Thursday, March 05, 2015

ကျောင်းသားသပိတ်နှင့် ပြည်ထဲရေးယိမ်း


မတ်လ၏ပူပြင်းသော နေရောင်အောက်တွင်   လူအုပ်စု နှစ်ခု ထိပ်တိုက်ဖြစ် နေကြသည့် တစ်ဖက် က ကျောင်းသား၊ တစ်ဖက်က ရဲတပ်ဖွဲ့ဝင်များဖြစ်သည်။ ရန်ကုန်မြို့သို့ ချီတက်လာမည့် ကျောင်းသား များ ရှေ့မတိုးနိုင် အောင် ရဲတပ်ဖွဲ့ဝင်များက တားဆီးထားပြီး ကျောင်းသားများ အကြမ်းဖက်ဖြိုခွင်း ခံရမည်ကို ပြည်သူများက စိုးရိမ်နေခဲ့ကြသည်။
ထိုအခြေအနေမျိုးဖြစ်နေ သော နှစ်ဖက်အဖွဲ့အစည်းအား သီဆိုဖျော်ဖြေရန် လွတ်လပ်ငြိမ်း ချမ်းပန်းရဲ့ လမ်းအဖွဲ့မှ ပင်တိုင် အဆိုရှင် ကိုတိုးလွင် တစ်ယောက် သည် ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် ရောက်ရှိ လာခဲ့သည်။ သီချင်းမဆို မီ နှစ်ဖက်လူအုပ်ကြီးကို  ကိုတိုး လွင်က   မိတ်ဆက်စကားပြော လိုက်သည်။

‘‘ဒီသီချင်းအား ငြိမ်းချမ်းရေး သီချင်းဖြစ်ပါတယ်။ ဟိုဘက်မှာ ရှိနေတဲ့ ရဲဘော်တွေရော ကျွန် တော် တို့ ကျောင်းသားရဲဘော်တွေ ရော နားဆင်နိုင်ပါတယ်’’ ဟု လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း အဖွဲ့မှ ကိုတိုးလွင်ပြောပြီးနောက် အသင့်ယူလာသော ဂစ်တာအား စတင်တီးခတ်လိုက်သည်။

‘‘အချင်းချင်းတွေကွယ့် စစ် မဖြစ်ကြနဲ့ ရှေးရှေးတုန်းကထက် ပိုမိုချစ်ကြကွယ်...’’

ထိုသီချင်းသံကြားပြီးနောက် ရဲတပ်ဖွဲ့ဝင်များ၏ မျက်နှာအမူအရာ ပြောင်းလဲလာသည်။ ထိပ်တိုက်ရင်ဆိုင်နေ ရသော ရဲတပ်သားများနှင့် ကျောင်းသားများသည် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခြင်းမရှိဘဲ မိတ်ဆွေဖွဲ့ စကားပြော လာကြသည်။

‘‘ပဲကြီးလှော်ကြား ဆားညပ် ခံရတာ။ ကျွန်တော်တို့လည်း ဘယ်လိုမှ မလုပ်ချင်ဘူး။ ကျွန် တော်တို့ လည်း ကျောင်းသားဘ၀ က လာခဲ့တာပဲ။ နားလည်မှုတွေ ရှိပါတယ်။ အစိုးရက လိုက်လျော ပေးလိုက်စေ ချင်တယ်’’ ဟု ဖေ ဖော်ဝါရီ ၃ ရက်က သပိတ် ကျောင်းသားများနှင့် ထိပ်တိုက် ရင်ဆိုင်တွေ့ချိန်တွင် ရှေ့ဆုံး တန်းမှ နေရာယူထားသော  အ သက် (၃၀) အရွယ် ရဲတပ်သား တစ်ဦးက စိတ်မကောင်းသည့် လေ သံဖြင့် ပြောသည်။

ထို့အပြင် လက်များဖြန့်၍ သပိတ်မှောက်ကျောင်းသားများကို တားဆီးရန် ပြင်ဆင်နေသော ရဲ တပ်ဖွဲ့ဝင် များသည် အကြမ်းဖက် ဖြိုခွင်းမည့်ပုံစံ   မကျရောက်ဘဲ သင်္ကြန်ယိမ်းကရန် လေ့ကျင့်နေ သည့် ပုံစံဖြင့် တူနေကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားကြသည်။

လက်ဖြန့်ကာ ယိမ်းကမည့် သဏ္ဌာန်ရှိနေသော ရဲမေများနှင့် ရဲတပ်သားများတွင်   သပိတ် မှောက်ကျောင်း သားများကို  ဖြို ခွင်းရန် အသုံးပြုလေ့ရှိသော သေ နတ်၊ တုတ်၊ ဒိုင်းစသည့် ရဲအသုံး အဆောင်ပစ္စည်းများ ကိုင်ဆောင် ထားခြင်းမရှိပေ။

သပိတ်ကျောင်းသားများ ကို တားဆီးရန် ပြင်ဆင်နေသည့် ရဲတပ်သားများသည်   ကျောင်း သားများနှင့် ၁၅ ပေအကွာတွင် တားဆီးကာကွယ်ရန် ဖြန့်ထားသည့်လက်များက တုန်နေသည်ကိုတွေ့ရ သည်။ ရဲတပ်သားများ၏ မျက်နှာအမူအရာသည် မာကျောခက်ထန်မနေဘဲ ညှိုးငယ်နေပြီး စိတ်မကောင်းသည့် မျက်နှာအနေအ ထား ဖြစ်နေသည်ကို တွေ့ရသည်။

အမျိုးသားပညာရေးဥပဒေ ကို ဆန့်ကျင်သပိတ်မှောက်သည့် မန္တလေးမှ ရန်ကုန်သို့ ချီတက်လာ သော သပိတ်စစ်ကျောင်းမှာ ကျောင်းသားများ တောင်းဆို သည့် အချက် ၁၁ ချက်ကို အစိုး ရမှ သဘောတူခဲ့သဖြင့် လက်ပံ တန်းမြို့တွင် ခေတ္တရပ်နားထားခဲ့သည်။ သဘောတူညီမှုအတိုင်း NNER နှင့် ကျောင်းသားများရေးစွဲ ထားသည့် အမျိုးသားပညာရေးဥပဒေအား လွှတ်တော်သို့ တင်ရာတွင် မကျေလည်မှုများ ရှိလာခဲ့သည်။

ထို့ကြောင့် ကျောင်းသားများ မှာ လက်ပံတန်းတွင် ရပ်နားထား သော   သပိတ်စစ်ကြောင်းကို မတ်လ ၁ ရက်တွင် ရန်ကုန်မြို့သို့ ချီတက်မည်ဟု   ဆုံးဖြတ်ခဲ့ကြ သည်။  ထိုနေ့မတိုင်မီ  တစ်ရက် အလိုတွင် ပြည် ထဲရေးဝန်ကြီး ဌာန ရန်ကုန်မြို့သို့ ချီတက်လာပါ က တည်ဆဲဥပဒေများအရ အ ရေးယူမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ရာဇသံပေးသော်လည်း ကျောင်း သားများမှာ ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၀ နာရီ အချိန်တွင် ၎င်းတို့ တည်းခိုသည့် အောင်မြေဗိမာန် ကျောင်းတိုက်မှ စတင်ထွက်ခွာခဲ့ သည်။ ထိုအချိန်တွင် အသင့် စောင့်နေသော ရဲတပ်ဖွဲ့ဝင်အင် အား ၃၀၀ ကျော်က လူချင်းခပ်စိပ် စိပ်ကပ်ကာ ကျောင်းသားများ လာရောက်မည့် လမ်းကို ပိတ်ဆို့ ထားလိုက်သည်။

ရှေ့ဆုံးတန်းတွင် နေရာယူ ထားသည့် ရဲမေများနှင့် ရဲတပ် သားများသည် ဘယ်ဘက်လက်က ဘေးတွင် ရှိသော ရဲတပ်သား၏ ခါးကိုဖက်ကာ ညာဘက်လက်က လက်ဖြန့်၍ တားဆီးရန် ပြင် ဆင်ထားကြပေသည်။

ပိတ်ဆို့ထားသော ရဲ တပ်ဖွဲ့အင်အား ၃၀၀ ကျော်၏ ရှေ့ဆုံးတန်းတွင် နေရာယူထားသော ၃၀ ခန့်ရှိသည့် ရဲတပ်သားများနှင့် ရဲမေများက လက်များ ဖြန့်ကာ သပိတ်မှောက်ကျောင်းသားများကို တားဆီးနေပြီး ကျောင်း သား များအား အကြမ်းဖက်ဖြိုခွင်းရန် စိတ်ဆန္ဒနှင့် ပတ်သက်၍ ကျောင်းသားများနှင့် ထိပ်တိုက်ရင်ဆိုင်ရ မည့် ရှေ့ဆုံးတန်းတွင် နေရာယူထားသော ရဲတပ်သား ၁၀ဦးခန့်ကို7Day က မေးမြန်းရာ ကျောင်းသားများကို ရိုက်နှက်မှုများ မလုပ်လိုဟု ၎င်းတို့က ပြောကြားသည်။

ကျောင်းသားများအား တား ဆီးရန် တာဝန်ယူထားသည့် ရဲ တပ်သားအချို့တွင် ကျောင်းသား များတောင်း ဆိုသည့် အချက် (၁၁) ချက်ကို သဘောတူသည့် ရဲတပ် သားအချို့လည်း ပါဝင်နေ ကြောင်း 7Day က လိုက်လံမေး မြန်းစဉ်က သိရသည်။

 ‘‘ကျွန်တော့်မှာလည်း ကျောင်းသား သားသမီးတွေရှိပါ တယ်။ သူတို့တောင်းဆိုတဲ့ အ ချက်တွေသာ လူကြီးတွေက သ ဘောတူရင် ကျွန်တော်တို့ သား သမီးတွေ ပိုက်ဆံမကုန်ဘဲ ပညာ သင်ရတော့မယ်။ အခု ကျောင်းထားဖို့က အတော်ပိုက်ဆံကုန် တယ်’’ ဟု အသက် (၅၀) ကျော် အရွယ် ရဲတပ်သားတစ်ဦး က ပြောသည်။

သပိတ်ကျောင်းသားများ ကို  တားဆီးရန် ပြင်ဆင်နေရာယူ လုပ်ဆောင်မှုများသည် ဥရောပ သမဂ္ဂ (အီးယူ) က သင်တန်း ပေးထားသည့်အတိုင်း လုပ်ဆောင် နေခြင်းဖြစ်ကြောင်း လက်ပံတန်း မြို့တွင် သပိတ်မှောက် ကျောင်းသားများအား တားဆီးရန် လာ ရောက်ကွပ်ကဲနေသော ရဲမှူးကြီး မိုးသန်းအောင်က ပြောသည်။

‘‘ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ပြည်ထဲရေးယိမ်းလို့ ပြောနေကြ တယ်။ ဒါက ဥရောပသမဂ္ဂက သင်တန်းပေး ထားတဲ့ အတိုင်းပါ။ ရင်ဆိုင်တွေ့လာမယ့် သူဟာ ဘာ လက်နက်မှမပါလို့ သူတို့လည်း လက်နဲ့ပဲ သိမ်းသွင်း တားဆီးမယ့် သဘောပေါ့’’ ဟု ရဲတပ်သားများ လက်များဖြန့်ကာ တားဆီးနေသည့် ပုံစံအကြောင်းနှင့် ပတ်သက် ပြီး ရဲမှူးကြီး မိုးသန်းအောင်က ပြောသည်။

ဖေဖော်ဝါရီ ၃ ရက်နေ့ လယ်တွင် ကျောင်းသားများနှင့် ရဲတပ်သားများသည် ထိပ်တိုက် ရင်ဆိုင်တွေ့ဆုံနေ ရာမှ အချင်းချင်းမိတ်ဖွဲ့၍ စကားပြောဆိုမှုများ စတင်ပြုလုပ်လာသည်။ သပိတ်ကျောင်းသားများက ရေသန့်ဘူး များနှင့် မုန့်များကို  ရဲတပ်သားများအား ပေးခြင်း၊ နောက်ပိုင်းတွင် အချင်းချင်းဖုန်းများဖြင့် ဓာတ်ပုံရိုက်ခြင်း ၊  နောက်ပြောင်မှုများ ပြုလုပ်လာကြသည်ကို    တွေ့ရ သည်။

‘‘ရဲတပ်သားတွေနဲ့ ကျောင်း သားတွေ စကားပြောပြီး မိတ်ဖွဲ့ နေတာ မြင်ရတော့ ကြည်နူးမိသလို စိတ်ထဲ လည်း မကောင်းဘူး။ ရဲတပ်သားတွေက ကျောင်းသား တွေအပေါ်ကို အမြင်မစောင်းဘူး ဗျ’’ ဟု ကုမုဒြာ ဂျာနယ်မှ ဓာတ်ပုံ သတင်းထောက်   ကိုမျိုးခိုင်က ပြောသည်။

သပိတ်ကျောင်းသားများနှင့် တားဆီးရန် တာဝန်ယူထားရ သော ရဲတပ်သားများသည် တစ် ပေအကွာသာ ရှိနေပြီး အလယ် တွင် တားဆီးကန့်သတ်ထားခြင်း မရှိပေ။ ဖေဖော်ဝါရီ ၄ ရက်တွင် ကျောင်းသားများနှင့် ရဲတပ်သား များ ရောထွေးနေမှုကြောင့် ရဲအ ရာရှိကြီးများက အလယ်တွင် သံ ဆူးကြိုးအတားအဆီးများချ၍ ကန့်သတ်လိုက်သည်။

ကျောင်းသားများနှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံနေမှုသည် နှစ် ရက်ကြာမြင့်ပြီဖြစ်သော်လည်း မတ်လ ၄ရက်တွင် သပိတ် စစ်ကြောင်းမှာ အထိုင်သပိတ်ဖြင့် ဆက်လက်သပိတ်မှောက်ပြီး ရဲ တပ်ဖွဲ့ဝင်များကလည်း ၀ိုင်းဝန်း ပိတ်ဆို့ထားဆဲ။ ပြည်သူများက တော့ သပိတ်စစ်ကြောင်းကိုအင် အားသုံးဖြိုခွဲမည်ကို စိုးရိမ်နေကြ သည်။  ကျောင်းသားများခေါင်း ဆောင်သော ဦးသန့်အရေးအခင်း နှင့် ရှစ်လေးလုံးအရေးအခင်းတွင် မူ  တပ်မတော်မှ  လက်နက်မဲ့ကျောင်းသားများအား  အကြမ်းဖက်ဖြိုခွဲ ခဲ့ကြဖူးသည်။ 

လက်နက်မဲ့  လူအုပ်ကြီးထဲ  သေနတ်ဖြင့်ပစ်ခတ်ဖြိုခွဲသည်။ ထိုအချိန်က အမိန့်ပေးခဲ့သူများမှာ  ယခုအချိန် တွင် သမိုင်းတရားခံများ ဖြစ်နေကြပြီဖြစ် သည်။

ယခုတစ်ကြိမ်တွင်တော့ နှစ်ဖက်ဆွေးနွေးညှိနှိုင်းပြီး ရလဒ်ကောင်းများ   ထွက်ပေါ်လာရန် မျှော်လင့်နေကြ ဆဲ။

7Day News Journal

No comments:

Post a Comment

My Blog List