Tuesday, March 03, 2015

မန္တလေးမဟာမုနိဘုရားကြီးဖွင့်ချိန်၊ ပိတ်ချိန် မူလအတိုင်းပြန်လည်သတ်မှတ်


ရာသီဥတုပြောင်းလဲလာ၍ မန္တလေးမဟာမုနိဘုရား ကြီးဖွင့်ချိန်၊ ပိတ်ချိန်ကို မူလအတိုင်း ပြန်လည်သတ်မှတ် လိုက် ကြောင်း သတင်းရရှိသည်။ မဟာမုနိဘုရားကြီး စောင်း တန်းတံခါးများ ဖွင့်ချိန်၊ ပိတ်ချိန် ကို ဆောင်း တွင်း ကာလရာသီဥတု အခြေအနေအရ နိုဝင်ဘာ ၇ ရက်မှ စတင်၍ နံနက် ၄ နာရီခွဲမှ ည ၈ နာရီအထိသာ  ဖွင့်လှစ်ခဲ့သည်။
ယခုအခါ ရာသီဥတုပုံမှန် ပြန်ဖြစ်လာသဖြင့် လာမည့် မတ် လ ၅ ရက် (တပေါင်းလပြည့်ကျော် ၁ ရက်)မှ စတင်၍ ယခင်အတိုင်း နံနက် ၄ နာရီမှ ည ၉ နာရီအထိ ပြန်လည်ဖွင့်ပေးသွားမည်ဖြစ် ကြောင်း မန္တလေး မဟာမုနိဘုရား ကြီး ဂေါပကအဖွဲ့ကပြောကြား သည်။

‘‘အရုဏ်တက်ချိန်ပြောင်း သွားလို့ ရှေးထုံးအစဉ်အလာအတိုင်း ပြောင်း တာပါ။ ဆောင်းအ ၀င်မှာ တစ်ကြိမ်၊ ဆောင်းအထွက်မှာတစ်ကြိမ် ဘုရားဖွင့်ချိန်၊ ပိတ် ချိန်ကို ပြောင်းရတတ်ပါတယ်’’ ဟု ဂေါပက အဖွဲ့မှ အတွင်းရေး မှူး ဦးစိန်သင်ကပြောကြားသည်။

မဟာမုနိဘုရားကြီး ပလ္လင် တော်အတွင်း ပထမတံခါးကိုမူ ယခင်အတိုင်း နံနက် ၄ နာရီမှ ညနေ ၄ နာရီ အထိနှင့် ဒုတိယတံ ခါးကို ည ၇ နာရီအထိ ဖွင့်လှစ် ထားမည်ဖြစ်သည်။ ဂေါပကအဖွဲ့ က ပြောသည်။ မန္တလေးမြို့ရှိမဟာမုနိဘုရားကြီးသို့ ပြည်တွင်း၊ ပြည်ပဧည့်သည်များ နေ့စဉ် သောင်းချီလာရောက်ဖူးမြော်လေ့ ရှိပြီး နေ့စဉ်နံနက် အရုဏ်နှင့် ည နေပိုင်းတွင်   ပိုမိုစည်ကားလေ့ ရှိသည်။ စနေ၊ တနင်္ဂနွေနှင့် အခါ ကြီးရက် ကြီးများတွင် လူဦးရေ သောင်းနှင့်ချီ  လာရောက်ဖူး မြော်လေ့ရှိကြောင်း မဟာမုနိဘု ရားကြီး ဂေါပကအဖွဲ့မှ သတင်း ရရှိသည်။


7Day News Journal

No comments:

Post a Comment

My Blog List