Saturday, March 07, 2015

အီးယူကရဲတပ်ဖွဲ့မှအပ မည်သည့်အင်အားစုကိုမျှ သင်တန်းမပေးကြောင်း ထုတ်ပြန်


ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုသာ သင်တန်းပေးခြင်းဖြစ်ပြီး အခြားအပြိုင်အင်အားစုများကို သင်တန်းမပေး ကြောင်း ဥရောပသမဂ္ဂက မတ်လ ၆ ရက်ညနေတွင်သတင်းထုတ် ပြန်သည်။မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို နောက်ထပ်သင်တန်းများပိုမိုပေး ရန်လိုကြောင်း လတ်တလောဖြစ် ရပ်များက မီးမောင်းထိုးပြ လိုက် ခြင်းဖြစ်ပြီး သင်တန်းပေးမှုလျှော့ ချရန်မဟုတ်ဟု EU ကဆိုသည်။
အထူးသဖြင့် ဥရောပ သမဂ္ဂအနေဖြင့် မြန်မာနိုင်ငံရဲတပ် ဖွဲ့ကိုသာ သင်တန်းပေးခြင်းဖြစ်ပြီးအခြားအပြိုင် အင်အားစုများကို မပေးကြောင်း ရှင်းလင်းကြေညာခဲ့သည်။

ဥရောပသမဂ္ဂ၏ကြေညာ ချက်သည် မတ်လ ၆ ရက်ညနေ က လှည်းတန်းတွင်ပြုလုပ်ခဲ့သည့် ကျောင်းသား သပိတ်နှင့်မရှေး မနှောင်းထွက်ပေါ်လာခဲ့ခြင်းဖြစ် သည်။ လှည်းတန်းဈေးရှေ့တစ် လျှောက် ဆန္ဒပြကျောင်း သား ၅၀ ခန့်က စုဝေးလမ်းလျှောက်ဆန္ဒပြ ရာတွင် မတ်လ ၅ ရက် ရန်ကုန် မြို့လယ်ကောင်သပိတ်အကြမ်း ဖက်ဖြိုခွင်းဖမ်းဆီးခံရမှု၊ မတ်လ ၆ ရက် နံနက် လက်ပံတန်းဆန္ဒပြသူများပိတ်ဆို့တားဆီးခံရမှုတို့ကို ထောက် ၍ ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် သင်တန်းပေးကူညီမှုကိုမေးခွန်း ထုတ် ခဲ့ကြသည်။

‘‘သင်တန်းက ဘာအကျိုးရှိ လဲပြန်သုံးသပ်သင့်တယ်။ အကြမ်းဖက်ဖြိုခွဲမှု ကို ကျောင်း သားတွေက ကန့်ကွက်နေပြီ။ EU က ဘာ action ယူမှာလဲစတဲ့ အချက်တွေကို ကျွန်တော်တို့အီး ယူကိုမေးခွန်းထုတ် ဆန္ဒပြတာပါ’’ ဟု ဆန္ဒပြကျောင်းသားတစ်ဦးဖြစ် သူကိုထက်ခိုင်ဖြိုးကပြောသည်။

၂၀၁၃ တွင် ဥရောပသမဂ္ဂ သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သင်တန်းများ စတင်ပေးခဲ့သည်။ သင်တန်း၏ ရည်ရွယ်ချက်မှာ လူ့အခွင့်အရေးကိုနားလည်သဘော ပေါက်မှုမြှင့်တင်ရန်၊ စေ့စပ်ညှိ နှိုင်းခြင်း၏အရေးပါမှုကို အလေး ပေးအရေးစိုက်ရန် လူအုပ်စုစီမံ ခန့်ခွဲရာတွင် မတတ်သာတော့ သည့်နောက်ဆုံးအခြေအနေတစ် ခုအဖြစ် အချိုးကျအင်အားအသုံး ပြုမှုကို အားပေးရန်ဖြစ်သည်ဟု ရှင်းလင်းဖော်ပြခဲ့သည်။

ဥရောပသမဂ္ဂကိုယ်စား လှယ်အဖွဲ့သည် ကျောင်းသား သပိတ်များနှင့်ဆက်စပ်၍ လတ် တလော ထိတွေ့ပဋိ ပက္ခများကို စိုးရိမ်တကြီးစောင့်ကြည့်လျက်ရှိ သည်ဟုထုတ်ပြန်ခဲ့သည်။

တရား ဝင်ငြိမ်းချမ်းစွာစုရုံးခွင့်နှင့် အတူ လွတ်လပ်စွာဖော်ထုတ်ခွင့်သည် ဒီမိုကရေစီအဓိပ္ပာယ်၏ ဗဟိုချက် မပင်ဖြစ်ကြောင်း သောကြာနေ့ ကြေညာချက်တွင် ထောက်ပြခဲ့ သည်။

မတ်လ ၅ ရက်ညနေက ရန်ကုန် မြို့လယ်ကောင်တွင် အမျိုးသားပညာရေး ဥပဒေအပေါ် သပိတ်မှောက်ကျောင်း သားများ အား ထောက်ခံဆန္ဒပြသော ကျောင်းသားများကို ရဲတပ်ဖွဲ့နှင့် လက်မောင်းတွင် ‘တာဝန်’လက် ပတ်အနီပတ်ထားသော အရပ် ဝတ်များက ရိုက်နှက်ဖြိုခွင်းခဲ့ပြီး ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)မှမနီလာ သိန်းအပါအဝင်သုံးဦးနှင့် ဆန္ဒပြ ကျောင်းသားငါးဦး စုစုပေါင်းရှစ်ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ သည်။ ယင်းနောက် မတ်လ ၆ ရက်နံနက်တွင် ပြန်လည်လွှတ် ပေးခဲ့သည်။

ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေးတို့ဦးဆောင်၍ ၈၈ မျိုး ဆက်ငြိမ်း ချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့အစည်းကလည်း မတ်လ ၅ ရက်ညနေတွင် သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသောကျောင်းသားများ အား လက်တွင်တာဝန်လက်ပတ် အနီပတ်ထားသည့်အရပ်ဝတ်လုံ ခြုံရေးများက ရိုက်နှက်ဖြိုခွင်းဖမ်း ဆီးမှုအပေါ် ရှုတ်ချလိုက်ပြီး ၎င်း တို့ကို တာဝန်ပေးသူအားဖော် ထုတ်ပေးရန်နှင့်တွေ့ဆုံဆွေးနွေး ဖြေရှင်းပေး ရန် တောင်းဆိုခဲ့ သည်။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား အကြမ်းဖက်မှုနှိမ်နင်းရေးသင်တန်းပေးအပ်နေစဉ် (ဓာတ်ပုံ−စိုးသန်းဝင်း/အေအက်ဖ်ပီ)
7Day Daily

No comments:

Post a Comment

My Blog List