Tuesday, March 03, 2015

ပင်မသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ပိတ်ဆို့ထား၍ မချီတက်နိုင်

ပင်မသပိတ်စစ်ကြောင်း တည်းခိုနေသော အောင်မြေဗိ မာန်ဘုန်းကြီးကျောင်းကို ရဲတပ်ဖွဲ့ က ပိတ်ဆို့ ထားသောကြောင့် ရန်ကုန်သို့ ချီတက်ရန်ပြင်ဆင်ထား သော ပင်မသပိတ်စစ်ကြောင်းမှာ လက်ပံတန်းမြို့မှ ချီတက်ထွက် ခွာမရဘဲဖြစ်နေသည်။
မတ်လ ၂ရက် နံနက် ၉နာရီ အချိန်တွင် လက်ပံတန်းမြို့ရှိ သပိတ်မှောက် ကျောင်းသားများ တည်းခိုနေသော ဘုန်းကြီးကျောင်းကို ရဲတပ်ဖွဲ့က အင်အားသုံးရာခန့်ဖြင့် ပိတ်ဆို့တားဆီးခဲ့သည်။ ပဲခူးတိုင်းအာဏာပိုင်များ က ကျောင်းသားများကို ချီတက် လမ်းလျှောက်ခွင့်မပေးဘဲ လက်ရှိ တည်းခိုနေသည့် ဘုန်းကြီးကျောင်း၌သာ ဆက်လက်တည်း ခိုရန်ပြောဆိုခဲ့သည်။

ပဲခူးတိုင်းလုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး သက်ထွန်းက ဆွေးနွေးရန် ကမ်းလှမ်းလာ ရာ ကျောင်းသားများက ပိတ်ဆို့တားဆီးထားသော ရဲတပ် ဖွဲ့ဝင်များဖယ်ရှားပေးမှ ဆွေးနွေးမည်ဟု ပြော ဆိုခဲ့သည်။ 

ယင်း ကြောင့် ရဲတပ်ဖွဲ့ဝင်များကဖယ် ရှားပေးခဲ့ပြီး ခပ်လှမ်းလှမ်း၌သာနေရာယူခဲ့ကြသည်ကိုတွေ့ရ သည်။ ဗိုလ်မှူးကြီးသက်ထွန်း သည် သပိတ်စစ်ကြောင်းအား ချီ တက်ရန်ခွင့်မပြုဘဲ ချီတက်ပါက ဖေဖော်ဝါရီ ၁၈ရက် ကထုတ်ပြန်ခဲ့ သည့်အတိုင်းအရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်းပြောဆို ခဲ့သည်ဟု ဗိုလ်မှူးကြီး သက်ထွန်း နှင့် သွားရောက်တွေ့ဆုံရာတွင် ပါဝင်သော ပင်မသပိတ်ကျောင်း သားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြတ်သူကပြောသည်။

‘‘သပိတ်စစ်ကြောင်းကို မ ထွက်ဖို့ရာ ပြောတယ်။ ထွက်ရင် အရေးယူမယ်လို့လည်းပြောတယ်။ အခုလက် ရှိနေတဲ့ ဘုန်းကြီးကျောင်းမှာ လေးငါးရက်လောက်ဆက်နေပါဦးလို့ပြောတယ်’’ဟု ကိုမြတ်သူကပြောသည်။

မွန်းလွဲ ၁နာရီတွင် ပင်မသ ပိတ်စစ်ကြောင်းထံ ပူးပေါင်းရန် လာသော ပြည်၊ ပေါင်းတည်၊ နတ္တလင်းမြို့တို့ရှိ ဗကသကျောင်း သားများနှင့် ပြည်သူနှစ်ရာခန့်ကို ရဲတပ်ဖွဲ့ဝင်များက မပူးပေါင်းနိုင် ရန် ကျောင်းသားများ တည်းခို သောနေရာအနီးတွင် တားဆီးခဲ့သည်။ ထို့နောက် ရဲတပ်ဖွဲ့အင်အားထပ်တိုးချလာပြီး စုစုပေါင်း အင်အားငါးရာကျော်အထိရှိလာသည်ကို တွေ့ရသည်။ လာရောက်ပူးပေါင်းသောသူများက အတင်းတိုး ထွက်လာခြင်းကြောင့်ကျောင်းသားများနှင့်လာရောက်ပူးပေါင်းခွင့်ရရှိခဲ့သည်။

သပိတ်စစ်ကြောင်းရန်ကုန်သို့ ချီတက်မည့်ကိစ္စနှင့်ပတ်သက်၍ ကျောင်းသားခေါင်းဆောင်များယမန်နေ့ ကဆွေးနွေးတိုင်ပင်ပြီး ညနေ ၄ နာရီတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ထိုသတင်းစာရှင်းလင်းပွဲတွင် ပင်မသပိတ်စစ်ကြောင်းသည် ယခင်ရည်မှန်းချက်အတိုင်း ရန်ကုန်မြို့သို့ချီတက်မည်ဟု ပြောဆိုခဲ့သည်။

‘‘မနက်ဖြန်မှာ ကျွန်တော်တို့ သာယာဝတီကိုချီတက်ပါမယ်။ ဂိုဏ်းပေါင်းစုံသံဃာတွေလည်း မေတ္တာရပ်ခံ တာရှိတယ်။ နောက် ပြီး စာမေးပွဲတွေဖြေဆိုရမယ်ဆို တာလည်းသိတယ်။ အဲဒါကြောင့် ရန်ကုန်ကို ယခင်ပုံစံ အတိုင်းမ ဟုတ်ဘဲ လျှောက်မှာပါ’’ဟု သ ပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသီဟ၀င်းတင်က ပြောသည်။ 

ပင်မ သပိတ်စစ်ကြောင်းကိုတားဆီးရန်ကျောင်းသားများတည်းခို သည့် ဘုန်းကြီးကျောင်းအား ရဲတပ်ဖွဲ့က ပိတ်ဆို့ထားပြီး ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းနယ်ကြားရှိမီးနှင်းချောင်းတွင်လည်းလုံခြုံရေးရဲတပ်ဖွဲ့များချထား သည်ကို တွေ့ရသည်။

လက်ပံတန်းမြို့ အောင်မြေဗိမာန်ဘုန်းကြီးကျောင်းတွင် တည်းနေသော ပင်မသပိတ်စစ်ကြောင်းမှ သပိတ်မှောက်ကျောင်းသားအချို့ ရဲတပ်ဖွဲ့ဝင်များ ပိတ်ဆို့ထားပြီးနောက် တွေ့ရစဉ်(ဓာတ်ပုံ-ငြိမ်းချမ်း)
7Day Daily

No comments:

Post a Comment

My Blog List