Monday, March 02, 2015

ရန်ကုန်ရောက်လျှင် သပိတ်ရပ်နားမည်ဖြစ်၍ ချီတက်ခွင့်ပြုရန် ကျောင်းသားများ တောင်းဆို


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး မန္တလေးမှ ရန်ကုန်မြို့သို့ ချီတက်တောင်းဆိုနေသော ဒီမိုကရေစီ ပညာရေး ဦး ဆောင် လှုပ်ရှားမှုကော်မတီမှ ကျောင်းသားသပိတ်စစ်ကြောင်းသည်  ရန်ကုန်မြို့သို့ ရောက်ရှိပါ က သပိတ်ရပ်နား မည် ဖြစ် ၍ အာဏာပိုင်များအနေဖြင့် ကျောင်းသားသပိတ်ကို တားဆီးခြင်းမပြုရန် ကျောင်း သားများက ယနေ့ တောင်းဆို လိုက် သည်။
မတ်လ၁ ရက်နေ့ အထိ ပဲခူးတိုင်း လက်ပံတန်းမြို့တွင် ခေတ္တ သပိတ်ရပ်ဆိုင်းထားခဲ့သော ကျောင်းသား သပိတ်စစ်ကြောင်း သည် မတ်လ ၂ ရက်နေ့တွင် ချီတက်မှု ပြန်လည်စတင်ရန် လုပ်ဆောင်ခဲ့ရာ အာဏာပိုင် များက လာရောက်တားဆီးခဲ့ပြီး သပိတ်စစ်ကြောင်းကို ချီတက်ခွင့်မပြုခဲ့ကြောင်း၊ ထို့ကြောင့် ကျောင်းသားများ က လက်ပံတန်းမှ သာယာဝတီအထိ လမ်း လျှောက် ချီတက်ခွင့်၊ သာယာဝတီမှ ရန်ကုန်မြို့ကို ကားဖြင့် ၀င်ရောက်ခွင့်၊ ရွှေတိဂုံဘုရားဖူးခွင့် နှင့် ရန်ကုန်တက္ကသိုလ် သမဂ္ဂ အဆောက်အအုံ နေရာတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ခွင့် အပါအ၀င် တောင်းဆိုချက် ၈ ခု အာဏာပိုင်များထံ တင်ပြ တောင်းဆိုလိုက်ကြောင်း ၊ တောင်းဆိုချက်များကို လိုက်လျောပါက သပိတ်ရပ်နားမည်ဖြစ်ကြောင်း ကျောင်းသား များထံမှ သိရှိရသည်။

“ကျနော်တို့ ပင်မ သပိတ်စစ်ကြောင်း ရန်ကုန်ရောက်တာနဲ့ သပိတ်နားမှာပါ။ ဆယ်တန်းစာမေးပွဲ ရှိနေလို့ ရယ်၊ နောက်ပြီး သီတဂူ ဆရာတော်ကြီးနဲ့ သံဃာ့ဂိုဏ်းပေါင်းစုံမှ ဆရာတော်ကြီးတွေရဲ့ သြ၀ါဒတွေအရ ကျနော်တို့ သပိတ်နားဖို့ စီစဉ် လိုက် တာပါ။ လွှတ်တော်က ဆုံးဖြတ်ချက်ကိုလည်း စောင့်ကြည့်ပြီး ကျနော် တို့ တောင်းဆိုတာ မရရင် သပိတ်ပြန်စဖို့ ဆုံး ဖြတ် ထားပါတယ်” ဟု ဒီမိုကရေစီပညာရေးဦးဆောင် လှုပ်ရှား မှုကော်မတီမှ ကိုမင်းသွေးသစ်က ဆိုသည်။

ဒီမိုကရေစီ ပညာရေး ပင်မသပိတ် ရန်ကုန်သို့ ဆက်လက်ချီတက်လျှင် တားဆီး၊ ဖြိုခွင်းနိုင်ရန် ကျောင်းသား များ တည်း ခိုရာ လက်ပံတန်းမြို့ အောင်မြေဗိမာန်ဘုန်းကြီးကျောင်းအနီးတွင် ရဲဝန်ထမ်းများက လုံခြုံရေး အပြည့် ယူထားကြောင်း စုံစမ်း သိရှိရသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ်မှ ဦးဆောင်သော ဒီမိုကရေစီ ပညာရေး ပင်မသပိတ် စစ်ကြောင်း သည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် လက်ပံတန်းမြို့သို့ ရောက်ရှိခဲ့ပြီး မတ်လ ၁ ရက်နေ့အထိ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေ အတည်ပြုနိုင်ရေးအတွက် လွှတ်တော်မှ ဆုံးဖြတ်ချက် ကို စောင့်ကြည့်နေခဲ့ကြောင်း၊ သို့သော် လည်း လွှတ်တော်မှ မတ်လ ၁ ရက်နေ့အထိ အမျိုးသား ပညာရေး ဥပဒေကို ဆွေးနွေး အတည်ပြုနိုင်ခြင်း မရှိသည့် အတွက် မတ်လ ၂ ရက်နေ့တွင် ကျောင်းသားပင်မ သပိတ် စစ်ကြောင်းသည် လက်ပံတန်းမှ ရန်ကုန်ကို ဆက်လက် ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြောင်း၊ သပိတ်စစ်ကြောင်း မထွက်ခင်  ပဲခူးတိုင်းအာဏာပိုင်များက လာရောက် တားဆီးထား ကြောင်း သိရှိရသည်။

“ဘုန်းကြီးကျောင်းအရှေ့မှာတော့ ပိတ်ပြီး တားထားတာတော့ မရှိတော့ဘူး။ ဒါပေမယ့် ဘုန်းကြီးကျောင်းဘေး က ခြံထဲမှာ တော့ မနက်က လုံခြုံရေး အားလုံး လူစုပြီး ရှိနေကြတယ်။ ကျနော်တို့ ထွက်တာနဲ့ တားဖို့ပေါ့။ မီးသတ်ကားတွေနဲ့ ရဲကား တွေ လည်း ဘုန်းကြီးကျောင်း အနီးမှာ ရပ်ထားတုန်းပဲ” ဟု ညနေ ၄ နာရီ အချိန်က မေးမြန်းချက်အရ သပိတ်ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သူ ကိုနန္ဒစစ်အောင်က ပြောသည်။

မူလက လက်ပံတန်းမှ သုံးဆယ်မြို့(သာယာဝတီ) သို့ ဆက်လက်ချီတက်ရာတွင် တားမြစ်တာမျိုး မပြုလုပ်ရန်  မတ်လ ၁ ရက်နေ့  ညပိုင်းက ပဲခူးတိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီးနှင့် သပိတ်မှောက် ကျောင်း သားခေါင်းဆောင်များ တွေ့ဆုံ သဘောတူညီမှု ရရှိခဲ့သော်လည်း လက်တွေ့တွင်မူ တားဆီးမှုများ ခံနေ ရကြောင်း ကျောင်းသားများက ဆိုသည်။

“ကျနော်တို့နဲ့ သာယာဝတီအထိ ဆက်သွားဖို့ သဘောတူညီခဲ့ပြီးမှ မနက်မှာ ကျနော်တို့ကို တားတယ်။ နယ်လုံနဲ့ သွားတွေ့ တော့ သူက အထက်က ညွှန်ကြားလို့ပါ ဆိုပြီး ပြောတယ်။ ကျနော်တို့ အခု ဘယ်လို ဆက်လုပ်မယ် ဆိုတာကိုတော့ အစည်း အဝေး လုပ်ပြီးမှ ပြောပါမယ်” ဟု ကိုနန္ဒစစ်အောင်က ဆိုသည်။

ပင်မ ကျောင်းသား သပိတ် စစ်ကြောင်း ရန်ကုန်ကို ဆက်လက်ချီတက်ရန် ကြိုးပမ်းနေချိန်တွင် အစိုးရ က ကျောင်းသား သပိတ် ရန်ကုန်ဝင်လျှင် အရေးယူခံရမည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ထား သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက  “ကျနော်တို့ ကြေ ညာချက်လည်း ထုတ်ပြန်ထားပြီးပါပြီ။ ရန်ကုန်ကို ၀င်လို့မရဘူး။ ရန်ကုန်ဝင်ရင် ပြဿနာတွေ ရှုပ်နိုင်တယ်။ ဒါကြောင့် ရန်ကုန်ကိုတော့ လုံးဝ အ၀င် မခံဘူးလို့ ကျနော်တို့ ပြောထားပြီးသား၊ ထုတ်လည်း ထုတ်ပြန်ပြီး သားပဲဗျာ ဒါတွေက ပြောစရာတောင် မလို ပါဘူး”ဟု ဆိုသည်။

ကျောင်းသားများ သပိတ်မှောက်တောင်းဆိုခဲ့သော အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲများအပြီး လွှတ်တော်သို့ တင်ပြထားပြီး လွှတ်တော်ကလည်း ယင်းဥပဒေ ကြမ်းနှင့် ပတ်သက်၍ လူထု လူတန်းစားအလွှာလွှာ အသီးသီး၏အမြင်များကို တောင်းခံထားကြောင်း၊ ပင်မ ကျောင်းသားသပိတ် စစ်ကြောင်း သည် ဇန်န၀ါရီ ၂၀ ရက်က စတင်ပြီး မန္တလေးမြို့မှ ရန်ကုန်မြို့အထိ ပညာရေး ဥပဒေ ပြင်ဆင်ရေး အတွက် လမ်းလျှောက် ချီ တက် လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List