Tuesday, March 03, 2015

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ထောက်ခံကြောင်း ခရစ်ယာန် အသင်းတော်များအကြံပြုစာ ပေးပို့


မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံးအတွက်လူ တိုင်းအကျုံးဝင် ပညာရေးဖြစ်လာ စေရန် အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ထောက်ခံကြောင်း ခရစ်ယာန်အသင်းတော်များ က ပြည်ထောင် စု လွှတ်တော်သို့ အကြံပြုစာပေးပို့ ထားသည်။
မြန်မာနိုင်ငံခရစ်ယာန်အ သင်းတော်များကောင်စီနှင့် မြန်မာ နိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် တို့က ဥပဒေကြမ်းတွင်ပါဝင်သော ‘အခြားဘာသာ ရေးအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေးကျောင်းများ’ နှင့်ပတ်သက်၍ ရှင်းလင်းအကြံပြု ချက်ပေးပို့ထားခြင်းဖြစ်သည်။

‘အခြားဘာသာရေးအဖွဲ့အ စည်းများမှ ဖွင့်လှစ်ထားသော ပညာရေးကျောင်း များ’ဆိုသည်မှာ နိုင်ငံတော်က အသိအမှတ်ပြု ပြ ဋ္ဌာန်းသည့် သင်ရိုးညွှန်း တမ်း၏ စံ ချိန်စံညွှန်းအတိုင်းသင်ကြားခြင်း ဖြစ်ပြီး ဘာသာရေး အတွေးအခေါ် အယူဝါဒကို သင်ကြားမည့် ကျောင်းအမျိုးအစား မဟုတ် ကြောင်း ခရစ်ယာန်အသင်းတော် များကဆိုသည်။

နိုင်ငံတော်၏ မူဝါဒလမ်းစဉ် နှင့်သွေဖည်ဆန့်ကျင်သည့် သီးခြား ဖွင့် လှစ်သောကျောင်းများမဟုတ်ဘဲ နိုင် ငံတော်၏ အမျိုးသားပညာ ရေးဥပဒေ မူဘောင်အတွင်း အ ရည်အချင်းပြည့်မီတိုးတက်ရေးဦး တည်ဖွင့် လှစ်သောကျောင်းဖြစ် ကြောင်း ရှင်းလင်းထားသည်။

ခရစ်ယာန် အသင်းတော် များသည် မြန်မာနိုင်ငံ၏ ပညာ ရေး လုပ်ငန်းစဉ် များတွင် အစဉ်တစိုက်ပါဝင် ခဲ့ပြီး ဝေးလံခေါင်ဖျား ဒေသများတွင် ပညာရေး လိုအပ် ချက်များကို ပံ့ပိုးဖြည့်ဆည်းခဲ့ သော သာဓကများစွာ ရှိခဲ့ကြောင်း အကြံပြုစာတွင် ဖော်ပြထား သည်။

ပညာရေးဥပဒေပြဋ္ဌာန်းရာ တွင် တန်းတူညီမျှသည့် တရားဥ ပဒေ၏ ကာကွယ်စောင့်ရှောက်မှုတွင် ပြည်သူ လူထုနှင့်အတူ ပူး ပေါင်းဆောင် ရွက်ရေးအတွက် ဥ ပဒေကြမ်းကို အတည်ပြုပေးရန် ခရစ်ယာန်အ သင်းတော် များက အကြံပြုထားခြင်းဖြစ်သည်။

ဗာတီကန်နန်းတော်၏ ရ ဟန်းအမတ်အဖြစ် ခန့်အပ်ခံထား ရသော ကာဒီနယ်ချားလ်စ်ဘိုကအမျိုးသား ပညာရေးဥပဒေပြင်ဆင် ရေးကျောင်းသား များတောင်းဆို ချက် (၁၁) ချက်ကို သဘောတူ ထောက် ခံကြောင်းပြောဆို ထား သည်။

7Day Daily

No comments:

Post a Comment

My Blog List