Thursday, March 05, 2015

၎ တန်းနှင့် ၈ တန်း မေးခွန်းလွှာပေါက်ကြားမှု ပညာရေးဝန်ကြီးဌာနစုံစမ်းနေ တွေ့ရှိက ထိရောက်စွာ အရေးယူမည်ဟုဆို


၁၉၉ဝ နောက်ပိုင်း ပြန်လည် စစ်ဆေးသည့် ၄ တန်းနှင့် ၈ တန်း ခရိုင်စစ်၊ တိုင်းဒေသကြီး ပြည်နယ်စစ် စာမေးပွဲ၌ မေးခွန်းလွှာ အချို့ ပြင်ပသို့ ကြိုတင်ပေါက်ကြားမှုများ ရှိခဲ့သဖြင့် လက်ရှိတွင်ပညာရေး ဝန်ကြီး ဌာနက စုံစမ်းနေကြောင်း သတင်းရရှိသည်။
ထပ်တူ နီးပါးကျသည့် မေး ခွန်းလွှာများသည် ပြင်ပတွင် ကြို တင်ပေါက်ကြားမှု ဖြစ်ပေါ်ခဲ့သည် မှာ မှန် ကန်ကြောင်းနှင့် အဆိုပါနေရာကို စုံစမ်း စစ်ဆေး မှုတို့ ပြုလုပ်နေပါကြောင်း အမှတ် (၂) အခြေခံ ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတည် ပြု ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း တွင်ဖြစ်ပေါ်ခဲ့ရာ ¤င်းနေရာ အပါ အဝင် ကျန်သည့်နေရာတွင် အဆိုပါဖြစ်ရပ် မျိုး ရှိ မရှိ စစ်ဆေး နေသည်ဟု ၄င်းက ဆိုသည်။

”တိတိကျကျကို ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ”ဟုညွှန်ကြား ရေးမှူးချုပ်က ပြောသည်။

ဒီဇင်ဘာလအတွင်း စစ်ဆေး ခဲ့သော ၄ တန်းနှင့် ၈ တန်း အစမ်းစာမေးပွဲအပါအဝင် ယခုလ စစ်ဆေးခဲ့သည့် စာမေးပွဲအတွင်း မေးခွန်းလွှာများ၌ စာလုံးပေါင်း သတ်ပုံများ မှားယွင်းမှုများ ရှိခဲ့ပြီး နောက် မေးခွန်းလွှာ
ပေါက်ကြား မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်ယင်းဖြစ်ရပ်အပေါ် ကိုင်တွယ် သည့်သူ များ ညံ့ဖျင်းသည်ဟု ပညာရေးကဏ္ဍအတွင်းဝေဖန်မှုများ ရှိနေကြသည်။

ရန်ကုန်တက္ကသိုလ် မြန်မာစာ ဌာနမှ ဦးသာချိုက စာလုံးပေါင်း မှားယွင်းမှုသည် ပုံနှိပ်ရိုက်နှိပ်သူ၏ အမှား လည်း ဖြစ်နိုင်သည့်အတွက် ဆိုးရွားသည်ဟု မဝေဖန်လိုသော် လည်း မေးခွန်းလွှာ ပေါက်ကြားမှု၌မူ မေး ခွန်းထုတ်စရာများ ရှိသည် ဟု ပြောသည်။

”ဒါ မဖြစ်သင့်ဘူးလေ” ဟု ဦးသာချိုက ဆိုသည်။

၎ တန်းကို သက်ဆိုင်ရာ ခရိုင် အဆင့်ကလည်းကောင်း၊ ၈ တန်း စာမေးပွဲမေးခွန်းကို သက်ဆိုင်ရာ တိုင်းဒေ သကြီးနှင့် ပြည်နယ်က လည်းကောင်း   မေးခွန်းထုတ်ခဲ့ကြ သည်။

တက္ကသိုလ်ဝင် စာမေးပွဲ မေး ခွန်းလွှာ ပေါက်ကြားမှုအချို့ ရှိခဲ့ဖူး သဖြင့် နိုင်ငံတွင် မေးခွန်းတစ်စုံတည်း ထုတ် ခဲ့ရာမှ မေးခွန်း ၁၁ စုံထုတ် ခဲ့ရသည် အထိ ဖြစ်ခဲ့သည်။

ယခုနှစ်တွင်ပြည်တွင်းအတွက် မေးခွန်းတစ်စုံ၊ ပြည်ပစာစစ်ဌာန အတွက် မေးခွန်းတစ်စုံ ထုတ်မည် ဖြစ်ရာ ၄ တန်းနှင့် ၈ တန်းကဲ့သို့ မေးခွန်းလွှာေ ပါက်ခြင်းတို့ ဖြစ် ပေါ်မည်ကို စိုးရိမ်စရာရှိလာသည် ဟု ပညာရေး အသိုင်းအဝိုင်းက ထောက်ပြနေကြသည်။


Popular Myanmar News Journal

No comments:

Post a Comment

My Blog List