Friday, March 06, 2015

ပျဉ်းမနားတွင် တစ်ကိုယ်တော်လမ်းလျှောက် ဆန္ဒဖော်ထုတ်သူအား ထောင် ဒဏ် လေးလချ


အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအတွက် တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့သော ကိုဇော်မြင့်(ခ) ကိုဇော်ကြီးအား ပျဉ်းမနားမြို့နယ် တရားရုံးက မတ်လ ၅ ရက်တွင် ထောင် ဒဏ်လေးလ အမိန့်ချမှတ်ခဲ့သည်။
အလုပ်သမားအရေး၊ လယ်သမားအရေးနှင့် ကျောင်းသားအရေးကိစ္စများ ဖြေရှင်းရန် လေးပွင့်ဆိုင်တွေ့ ဆုံ ဆွေးနွေးရေး စက်တင်ဘာ ၂၁ ရက်၊ (အပြည် ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့)က ပျဉ်းမနားမြို့ ဗိုလ်တောက် ထိန်လမ်း၌ တစ်ကိုယ်တော်လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့သည်။

ကိုဇော်မြင့်အနေဖြင့် ခွင့်ပြု ချက်မရှိဘဲ ဆန္ဒဖော်ထုတ်သည် ဟု ဆိုကာ ပျဉ်းမနားမြို့မရဲစခန်း က ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေး ယူခဲ့ပြီး ယခုအခါ တရားရုံးက ထောင်ဒဏ်လေးလ အမိန့်ချမှတ် ခဲ့ခြင်း ဖြစ်သည်။

‘‘တစ်ယောက်တည်း လမ်း လျှောက်ပြီးတော့ ကိုယ့်ဆန္ဒကိုယ် ထုတ်ဖော်တာ တစ်ကိုယ်တော်က ပုဒ်မ ၁၈ နှင့် ငြိစရာအကြောင်း မရှိဘူး။ ဘာမှလည်း ဘေးက ပြည်သူတွေကို နိုင်ငံရေးလှုံ့ဆော်မှု လည်း မရှိဘူး။ သူတို့အစိုးရကို ဖြုတ်ချပေးပါ။ အာဏာကို လွှဲ ပြောင်းပေးပါဆိုပြီး တောင်းဆိုခဲ့ တာမဟုတ်ဘူး။

တိုင်းပြည်မှာဖြစ် နေတဲ့ အလုပ်သမား၊ လယ်သမား အကျပ်အတည်း၊ ကျောင်းသား အကျပ်အတည်း ကြီးဖြစ်နေတဲ့အ ချိန်မှာ အဲဒီအကျပ်အတည်းတွေကို ဖြေရှင်းဖို့ ဒီလေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးပြီးတော့ အဲဒါတွေ ဖြေ ရှင်းပေးပါဆိုပြီး တောင်းဆိုတာပဲ ဖြစ်ပါတယ်’’ဟု ကိုဇော်မြင့်က ပြောသည်။

တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့သော ကိုဇော်မြင့် ကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူခဲ့ ပြီးနောက် (၁၃) ကြိမ်မြောက်ရုံးချိန်းတွင် ထောင် ဒဏ် လေးလ အမိန့်ချခဲ့ခြင်း ဖြစ်သည်။

လေးပွင့်ဆိုင်တွေ့ဆုံဆွေး နွေး ရေး တစ်ကိုယ်တော်လမ်း လျှောက်ဆန္ဒ ထုတ်ဖော်ခွင့်ကို ရန်ကုန်တိုင်းဒေ သကြီးနှင့် မန္တလေးတိုင်းဒေသကြီးတွင် အာဏာပိုင်များက ခွင့်ပြုပေးခဲ့ပြီး နေပြည်တော် ပျဉ်းမနားတွင် ဆန္ဒထုတ်ဖော်ရန် မြို့မရဲစခန်း၌ ခွင့်ပြုမိန့်တင်ပြ တောင်းဆိုခဲ့သော်လည်း သမ္မတ နယ်မြေဟုဆိုကာ ခွင့်ပြုမိန့်မရရှိခဲ့ဘဲ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

‘‘ပုဒ်မ ၁၈ ပြင်ဆင်ချက်မှာ ထုတ်ထားတယ်။ လာပြီးတော့ ခွင့်ပြုမိန့်တင်ရင်၊ အကြောင်းကြားရင် လက်ခံ ထား။ငြင်းပယ်ခွင့်မရှိရ ဘူး ဆိုပြီးတော့ ပုဒ်မ ၁၈ ပြင်ဆင်ချက်မှာပါပြီးသားပဲ။ ကျွန်တော်က တင်တယ်။ မပေးဘူး။ ဒါသူတို့က သူတို့ထုတ်တဲ့ ဥပဒေကို မလိုက်နာတာ ပဲ။ အခုတရားလိုက တရားခံပြန်ဖြစ်နေရ တယ်’’ဟု ကိုဇော် မြင့်က ပြောသည်။

7day

No comments:

Post a Comment

My Blog List