Saturday, March 07, 2015

လက်ပံတန်းမှာ အဖမ်ခံရတဲ့ ကျောင်းသားတွေ အိမ်ပြန်ပို့မယ့် အစီအစဉ်ကို ငြင်း


လက်ပံတန်းမှာ အဖမ်းခံထားရတဲ့ ကျောင်းသားတွေကို အိမ်ပြန်မယ်ဆိုရင် အမှုဖွင့်တာတွေ မလုပ်ဘဲ အိမ်တိုင်ရာရောက် လိုက်ပို့ပေးမယ်ဆိုပြီး ရဲတပ်ဖွဲ့က ပြောဆိုပြီး ကျာင်းသားတွေက အဲဒီအစီအစဉ်ကို လက်မခံဘူးလို့ ဒီမိုကရေစီ ပညာရေး ကျောင်းသားသပိတ် ဦးဆောင်ကော်မတီဝင် မဖြိုးဖြိုးအောင်က ပြောပါ တယ်။
လက်ပံတန်းမြို့နယ်က ဂိုဏ်းပေါင်းစုံသံဃနာယက ဆရာတော်တွေရဲ့ မေတ္တာရပ်ခံချက်အရ အခုလို အိမ်ပြန် ပို့ဖို့ စီစဉ်တာဖြစ်ပါတယ်။

အိမ်ပြန်ပို့တာကို လက်မခံဘူးဆိုရင် ဥပဒေကြောင်းအရ အရေးယူမယ်လို့ ရဲတပ်ဖွဲ့ဘက်က ပြောဆိုတယ်လို့ မဖြိုးဖြိုးအောင်က ဆိုပါတယ်။

ကျောင်းသားတွေကတော့ အိမ်ပြန်ပို့တာ လက်မခံဘဲ ဥပဒေကြောင်းအရ ရင်ဆိုင်မယ်ဆိုပြီး ပြန်လည် တုံ့ပြန်တယ်လို့ သူက ဆက်ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို သာယာဝတီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ ထိန်းသိမ်းထားတယ်။

လက်ပံတန်းမြို့ မြို့မ (၁)လမ်း၊ မြို့မဈေးအနီးမှာ ဒီနေ့ နံနက် ၉ နာရီ ၂၀ခန့်က ကျောင်းသားသပိတ် ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကျောင်းသားလေးဦးနဲ့ ကျောင်းသူတစ်ဦးကို ရဲတပ်ဖွဲ့နဲ့ ခရိုင် အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ခွင့်ပြုမိန့်တင်ဖို့ လရောက် ပြောဆိုရာကနေ အချေအတင်ဖြစ်ခဲ့ကြပါတယ်။

၉နာရီ မိနစ် ၃၀ဝန်းကျင်မှာတော့ ကျောင်းသားတွေကို လုံထိန်းကားနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

The Voice Weekly

No comments:

Post a Comment

My Blog List