Tuesday, March 03, 2015

သားပျောက် လာရှာသည့် မိခင်ကို အိုင်အက်စ်တို့က ၎င်းသားဖြစ်သူ၏ အသားကို ချက်ကျွေး

သားဖြစ်သူ ကိုပြန်ပေးဆွဲ ဖမ်းဆီးခံထားရ၍ လာရောက်တွေ့ ဆုံခွင့်တောင်းသည့် မိခင်တစ်ဦးကို အစွန်းရောက် လွန်းသည့် အိုင်အက်စ်တို့က သူ့သားဖြစ်သူကို သတ်ဖြတ်ပြီး ၎င်းမိခင်ဖြစ်သူ အားပြန်လည် ချက်ကျွေးခဲ့သည့် သတင်းသည် ခိုင်ခိုင်လုံလုံ ထွက်ပေါ် လာခဲ့သည်။
အီရတ်နိုင်ငံမိုဆူးလ်မြို့တွင် သားဖြစ်သူကို အိုင်အက်စ်တို့က ဖမ်းဆီးအကျဉ်းကျထားသဖြင့် သားအတွက် ရတက်ပွေ ရသည့် မိခင်မှာ သားဇောဖြင့် အိုင်အက်စ် တို့၏ ဌာနချုပ်စခန်း သို့တွေ့ဆုံ စကားပြော ခွင့်ရရန် သွားရောက် ခဲ့ခြင်းဖြစ်သည်။

၎င်းက ခရီးဝေးမှ လာရသဖြင့် ခရီးပမ်းလာ သည်ဖြစ်သောကြောင့် အစာအရင် စားသောက်ပြီးမှ သားဖြစ် သူနှင့်တွေ့ပါဟု အိုင်အက်စ် တိုက်ခိုက်ရေး သမား ကပြောကြောင်း သတင်း တွင်ဖော်ပြသည်။ သို့သော် အသား၊ ဆန်နှင့်စွပ်ပြုပ်တို့ကို ချကျွေး၍ စားသောက် ပြီးနောက်တွင် သားဖြစ်သူ ကိုတွေ့ခွင့်တောင်းသည့် အခါခုတင် ခင်ဗျားသားကို ခင်ဗျားပဲ စားပစ်လိုက်ပြီဖြစ်သည် အိုင်အက်စ်တို့ ကပြောလိုက်ခြင်းဖြစ်သည်။ ထိုအတွက် မိခင်ဖြစ်သူခမျာ များစွာ တုန်ရီခြောက်ခြား သွားခဲ့ရသည်။

ထိုသတင်းဖြစ်ရပ်ကို ကြားရ ပြီးနောက်တွင် ဗြိတိသျှ ဖခင်ဖြစ်သူ ကယော့ခ် ရှိုင်းယားရှိ အိမ်ကို ထားရစ်ကာ အိုင်အက်စ် တို့ကို တိုက်ခိုက်ရန် အတွက် စစ်ထဲ လိုက်ပါ ခဲ့ခြင်းဖြစ်ကြောင်း သည်ဆန်း သတင်း သို့ပြော သည်။

" သူကို ခရီးဝေးက လာရ တယ်ဆိုပြီး အိုင်အက်စ်တွေက အရင်ထိုင်ခိုင်း တယ်။နောက်တော့ သားနဲ့ မတွေ့ခင် တစ်ခုခု စားသင့်ကြောင်းပြော ကြတယ်။ ဒါပေ မယ့် အိုင်အက်စ်တွေကျွေးတဲ့ အသားနဲ့စွပ်ပြုတ်ကို စားပြီးတော့တွေ့ ခွင့်တောင်းတော့ သူတို့က ရယ်မော ကြပြီး ခင်ဗျား ခုပဲ သူ့ကို စားပစ် လိုက်ပြီ လို့ပြောကြ တာပါ။ သားဖြစ်သူကို သတ်ဖြတ် ခုတ်ထစ်ပြီး ချက်ကျွေး လိုက်ကြ တာပါ။"ဟု ၎င်းက သတင်းစာ သို့ပြောခဲ့ သည်။

ယင်းဖြစ်ရပ်သည် အိုင်အက်စ်တို့၏ ရက်စက်ယုတ်မာ လူမဆန်သည့် လုပ်ရပ်ဖြစ်သည်။ ပြီးခဲ့သည့် သီတင်း ပတ်အတွင်းကလည်း ဆီးရီးယားတွင် လိင်တူဆက် ဆံသူ မိန်းမလျာ တစ်ဦးကို အိုင်အက်စ် စစ်သွေးကြွများ က တိုက်အမြင့်ပေါ်မှ ပစ်ချကာ သတ်ပစ်ခဲ့ကြသည်။

Ref: Mirror
Mizzima - News in Burmese

No comments:

Post a Comment

My Blog List