Friday, March 06, 2015

အင်ဒိုနီးရှားတွင် သေဒဏ်ပေးခံထား ရသော သြစတြေးလျသား (၂) ဦးကို အကျဉ်းသားချင်း လဲလှယ်မည်ဟု သြစတြေးလျ ကမ်းလှမ်း


မူးယစ်ဆေး မှောင်ခိုမှုဖြင့် အင်ဒိုနီးရှားတွင် သေဒဏ်ချမှတ်ခံထား ရသော သြစတြေးလျ နိုင်ငံသား နှစ်ဦးကို အကျဉ်းသား ချင်း လဲလှယ်ကာ နိုင်ငံသို့ ပြန်ခေါ်ခွင့်ပေးဖို့ သြစတြေးလျ အစိုးရက အင်ဒိုနီးရှားထံ ကမ်းလှမ်း ထားကြောင်း သိရသည်။ ဘာလီနိုင်း မူးယစ်မှောင်ခိုဂိုဏ်း ခေါင်းဆောင်များဖြစ်သည့် သြစတြေးလျ နိုင်ငံသား အင်ဒရူးချန်နှင့် မြူရန် ဆူကူမာရန်တို့ ကို သေနတ်ပစ် အဖွဲ့ဖြင့် သေဒဏ်ပေးမည့် ကျွန်းသို့ ဗုဒ္ဓဟူးနေ့က ရွှေ့ပြောင်း ထားရှိ လိုက်ပြီ ဖြစ်သည်။ 


သြစတြေးလျသည် ၎င်းတို့ နိုင်ငံသားကို နိုင်ငံသို့ ပြန်ခေါ်ကာ တရားစီရင် နိုင်ရန် အတွက် နောက်ဆုံး အဆင့် အားထုတ် ချက် အဖြစ် အကျဉ်းသားချင်း လဲလှယ်ဖို့ သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး ဂျူလီဘစ်ရှော့က အင်ဒို နိုင်ငံခြားရေး ၀န်ကြီး ရာနိုမာဆူဒီ ထံသို့ ကမ်းလှမ်း လိုက်ခြင်း ဖြစ်သည်။

၁၉၉၈ ခုနှစ်က မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရကာ သြစတြေးလျ အကျဉ်းထောင်တွင် ကျခံနေရသော အကျဉ်းသား သုံးဦးနှင့် လဲလှယ်ရန် ကမ်းလှမ်းကြောင်း သိရသည်။

ထိုသုံးဦးမှာ ခရစ္စတီတို မန်ဒါဂျီ၊ ဆဒ်ဆာရီဂါ နှင့် အစ္စမူနန်ဒါ တို့ဖြစ်သည်။

ထိုသုံးဦးသည် သင်္ဘော ကပ္ပတိန်၊ အရာရှိချုပ် နှင့် အင်ဂျင်နီယာချုပ်တို့ ဖြစ်ပြီး ဟီရိုးအင်း (၃၉၀) ကီလိုဂရမ် ခိုးသယ်လာ မှုဖြင့် ဆစ်ဒနီမြို့ မြောက်ဘက် ကီလိုမီတာ လေးရာ အကွာ မက်ကာရီ ဆိပ်ကမ်းတွင် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ 

သြစတြေးလျ ၀န်ကြီးချုပ် တိုနီအက်ဘော့ ကလည်း သြစတြေးလျ နိုင်ငံသား နှစ်ဦးကို သေဒဏ်မှ လွတ်ကင်း ခွင့်ပေးရန် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို ထံသို့ ဖုန်းဆက်ပန်ကြားခဲ့ သော်လည်း ထူးခြားမှု မရှိခဲ့။

Source: AFP
Messenger News Journal




No comments:

Post a Comment

My Blog List