Saturday, March 07, 2015

သပိတ်စစ်ကြောင်းအား ဆက်လက်ပိတ်ဆို့ထားလျှင် ဆန္ဒပြမှု အရှိန်မြှင့်မည်ဟု ဆန္ဒပြကျောင်းသားများ သတိပေး

လက်ပံတန်းမြို့တွင် သပိတ်မှောက်ကျောင်းသားများ အား ပိတ်ဆို့တားဆီးထားမှုအ ပေါ် ကန့်ကွက်သည့် ဆန္ဒပြမှုကို ရန်ကုန်မြို့၌ လေးရက်မြောက်နေ့ အဖြစ်ပြုလုပ်ခဲ့ပြီး ပိတ်ဆို့တား ဆီးမှုဆက်လက်ပြုလုပ်နေပါက ဆန္ဒပြမှုကို ရန်ကုန်မြို့တွင် အရှိန် မြှင့်ပြုလုပ်သွားမည်ဟု ဆန္ဒပြ ကျောင်းသားများက သတိပေး လိုက်သည်။
မတ်လ ၆ ရက်က လက်ပံတန်းမြို့တွင် သပိတ်မှောက် ကျောင်းသားများအား ပိတ်ဆို့တားဆီးခံရမှုကို ကန့်ကွက်သည့် ဆန္ဒပြမှုကို ရန်ကုန်မြို့ရှိ ဗကသ ကျောင်းသားများက လှည်းတန်း ဈေးမှ ဥရောပသမဂ္ဂ (အီးယူ) ရုံး ရှေ့ထိ လမ်းလျှောက်ဆန္ဒပြကန့် ကွက်ရာ ဖြိုခွင်းမခံရဘဲ အေး ချမ်းစွာ ပြီးဆုံးသွားခဲ့ သည်။

‘‘လက်ပံတန်းမှာ ကျောင်း သားတွေ ပိတ်ဆို့ခံထားရတာကို လုံးဝလက်မခံပါဘူး။ အဲဒါ ကြောင့် ကန့်ကွက် ဆန္ဒပြပွဲတွေ ရန်ကုန်မှာ လုပ်နေတာပါ။ ပင်မ ကျောင်းသားတွေကို ဆက်ပြီး ပိတ်ဆို့ထားနေဦးမယ် ဆိုရင် နောက်နေ့တွေမှာ ဆန္ဒပြပွဲကြီး တွေ လုပ်သွားပါမယ်။ မနက်ဖြန် လည်း ဆက်လုပ်သွားပါမယ် ။ ပြည်သူတွေအနေနဲ့လည်း ပူး ပေါင်းပါဝင်ကြပါလို့ ဖိတ်ခေါ်ပါ တယ်’’ဟု မတ်လ ၆ ရက်က ဆန္ဒ ပြရာတွင် ဦးဆောင်သော ဗကသ ကျောင်းသားတစ်ဦးဖြစ်သူ ကိုခန့် မင်းထက်ကပြောသည်။

ကန့်ကွက် ဆန္ဒပြသော ကျောင်းသားများသည် ‘‘ကျောင်း သားသပိတ် အောင်ရမည်၊ အကြမ်းဖက်မှုရပ်’’ စသည့် ကြွေး ကြော်သံများ အော်ဟစ်ကာ ဆန္ဒ ပြခဲ့ကြသည်။

မတ်လ ၃ ရက်က ရန်ကုန် သို့ ချီတက်လာသော ပင်မကျောင်းသားသပိတ်ကို ရဲတပ်ဖွဲ့က လက်ပံတန်းမြို့ တွင် ပိတ်ဆို့တားဆီးခဲ့ သည်။

ထိုသို့ပိတ်ဆို့တားဆီးသောကြောင့် ရန်ကုန်မြို့ရှိ တကသ ကျောင်းသားများနှင့် ဗကသ ကျောင်းသားများ သည် ပင်မသ ပိတ်စစ်ကြောင်း ပိတ်ဆို့တားဆီးခံရသည့်နေ့တွင် ကန့်ကွက်ဆန္ဒပြမှုကို ရန်ကုန်မြို့၌ ပြု လုပ်ခဲ့သည်။

‘‘ပင်မသပိတ်ကို ပိတ်ဆို့ ထားသရွေ့ ရန်ကုန်မှာ ဆန္ဒပြပွဲ တွေ နေ့တိုင်းလုပ်နေဦးမယ်’’ဟု ဗကသကျောင်း သားတစ်ဦး ဖြစ် သူ ဂျိမ်းကပြောသည်။

မတ်လ ၅ ရက်တွင် ပိတ်ဆို့ တားဆီးခံရသော ကျောင်းသား များအား ထောက်ခံပွဲနှင့် တားဆီး ခံရမှု ကန့်ကွက်ပွဲကို ရန်ကုန်မြို့ လယ်ကောင်တွင် ပြုလုပ်ရာ အရပ် ၀တ်လုံခြုံရေးများနှင့် ရဲတပ်ဖွဲ့က ရိုက်နှက်ဖြို ခွင်းခဲ့သည်။

‘‘မနေ့က ကျောင်းသားတွေ ကို ရိုက်နှက်ဖြိုခွင်းတဲ့ လက်ပတ် အနီနဲ့သူတွေက ပိုက်ဆံပေးပြီး ခေါ်တာလို့ သိရပါတယ်။ အဲဒီလူ တွေကို ပြောချင်ပါတယ်။ ပိုက်ဆံ ရလို့ လုပ်တယ်ဆိုရင် ကျွန်တော် တို့ကျောင်း သားတွေက ပိုက်ဆံ ပေးပါမယ်။ အကြမ်းမဖက်ပါနဲ့ လို့ ပြောချင်ပါတယ်’’ ဟု ဗကသ ကျောင်းသားတစ်ဦးဖြစ် သူ ဂျိမ်း ကပြောသည်။

မတ်လ ၆ ရက်က လှည်း တန်းဈေး၌ ဆန္ဒပြရာတွင် ကျောင်းသား ၅၀ ခန့် ပါဝင်ခဲ့သည်။ ကျောင်းသားများ ဆန္ဒပြမှုကို ရဲ တပ်ဖွဲ့က ဖြိုခွင်းမှုများမပြုလုပ်ဘဲ ကျောင်းသားများ ဆန္ဒပြရာနေရာ အနီးတွင်သာ အင်အား ၅၀ ကျော်ရှိသော ရဲတပ်ဖွဲ့များက လုံခြုံရေးယူခဲ့ကြောင်း တွေ့ရသည်။ အရပ်ဝတ်လုံခြုံရေး ၅၀ ခန့်ရောက် ရှိနေ သော်လည်း ၎င်းတို့၏ လက်တွင် တာဝန်လက်ပတ်အနီများ ပတ် ထားခြင်းမရှိပေ။

လှည်းတန်းဈေးလမ်းတစ် လျှောက် လမ်းလျှောက်ဆန္ဒပြမှု ကြောင့် ၁၅ မိနစ်ကြာ လမ်းပိတ် ဆို့မှုများဖြစ်ပွား ခဲ့သည်။

ကျောင်းသားများ ဆန္ဒပြမှုကို နာရီဝက်ကြာပြုလုပ်ခဲ့ပြီး ညနေ ၄ နာရီခွဲတွင် ပြီးဆုံးခဲ့သည်။

ဓာတ်ပုံ − ကျော်ဇင်သန်း
7Day Daily

No comments:

Post a Comment

My Blog List