အမျိုးသားပညာရေးဥပဒေ (ကြမ်း)နှင့်ပတ်သက်သည့် လေးပွင့်ဆိုင် သဘောတူညီမှုများအား အစိုးရအဖွဲ့ က ဖောက်ဖျက်နေသည်ဟု ဧရာဝတီသပိတ်စစ်ကြောင်း ခေါင်းဆောင် ကိုအောင် အောင်ကျော်က ပြော သည်။
''အစိုးရဘက်က ကျွန်တော်တို့နဲ့ သဘောတူထားတဲ့အချက်တွေကိုဖောက် ဖျက်လာတာတွေ့နေရတယ်''ဟု ၄င်း ကဆိုသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၄ ရက် နေ့စွဲပါ သပိတ်မှောက်ကျောင်းသားများ ရန်ကုန်ဝင်လျှင် တည်ဆဲဥပဒေ အရအ ရေးယူမည်ဟု ကြေညာထားခြင်း သည် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲအပြီး သဘောတူညီချက် များဖောက် ဖျက်နေသည်ဟုလည်း ဧရာဝတီသပိတ်စစ် ကြောင်းမှ မတ် ၃ရက်က ကြေညာချက် ထုတ်ပြန် ထားသည်။
ကြေးမုံနှင့် မြန်မာ့အလင်းသတင်း စာပါ မုသာဝါဒဖော်ပြချက်များသည် လည်း လေးပွင့်ဆိုင်ဆွေးနွေးပွဲ ကတိက ဝတ်များကိုအတိအလင်းချိုးဖောက် နေသည်ဟုလည်းဖော်ပြထားသည်။
အစိုးရအနေဖြင့် သဘောတူညီမှု များ ဖောက်ဖျက်လာပါက ဧရာဝတီသ ပိတ်စစ်ကြောင်းအနေဖြင့် လက် ရှိစောင့် ကြည့်အနေအထားမှ ပြင်းထန်သည့် သပိတ်သဏ္ဌာန်ပြန်လည်ဆင်နွှဲမည်ဖြစ် ကြောင်း ၄င်းက ဆက်လက်ပြော သည်။
အမျိုးသားပညာရေးဥပဒေမူကြမ်း ကို ပြင်ဆင်သည့်ဥပဒေမူကြမ်းဆွေး နွေးရန်ကြားနာမှုကို တရားဝင်ကြေ ညာ ထားသော်လည်း သပိတ်မှောက် ကျောင်းသားများ တရားဝင်အကြောင်းကြားခြင်း၊ ဖိတ်ခေါ်ခြင်းများ မရှိ သေးကြောင်း ကို အောင် အောင်ကျော်က ပြောသည်။
''ဥပဒေမူကြမ်းကိုဆွေးနွေးဖို့ အ ကောင်အထည်ဖော်တဲ့နေရာမှာလဲ လေးပွင့်ဆိုင် သဘောတူညီချက်တွေ ကို မသိ မသာချိုးဖောက်လာတာ တွေ့ရ တယ်''ဟု ၄င်းကယူဆသည်။
လေးပွင့်ဆိုင်သဘောတူညီမှုကို ဖေဖော်ဝါရီ ၁၁ရက်ကရရှိခဲ့ပြီး အမျိုး သားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား မတ်လ ၅ရက်တွင် ဒီမို ကရေစီပညာရေးလှုပ်ရှားမှုဦးဆောင် ကော်မတီဝင်များနှင့် စတင် ကြားနာမည် ဖြစ်သည်။
ညီမျှခြင်း-မြန်မာမှ ဒါရိုက်တာဦး အောင်မျိုးမင်းက အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေမူကြမ်း ကို ဆွေးနွေးရာတွင် မလိုလားအပ်ဘဲ အဖွဲ့အစည်းများနှင့် ဆွေးနွေးခြင်းသည် အစိုးရမှမလုပ်သင့်သည့် လုပ်ရပ်ဟု ပြောသည်။
''ချိုးဖောက်တယ်လို့မဟုတ်ပေ မယ့် ကြန့်ကြာအောင်လုပ်နေတာတွေ တွေ့နေရတယ်''ဟု ၄င်းကသုံးသပ် သည်။ အစိုးရမှကျောင်းသားများ ရန် ကုန်သို့ချီတက်မည်ဆိုပါက အရေးယူမည်ဟုကြေညာထားသည့် အ တွက် ကျောင်းသားများ ရန်ကုန်သို့ ချီတက်မည်ဆိုပါက အကြမ်းဖက်ဖြိုခွင်းမှုများ ဖြစ်နိုင်ပြီး ပြည်သူလူထု က ကျေနပ်လက် ခံနိုင်မည်မဟုတ်ကြောင်းလည်း ဦးအောင် မျိုးမင်းက ဆိုသည်။
#TheYangonTimes

No comments:
Post a Comment