Saturday, March 07, 2015

လက်ရှိနိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ကျင်းပမည်

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဗဟိုအလုပ် အမှုဆောင် အစည်းအဝေးကို ယနေ့(မတ်လ ၇) တွင် နေပြည် တော်၌ ပြုလုပ်သွားမည်ဖြစ် ကြောင်း ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးဖြစ်သည့် ဒေါ်နန်း ခင် ထွေးမြင့်ကပြောသည်။
ဆန္ဒပြသူများကို အကြမ်း ဖက်နှိမ်နင်းခံရမှုများနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အောင် နိုင်ရေးအတွက် ပါတီ၏ ဗဟို အလုပ်အမှုဆောင်အဖွဲ့အစည်း တွင် ဆွေးနွေးမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

ပါတီ၏ ဗဟိုအလုပ်အမှု ဆောင်အစည်းအဝေးသည် တစ် လ နှစ်ကြိမ် ပုံမှန်ကျင်းပလေ့ ရှိပြီး နိုင်ငံ တွင်ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပါတီရေးရာ များကို ထည့်သွင်းဆွေးနွေးလေ့ရှိ သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှု ဆောင် အဖွဲ့ဝင်များထံမှ သိရ သည်။ လက်ရှိအချိန်တွင် ရန်ကုန် တိုင်းဒေသကြီးအတွင်း လုပ်ခလစာတိုးပေးရန် ဆန္ဒထုတ်ဖော် နေသည့် အလုပ်သမားများနှင့် အမျိုးသား ပညာရေးဥပဒေ ပြင် ဆင်ရန် သပိတ်မှောက်ကျောင်း သားများကို ထောက်ခံကြောင်း ရန်ကုန်မြို့လယ်တွင် ဆန္ဒပြသူ များကို ရဲတပ်ဖွဲ့ဝင်များနှင့် လက်ပတ်အနီဝတ် အရပ်ဝတ်များက အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးမှုများပြု လုပ်ခဲ့သည်။

‘‘အစည်းအဝေးမှာ ဆွေးနွေး မယ့် ခေါင်းစဉ်တွေကတော့ အများကြီးပဲ။ ဒေါ်အောင်ဆန်းစုကြည် က နေပြည်တော်မှာ ရှိနေတဲ့အတွက် အဲဒီမှာပဲ အစည်းအဝေးကို သွားလုပ်ဖြစ်တာပါ’’ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြော ရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် ဒေါ်နန်းခင်ထွေးမြင့်ကဆိုသည်

ထို့အပြင် အစည်းအဝေး တွင် လတ်တလောနိုင်ငံရေးအ ခြေအနေများအပြင် ဒေါ်အောင် ဆန်းစုကြည်၏ ခရီးစဉ်များကို လည်း ရေးဆွဲရန် ဆွေးနွေးမည် ဖြစ်ကြောင်း ပါတီ၏ ဗဟိုအလုပ် အမှုဆောင်များထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရာခိုင်နှုန်းပြည့်နီးပါး အနိုင်ရရှိခဲ့ကာ ယခုနှစ် အောက်တိုဘာအကုန် နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပမည့် အထွေထွေရွေးကောက် ပွဲကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၀င်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်နေသည်။

လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီချုပ်လွှတ်တော်အမတ်အချို့ကို တွေ့ရစဉ် (NLD Chairperson)
7Day Daily

No comments:

Post a Comment

My Blog List