Monday, March 02, 2015

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ယနေ့ ညနေ သီးခြားတွေ့ဆုံမည်


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ ယနေ့ (မတ်လ ၂ ရက်) ညနေတွင် နေပြည်တော်၌သီးခြားတွေ့ဆုံမည် ဖြစ်ကြောင်း နှစ်ဖက်အသိုင်း အဝိုင်းထံမှ စုံစမ်းသိရှိရသည်။
သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားစီတွေ့ဆုံရန် ဇန်နဝါရီလဆန်းကတည်းက သတင်း ထွက်နေခြင်း ဖြစ်ပြီး နှစ်လနီးပါးအကြာ မတ်လ ၂ ရက်နေ့မှ တွေ့ဆုံရန် အတည်ပြုနိုင်ခြင်းလည်း ဖြစ်သည်။

လူထုတွေ့ဆုံပွဲများအတွက် ပဲခူးတိုင်းအတွင်း ခရီးလှည့်လည်နေသော ဒေါ်အောင်ဆန်းစုကြည်သည် မတ် လ ၂ ရက်နေ့ (ယနေ့) တွင် ပြည်မြို့မှတစ်ဆင့် ပေါက်ခေါင်းမြို့၊ အောင်လံမြို့တို့သို့ခရီးဆက်မည် ဖြစ် ပြီး အောင်လံမှ နေပြည်တော်သို့ တိုက်ရိုက်ပြန်မည်ဖြစ်ကြောင်း NLD ပါတီ၏ ခရီးစဉ် အစီအစဉ် များအရ သိရသည်။

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၄ ခုနှစ် မတ်လအတွင်းက နောက်ဆုံးအကြိမ် အဖြစ် သီးခြားတွေ့ဆုံထားပြီး အောက်တိုဘာလနှင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့သော နိုင်ငံရေး ထိပ်သီးဆွေးနွေးပွဲများတွင် တွေ့ဆုံမှု ရှိသော်လည်း သီးခြားဆွေးနွေးမှု မရှိပေ။

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးပါက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားတွေ့ဆုံရန် အစီအစဉ်ရှိကြောင်း နိုင် ငံတော် သမ္မတနှင့် နီးစပ်သူများထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List