိုဇင်မင်းဖြိုး(Philo ဂုဏ်ထူးတန်း)ကိုသန်းထိုက်အောင် (သမိုင်း) ၊ကိုပြည့်ဇော်(ခ)ဖိုးသား၊ကိုမျိုးသန့်တို့ ဖြစ်ပြီး၊၈၈ မျိုးဆက်ကျောင်းသားမှ မနီလာသိန်း၊မနုနုအောင်တို့ ပါဝင်
သွားကြောင်းကျောင်းသားများထံမှသိရသည်။

ထို ပြင်အမျိုးသားအခြေခံပညာရေးဥပဒေပြင်ဆင်ရေးအတွက်ကျောင်းသားများသပိတ်မှောက်မှုကို ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ မှအပြည့်အ၀ထောက်ခံကြောင်း ၈၈ မျိုးဆက်ကကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်ကပြောသည်။

ဇေဝေယံ
Popular Myanmar News Journal

No comments:

Post a Comment

My Blog List