Friday, March 06, 2015

ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်နှင့်ပတ်သက်၍ အဓိကရုဏ်းကိုင်တွယ်ဖြေရှင်းရေး သင်တန်းပေးထားသည့် အီးယူသို့သပိတ်မှောက်ကျောင်းသားများ မေးခွန်း ထုတ်မည်


 ကျောင်းသားသပိတ်ကို စွမ်းအားရှင်များအသုံးပြု ဖြိုခွဲ ခဲ့သည့် ရဲတပ်ဖွဲ့၏ လုပ်ရပ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ ၀င်များအားအဓိကရုဏ်းကိုင်တွယ် ဖြေရှင်း ရေးသင်တန်းအကြိမ်ကြိမ် ပေး ထားသည့် ဥရောပသမဂ္ဂ (EU) သို့ မေးခွန်းထုတ်သွားမည် ဖြစ် ကြောင်း သတင်း ရရှိသည်။
ပဲခူးတိုင်းလက်ပံတန်းတွင် ပိတ်မိနေသည့် ပင်မသပိတ်စစ် ကြောင်းကိုရန်ကုန်မြို့တော်ခန်းမ ရှေ့၌ ထောက် ခံ ဆန္ဒပြကြသည့် ဆန္ဒပြကျောင်းသားနှင့်ပြည်သူများကို အရပ်ဝတ် စွမ်းအားရှင်များနှင့် ရဲတပ်ဖွဲ့ဝင်များက မတ်လ၁၅ ရက် ညနေက အကြမ်းဖက် ဖြိုခွဲခဲ့ခြင်းဖြစ်သည်။

‘‘ကျောင်းသားနဲ့ အစိုးရ ဘက်က ဖြစ်ပွားနေတဲ့အနေအ ထားမှာ စွမ်းအားရှင်ကို ထုတ်သုံးတာဟာ  အကြီး အကျယ်ကန့်ကွက် ရမယ့်ကိစ္စဖြစ်တယ်။ ရှုတ်ချရ မယ့်ကိစ္စ ဖြစ်တယ်။ ကမ္ဘာက သိအောင် ကျွန်တော် တို့ ဖော်ထုတ် ရမယ့် ကိစ္စဖြစ်တယ်လို့ ပြောချင် တယ်’’ဟု သပိတ်မှောက် ကျောင်းသားခေါင်းဆောင် ကို ကျော်ကိုကိုက ပြောသည်။

‘‘EU က သင်တန်းပေးထား တာတွေနဲ့ လားလားမျှမဆိုင်ဘူး။ ဒါဟာ အကြမ်းဖက်လုပ်ရပ်လို့ပဲ ကျွန်တော်တို့ ရှုမြင်တယ်။ ဒီအကြမ်းဖက်လုပ်ရပ်ကို လုံးဝလက် မခံဘူး။ ကျွန်တော်တို့ အခုသပိတ် စစ်ကြောင်းကို အကြမ်း ဖက်လာမယ်ဆိုရင်လည်း လက်ခံမှာ မဟုတ်ဘူး’’ဟု ကိုကျော်ကိုကိုက ပြောသည်။

မတ်လ ၄ ရက် ညနေက ရန်ကုန်မြို့ ရွှေပြည်သာရှိ စက်မှုဇုန် အလုပ်သမားများ သပိတ်ကို ဖြိုခွဲရာတွင်လည်း အရပ်ဝတ်စွမ်းအား ရှင်များအား ရဲတပ်ဖွဲ့က အသုံးပြု ခဲ့သည်။

EU က အဓိကရုဏ်းကိုင် တွယ်ဖြေရှင်းရေး သင်တန်းအ ကြိမ်ကြိမ်ပေးထားသည့် ရဲတပ်ဖွဲ့ ၀င်များဘက်က စွမ်းအားရှင် ထုတ်သုံးမှုကို EU သံတမန်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း လူ့အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List