Wednesday, March 04, 2015

၂၀၁၅ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တစ်ခုလုံးကို နိုင်ငံ ၇ ခုက ကူညီမည်



၂၀၁၅ အထွေထွေရွေးကောက်ပွဲကို သန့်ရှင်းမျှတပြီး အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်စေရန် နိုင်ငံပေါင်း ၇ နိုင်ငံက ကူညီထောက် ပံ့မည်ဖြစ်ကြောင်း မတ်လ ၃ ရက်က ပူးတွဲကြေ ညာချက် တစ်စောင် ထုတ်ပြန် လိုက်သည်။မြန်မာနိုင်ငံ အပေါ် ရွေးကောက်ဆိုင်ရာ ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မတ်လ ၃ ရက်က သြစတြေးလျ၊ ဒိန်းမတ်၊ အီးယူ၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူနိုက်တက် ကင်းဒမ်းနှင့် အမေရိကန် သံရုံးတို့က ပူးတွဲကြေညာချက် ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။


အဆိုပါ နိုင်ငံများ အနေဖြင့် သန့်ရှင်း မျှတပွင့် လင်းမြင်သာ၍ အလုံး စုံအောင်မြင်သောရွေးကောက်ပွဲ လုပ်ငန်းစဉ် တစ်ခုဖြစ်စေ ရန်ရွေးကောက်ပွဲတွင် သက် ဆိုင်သူများ အားလုံးနှင့်ရွေးကောက်ပွဲ လုပ်ငန်းစဉ် တစ်လျှောက် အတူတကွ ပူးတွဲ လုပ်ဆောင်သွားပေး ရမည်ဟုလည်း ဆိုထားသည်။

အဆိုပါ ကြေညာချက်တွင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ကြို ဆိုကြောင်းမြန်မာ အစိုးရ၏ ၂၀၁၅နှစ် ကုန်ပိုင်းတွင် ကျင်းပ မည့်ရွေးကောက်ပွဲသည် သမိုင်းဝင် မှတ်ကျောက်တင် မည်ဖြစ်ပြီး ကမ္ဘာ့ တွင်မြန်မာသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် သို့ရောက်နေ ပြီဖြစ်ကြောင်း ၊နိုင်ငံရေးပြုပြင်ပြောင်း လဲမှုကို လုပ်ဆောင် လျက်ရှိကြောင်း သက်သေ ခံမည့် အရာ ဟု ဆိုထားသည်။

ထို့ပြင် အပြည်ပြည် ဆိုင်ရာတွင် ကျင့်သုံးနေသည့် အကောင်း ဆုံးအလေ့ အထများ အရ ၄င်းတို့မှ အစိုးရနှင့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်း များကို ဤရွေးကောက်ပွဲ လုပ်ငန်းစဉ် ကာလအတွင်း ညှိ နှိုင်းဆောင်ရွက်ပြီး ကူညီထောက်ပံ့ ပေးမည် ဟုဖော်ပြ ထားသည်။

ထိုသို့ ကူညီထောက်ပံ့မှုများ မြန်မာ့ရွေးကောက်ပွဲအတွက် ကောင်းမွန်သော်လည်း အစိုးရဖြင့်အသေးစိတ်ညှိနှိုင်း မှုမျိုးမရှိပါကရွေးကောက် ပွဲလွဲချော်မှု များဖြစ် မည်ကို စိုးရိမ်မိ သည်ဟု လည်း ဒီမိုက ရက်တစ်(မြန်မာ)ပါတီ အတွင်းရေး မှူးဒေါ်သန်း သန်းနုက ဆိုသည်။

"ကူညီမယ့် ပြည်ပအစိုးရတွေက သိပ်ပြီးအတွင်းကျကျ ဝင်စွက်ဖက်ရင်တော့ထားတဲ့စေတ နာနဲ့ကွဲပြားတဲ့ ရလာဒ်တွေ ရမှာစိုးရိမ်တယ်” ဟု ၎င်း ကပြောသည်။

၎င်းတို့က ပွင့်လင်းမြင်သာမှု ခြုံငုံမှုရှိခြင်းနှင့် လူသားချင်းစာ နာထောက်ထားမှု စသော မူဝါဒ စည်းကမ်းများကို အလေးထား လိုက်နာသွား မည်ဖြစ်ပြီး ၎င်းတို့၏ ကူညီမှု ရည်ရွယ်ချက် သည်မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်းကို စတင်ပုံဖော်ပေးရန် အတွက်ဖြစ် သည်ဟု ထုတ်ပြန် ထားသည်။

၎င်းတို့အနေဖြင့် သန့်ရှင်းမျှတ ယုံကြည် စိတ်ချ ပွင့်လင်းမြင် သာအောင်မြင် မှုရှိသောရွေးကောက် ပွဲဖြစ် လာစေရန်
နိုင်ငံတကာစံနှုန်း မီစေ ရန်မြှင့်တင်ခြင်း ၊ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးဆိုင်ရာ မူဘောင်ကို စတင်ခြင်းရွေး ကောက်ပွဲတွင် ပါဝင်သည့် အဖွဲ့အစည်းများ၏ လုပ်နိုင်စွမ်းကို မြှင့်တင်၍ ဒီမို ကရေ စီကျသော နိုင်ငံရေးယှဉ်ပြိုင်မှုကို မြှင့်တင်ပေးခြင်း၊ လူထု အခြေပြု အဖွဲ့အစည်းများနှင့် မီဒီယာအဖွဲ့အစည်းများကို မဲဆန္ဒပေးခြင်း ဆိုင်ရာ ပညာပေးခြင်း နှင့်ေ ရွးကောက် ပွဲတွင် ပါဝင်ကူညီထောက်ပံ့ပေးခြင်း တို့ကို လုပ်ဆောင်ပြီး မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြော ဆိုခွင့်၊ လူမျိုးရေးခွဲခြား မှုမရှိခြ င်းနှင့် လူသားတိုင်းနှင့်ဆိုင်သည့်အခွင့်အရေး နှင့် လူသားတိုင်းကို ကာကွယ်ခြင်းသည် ယုံကြည်စိတ်ချရသည့် ရွေးကောက် ပွဲ၏ အဓိကကျသော အချက်များဖြစ် ပါသည်ဟုလည်း ဆိုထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List