Tuesday, March 03, 2015

ရခိုင်ဒေသမှဘင်္ဂါလီများ မြန်မာနိုင်ငံ၏ံဥပဒေများအား သိရန်လိုအပ်


ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများအနေဖြင့် မြန်မာနိုင်ငံတွင်နေ ထိုင်လျှင် မြန်မာနိုင်ငံ၏ဥပဒေကို သိရှိ လိုက်နာရန် လိုအပ်ကြောင်း ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင် အုန်းက ပြောကြားလိုက်သည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အပါ အဝင် ပြည်နယ်အစိုးရအဖွဲ့နှင့်စစ်တွေ မြို့နယ် ဒုက္ခသည်စခန်းအသီးသီးမှ ဘင်္ဂါလီ ကိုယ်စားလှယ်များ စစ်တွေ မြို့နယ်၊ သက္ကေပြင်ကျေးရွာ အလယ် တန်းကျောင်း၌ ဖေဖော်ဝါရီ ၂၄ ရက် တွေ့ဆုံစဉ်က ယင်းကဲ့သို့ ထည့်သွင်း ပြောခဲ့ခြင်းဖြစ်သည်။

‘ကျွန်တော်တို့ ဆောင်ရွက်ချက် တွေဟာ နိုင်ငံတကာအဖွဲ့အစည်း စံနှုန်းနဲ့ ကိုက်ညီအောင်လုပ်နေတာ ပါ။ နိုင်ငံတော်က သတ်မှတ်ထားတဲ့ အတိုင်း ဆောင်ရွက်သွားမယ်။ မြန်မာနိုင်ငံအတွင်းမှာနေရင် မြန် မာနိုင်ငံရဲ့ ဥပဒေကိုသိဖို့လိုတယ်’ဟု ရခိုင်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကဆို သည်။


ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေပုဒ်မ ၆/၁၁(ခ)နှင့် ၆/၄(၂) အရ နိုင်ငံသား ဖြစ် မှုများကို စိစစ်ဆောင်ရွက်ခြင်းကို ဇန်နဝါရီလမှစ၍ ရခိုင်တစ်ပြည်နယ် လုံး ဆောင်ရွက်နေရာတွင် အချို့မြို့ နယ်များရှိ ဘင်္ဂါလီများက မြန်မာနိုင်ငံတွင် တရားဝင်အသိအမှတ်မပြုသည့် ရိုဟင်ဂျာဟူသော အသုံး အနှုန်းဖြင့် တုံ့ပြန်မှုများရှိနေခဲ့ခြင်း ဖြစ်သည်။


‘အကြံပြုချင်တာကတော့ ခင် ဗျားတို့ သေချာစဉ်းစားဖို့လိုတယ်’ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ယင်း ကိစ္စ နှင့်ပတ်သက်၍ ပြောကြားလိုက်သည်။


ယာယီသက်သေခံကတ်ပြားနှင့် ပတ်သက်၍လည်း ဥပဒေဘောင်အတွင်းက ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ထည့်သွင်းပြောဆိုခဲ့သည်။


၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုကို ၂၀၁၄ ခုနှစ် မတ်လအတွင်းက ပြုလုပ်ခဲ့ရာ တွင်လည်း ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအများစုက လူမျိုးအမည်တွင် ရိုဟင်ဂျာဟုသုံးမှသန်းခေါင်စာ ရင်း ကောက်ခံမှုကို လက်ခံမည်ဟုဆိုကာ ကန့်ကွက်မှုများရှိခဲ့ခြင်းဖြစ်သည်။


MMK

The Ladies News Journal

No comments:

Post a Comment

My Blog List