Tuesday, March 03, 2015

သပိတ်စစ်ကြောင်းရန်ကုန်ဝင်မည့် ပုံစံနှင့်ပတ်သက်၍ အချက်ရှစ်ချက် အစိုးရထံတောင်းဆို



ပင်မသပိတ်စစ်ကြောင်းသည် ရန်ကုန်မြို့သို့ဝင်ရောက်မည့် အစီအစဉ်နှင့် ပတ်သက်၍ အချက် ရှစ်ချက်ကို အစိုးရထံတောင်းဆိုလိုက်ပြီး လိုက်လျောပါက ရန်ကုန်သို့ ၀င်ရောက်ရာတွင် အော် ဟစ်ဆူညံခြင်းများပြု လုပ်သွား မည်မဟုတ်ဘဲ ဖော်ပြထားသော အစီအစဉ်အတိုင်း ကားဖြင့်သာ ၀င်ရောက်မည်ဟု ပင်မကျောင်း သားသပိတ်ခေါင်းဆောင်များက ပြောကြား လိုက်သည်။
မတ်လ ၂ ရက်တွင်  ရဲတပ် ဖွဲ့၏ ၀ိုင်းထားခြင်းခံရသော ပင်မသပိတ် ကျောင်း သားများ သည် ယနေ့ (မတ်လ ၃ ရက်) နံနက် ၉ နာရီတွင် လက်ပံတန်းမြို့ မှ သာယာဝတီမြို့သို့ ချီတက်သွားမည်ဖြစ်ကြောင်း ပင်မသ ပိတ် ကျောင်း သားခေါင်းဆောင်များ ကပြောသည်။

ကျောင်းသားများက ၀င် ရောက်မည့်အစီအစဉ်ကို ဖျက် သိမ်းသွားမည်မဟုတ် ဘဲ ရန်ကုန်သို့ဝင်ရောက်မည့် အစီအစဉ်နှင့်ပတ်သက်၍ တောင်းဆိုချက် ရှစ်ချက်ကို ပဲခူးတိုင်းနယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းနှင့် ရန်ကုန်တိုင်းနယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းတို့ ထံပေးပို့ခဲ့သည်။

သပိတ်ကျောင်းသားများ သည် တောင်းဆိုသည့်အချက်များ မှာ လက်ပံတန်းမြို့မှ သာယာဝတီ မြို့ထိ ကျောင်း သားများ ယခင် လမ်းလျှောက်သည့်ပုံစံအတိုင်းချီ တက်ခွင့်ပေးရန်၊ ပြန်ကြားရေး ကားပါလိုက်ပါခွင့်ပြုရန်၊ သာယာဝတီမြို့မှ ရန်ကုန်မြို့သို့ ကားဖြင့်ချီတက်ရာတွင် အစိုးရက စီစဉ်ပေးထားသောကားဖြင့်မသွား ဘဲ ကျောင်းသားများ၏ ကားများဖြင့် သွားခွင့်ပေးရန်၊ကားများတွင် ကျောင်းသားအလံများ လွှင့်၍ ကား ကို ဖြည်းဖြည်းမောင်းခွင့်ပေးရန်၊ သီချင်းဖွင့်ခွင့်ပေးရန်၊ ရွှေတိဂုံစေတီတော်ရှိ ပထမကျောင်းသားသ ပိတ် ကျောက်တိုင်နှင့် ကျောင်း သားသမဂ္ဂ အဆောက်အအုံကိုဦးခိုက်ခွင့်ပေးရန်၊ ရန်ကုန်သို့ ချီ တက်မည့်ကျောင်းသားများယာဉ် တန်းနှင့် ခပ်လှမ်းလှမ်းအကွာမှ လုံခြုံရေးယူပေးရန်တို့ကိုခွင့်ပြုပြီး အ ပြန်တွင် ကိုယ့်အစီအစဉ်နှင့် ကိုယ် ပြန်ခွင့်ပြုရန် စသည်တို့ ပါဝင် သည်။

‘‘တောင်းဆိုချက် ရှစ်ချက် တောင်းဆိုထားတယ်။ အဲဒါတွေ ကို လိုက်လျောပေးမယ်ဆိုရင်ရန် ကုန်အ၀င် က နူးညံ့ပါတယ်။ သာယာဝတီမြို့ထိ လမ်းလျှောက်မယ်။ သာယာဝတီမြို့ကနေ ရန်ကုန်ကို ကားနဲ့ချီတက် မယ်။ အဲဒီမှာ ဘာမှမအော်ဘဲ တိတ်တိတ် လေးပဲဝင်မယ်။ ဒါပေမဲ့ ကားတွေ ပေါ်မှာတော့ အလံတွေ တပ်ဆင်ခွင့်ပေးရမယ်။ ရွှေတိဂုံက ကျောက်တိုင်နဲ့ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အ ဆောက် အအုံကို သွားရောက်ခွင့် ပေးရမယ်။ အချက်ရှစ်ချက်လိုက် လျောရင် အဲဒီပုံစံအတိုင်းရန်ကုန် ကိုဝင်မယ်’’ ဟု ပင်မသပိတ် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုအောင်မှိုင်းဆန်းက ပြောကြားသည်။

ပင်မ သပိတ်ကျောင်းသား များသည် မတ်လ ၂ရက်က လက် ပံတန်းမြို့မှ ထွက်ခွာရာတွင် အာဏာပိုင်များက ထွက်ခွာခွင့်မပေး ဘဲကျောင်းသားများတည်းခိုသော ဘုန်းကြီးကျောင်းကို ရဲတပ်ဖွဲ့ဝင် ငါးရာကျော်က ၀ိုင်း ထားခဲ့သည်။ ထိုသို့ ၀ိုင်းထားသောကြောင့် ကျောင်းသားများမှာ သာယာဝတီ မြို့သို့ ချီတက် လမ်းလျှောက်ခြင်း မရှိခဲ့ပေ။

‘‘မနက်ဖြန်တော့ ဘာပဲဖြစ် ဖြစ် သာယာဝတီကို ချီတက်မယ်။ သာယာဝတီကနေ ရန်ကုန်ကိုပုံစံ ပြောင်းပြီး ၀င်မယ်။ စာမေးပွဲဖြေ နေရတာတွေရှိတယ်ဆိုတာနား လည်တယ်။ အဲဒါတွေကြောင့် ကျွန်တော်တို့ဘက်က ပုံစံပြောင်း ပြီးလုပ်ပေးတာပါ’’ဟု ကျောင်း သားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြတ်သူကပြောသည်။

မန္တလေးမှရန်ကုန်သို့ ခရီး ရှည်ချီတက်လာသော ပင်မသပိတ်စစ်ကြောင်းသည် အခြေခံပညာကျောင်းများ စာမေးပွဲဖြေဆို ချိန်အတွင်း သပိတ်စစ်ကြောင်း ရောက်ရှိသည့် လက်ပံတန်းမြို့ တွင် ဖေဖော်ဝါရီ ၁၈ရက်မှ စတင်ကာ ၁၀ရက် ရပ်နားခဲ့သည်။ ထို သို့ ရပ်နားချိန်အတွင်း အမျိုးသားပညာရေးဥပဒေကို အတည်ပြုပေး ရန် တောင်းဆိုထားပြီး အတည်ပြုပေးနိုင်သော တိကျခိုင်မာသည့် ရလဒ်တစ်စုံတစ်ရာရရှိရန် တောင်းဆိုခဲ့ သည်။ ရန်ကုန်သို့ လမ်းလျှောက် ချီတက်နေသော ကျောင်းသားသပိတ်စစ်ကြောင်း လေးခု အနက်မှ သပိတ် စစ် ကြောင်း သုံးကြောင်းသည် ဖေဖော်ဝါရီ ၁၆ ရက်က ရပ်နားခဲ့ကြ သည်။

လက်ရှိအချိန်တွင် ပင်မသ ပိတ်စစ်ကြောင်းတစ်ကြောင်းသာ ရန်ကုန်သို့ ချီတက်နေခြင်းဖြစ် သည်။ ပင်မ သပိတ်စစ်ကြောင်း သည် ရန်ကုန်မြို့အတွင်းသို့ ၀င် ရောက်လာမည်ဆိုပါက နှစ်ရက် အကြာတွင် ပဲခူး တိုင်းနှင့် ရန်ကုန် တိုင်းနယ်ကြားသို့ ရောက်ရှိလာ မည်ဖြစ်သည်။

ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်း နယ်ကြားတွင် သပိတ်မှောက် ကျောင်းသားများကို တားဆီးရန် လုံခြုံရေးတပ်ဖွဲ့ ၀င်များကို ဖေ ဖော်ဝါရီ ၁၄ရက်ကတည်းကကြို တင်ချထားသည်။ ပညာရေးဥပ ဒေကြမ်းကို မတ်လ ၅ ရက်တွင် ကြားနာမည်ဖြစ်သောကြောင့် ဒီမို ကရေစီပညာရေး လှုပ်ရှားမှု ဦး ဆောင် ကော်မတီဝင် ကိုယ်စား လှယ်များ၊ နိုင်ငံရေးပါတီဝင်များ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဆွေးနွေးအကြံပြုမည့် ကိုယ်စားလှယ်များ အား ဖိတ်ကြားထား ကြောင်းသတင်းရရှိသည်။


7Day News Journal

No comments:

Post a Comment

My Blog List