Thursday, March 05, 2015

လတ်တလောဆန္ဒပြမှုများကြောင့် စစ်အုပ်ချုပ်ရေးခေတ်သို့ ပြန်ရောက် သွားနိုင်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးသတိပေး


အလုပ်သမား ဆန္ဒပြမှုများနှင့် ကျောင်းသား ဆန္ဒပြမှုများကြောင့်စစ်အုပ်ချုပ်ရေးခေတ်သို့ ပြန်လည် ရောက်ရှိ သွားနိုင်သည်ဟု ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမားရေးဝန်ကြီးနှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။
မတ် ၂ ရက်က အင်းစိန်မြို့နယ်၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာ ညှိနှိုင်းဆွေး နွေးရေးအဖွဲ့ စာနယ်ဇင်းရှင်းလင်းပွဲတွင် ထိုကဲ့သို့ပြော ခြင်းဖြစ်သည်။

''ဒီလိုမျိုး ဆူဆူပူပူ၊ ရမ်းရမ်းကားကားလုပ်လို့ စစ် အုပ်ချုပ်ရေး ပြန်ဖြစ်သွားရင် အားလုံးမှာ တာဝန်ရှိပါ တယ်''ဟု ဦးဇော်အေးမောင်က ဆိုသည်။

ထိုသို့ ဆူပူမှုများကြောင့် ရန်ကုန်တွင် မငြိမ်မသက် ဖြစ်လျှင် ပုဒ်မ ၁၄၄ ထုတ်ရမည့် အခြေအနေများအ ထိ ဖြစ်လာနိုင်ပြီး နိုင်ငံ၏ွီဏ ထုတ်လုပ်မှု ရာခိုင်နှုန်း ၈ဝ အထိကျဆင်းနိုင်၍ ပြည်သူလူထု ဒုက္ခရောက် သွား နိုင်သည်ဟု ယင်းကဆက်ပြောသည်။

''ဒီအခြေအနေတွေကြောင့် ရန်ကုန်မြို့မှာရှိတဲ့ လူ ဦးရေခုနစ်သန်းကျော် ဒုက္ခရောက်သွားနိုင်တယ်''ဟု ဦးဇော်အေးမောင်က ယူဆသည်။

ထိုသို့ပြောဆိုမှုနှင့် ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး လေ့သာသုံးသပ်သူ ဦး ကျော်လင်းဦးက အလုပ်သမားများ ဆန္ဒ ပြမှုများနှင့် ကျောင်းသားဆန္ဒပြ မှုများ သည် အစိုးရကအာဏာသိမ်းယူမှုအ ခြေအနေမရှိနိုင်သေးေ ကြာင်း ဖြေရှင်း ၍ရသည့် အခြေအနေတွင်သာ ရှိနေ သေးသည်ဟုသုံးသပ်သည်။

''နောက်ကြောင်း ပြန်လှည့်ဖို့ အင် မတန်စောလွန်းနေပါသေးတယ်။ တိုင်း ပြည်ကို ရှေ့ဆက်မရနိုင်လောက် တဲ့ ပြဿနာတွေမရှိသေးဘူး''ဟု ဦးကျော် လင်းဦးကဆိုသည်။

မြန်မာနိုင်ငံတွင် ရှေ့တိုးနောက် ဆုတ်လုပ်လို့မရနိုင်သည့် အခြေအနေမှသာ စစ်တပ်ကပူးပေါင်းဖြေရှင်း သည့် အခြေအနေမျိုးသာရှိခဲ့ကြောင်း ¤င်း ကဆက်လက်ပြောသည်။

အလုပ်သမားများအနေဖြင့်လည်း ရေရှည်အကျိုးကိုကြည့်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမည့်ကိစ္စနှင့်နှိုင်းယှဉ်ပြီးမှ စဉ်း စားဆုံးဖြတ်စေလိုကြောင်း ဦးကျော်လင်း ဦးက တိုက်တွန်းသည်။

''နို့မို့ဆိုရင် ပထမဆုံးအလုပ်သ မားတွေပဲ အလုပ်လက်မဲ့ဖြစ်ကုန်မှာ''ဟု ၄င်းကပြောသည်။

လူ့အခွင့်အရေးလှုပ်ရှားသူ ညီမျှ ခြင်း-မြန်မာမှဒါရိုက်တာ ဦးအောင်မျိုးမင်းက အလုပ်သမားဆန္ဒပြမှု များနှင့် ကျောင်းသားဆန္ဒပြမှုများကြောင့် စစ် အုပ်ချုပ်ရေး ခေတ်သို့ပြန်လည်ရောက် ရှိမသွားနိုင်သော်လည်း ထိုအခြေအနေ များကို အခွင့်ကောင်းယူ၍ စစ်အုပ်ချုပ် ရေးဖြစ်အောင် ဆောင်ရွက်နိုင်သည်ဟု သုံးသပ် သည်။

''ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြနေ တာကို အကြမ်းဖက်မှသာ စစ်အုပ်ချုပ် ရေးခေတ်ပြန်ဖြစ်နိုင်မှာပါ''ဟု ၄င်းက ဆိုသည်။

ယခင် စစ်အုပ်ချုပ်ရေးလက်ထက် ၌ ဖိနှိပ်မှုများရှိခဲ့သည့်အတွက် ယခုလို ဆန္ဒပြသပိတ်မှောက်မှု များဖြစ်ပေါ်နေ ရပြီး အကြမ်းဖက်ဖြိုခွင်းမှုများရှိခဲ့သည် ဟု ဦးအောင်မျိုးမင်းကပြောသည်။

''ဆန္ဒပြတာတွေကို အကြမ်းဖက် မယ့်ပုံစံတွေ၊ ဒီလိုပြောနေတာတွေက တော့ သံသယဖြစ်စရာတွေပါ''ဟု ၄င်းက ယူဆသည်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ် သူ ဦးကျော်လင်းဦးက တာဝန်ရှိသူများ မှ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးအ သိုင်း အဝိုင်းအတွင်း၌သာ ဝင်ရောက်ဖြေရှင်း ရမည်ဖြစ်ပြီးလမ်းပေါ်ထွက်တိုင်းနိုင်ငံ ရေးပြဿနာများ ဖြေ ရှင်းနိုင်မည်မဟုတ် ကြောင်း ဦးကျော်လင်းဦးကသုံးသပ်သည်။

''လမ်းပေါ်ထွက်တဲ့ ကိစ္စတွေကို ပြန်လည်သုံးသပ်စေချင်တယ်''ဟု ¤င်း ကဆိုသည်။ ၁၉၈၈ ခုနှစ် တွင် ပြည်သူလူထု လမ်းပေါ်ထွက်ဆန္ဒပြခဲ့သော်လည်း နိုင်ငံ ရေးပြဿနာတစ်ခုလုံးကို ဖြေရှင်း နိုင်ခဲ့ခြင်း မရှိကြောင်း၊ ၁၉၉၆-၁၉၉၈ ဆန္ဒပြမှုများလည်း မဖြေရှင်းနိုင်ခဲ့ကြောင်း၊ ၂ဝဝ၇ ခုနှစ် အထွေထွေအကျပ် အတည်း ကြောင့် လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်မှု များရှိခဲ့သော်လည်း ဖြေရှင်းနိုင်မှုမရှိခဲ့ ကြောင်း ၄င်းကပြောသည်။

#TheYangonTimes

No comments:

Post a Comment

My Blog List