Thursday, March 05, 2015

ဆန္ဒပြအလုပ်သမားများကို အင်အားသုံးဖြိုခွဲ သတင်းထောက်နှစ်ဦးအား ဖမ်းဆီးစစ်ဆေးပြီး ပြန်လွှတ်




လုပ်ခလစာတိုးမြှင့်ပေး ရန်တစ်လကျော်ကြာတောင်းဆို ဆန္ဒပြနေသော အလုပ်သမားများကို မတ်လ ၄ ရက်ညနေတွင် ရဲတပ်ဖွဲ့ကဖြိုခွင်းရာ သပိတ်မှောက် အလုပ်သမားနှစ်ဆယ်ခန့်နှင့်အတူ သတင်းထောက် အချို့ ဖမ်းဆီး ခံခဲ့ရသည်။


ဆန္ဒပြအလုပ်သမားများမှာ အင်အား တစ်ရာခန့်ရှိပြီး ရဲတပ်ဖွဲ့ ၀င်များနှင့်အတူ ပါလာသော အရပ်ဝတ် အင်အားတစ်ထောင် ခန့်ဖြင့် ယမန်နေ့ ညနေ ၄ နာရီ ၄၅မိနစ်ဝန်းကျင်တွင် စတင်ဖြို ခွင်းခဲ့ပြီး ဖြိုခွင်းချိန် မိနစ်သုံး ဆယ်နီးပါးရှိခဲ့သည်။

ဆန္ဒပြ အလုပ်သမားများ ကို မဖြိုခွင်းမီ တညင်းကုန်း လမ်းဆုံမှ ရွှေပြည်သာမြို့အ၀င် အမှတ် ၄ လမ်းမတွင် ရဲတပ်ဖွဲ့ နှင့် အရပ်ဝတ်လုံခြုံရေးများက နှစ်ဖက်ညှပ်၍ ပိတ်ဆို့ထားခဲ့ သည်။ညနေ ၄ နာရီခန့်တွင် သပိတ် စစ်ကြောင်း၌ ပါဝင်သူများကို ဖမ်းဆီးတင်ဆောင်ရန် ဒိုင်နာကား ငါးစီးခန့် ရောက်ရှိလာခဲ့ပြီး အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများက အလုပ်သမားများအားပြန်ရန် သတိပေးခဲ့သည်။

အလုပ်သမားများကမပြန်ဘဲ ဖမ်းမည်ဆိုပါက အသာတကြည် ဖမ်းဆီးခံမည်ဖြစ်ပြီး အကြမ်းဖက်မှု မပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။

ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် ဆန္ဒပြအလုပ်သမားများကိုရဲတပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ်ဖြင့်ပုဂ္ဂိုလ်များက စတင်ဖြိုခွင်းပြီး သတင်းသမားအချို့ အပါအ ၀င် အလုပ်သမားများကိုအင်အား သုံးကာ ဖမ်းဆီး ခဲ့ခြင်းဖြစ် သည်။

‘‘တောင်းဆိုမှုရဖို့အတွက် ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆို တာပါ။ တကယ်လို့ သူတို့ဘက်က ဖမ်းဆီးမှုလုပ် ရင်လည်း အသာတကြည်အဖမ်းခံဖို့ ဆုံးဖြတ်ထားပြီးသားပါ။ အကြမ်းဖက်ဖမ်းဆီးမှုမလုပ်ဖို့ကိုလည်း ပြော ထားပြီးသားပါ’’ဟု Costec စက်ရုံမှ အလုပ်သမမခိုင်ခိုင်မိုးကသပိတ်စစ်ကြောင်းကို မဖြိုခွဲမီ ပြော သည်။
လုပ်သားအင်အားတစ်ရာ ခန့်ကတောင်းဆိုချက်များကို မ လိုက်လျောသဖြင့် သပိတ်စစ် ကြောင်း ပုံစံဖြင့် ထွက်လာခဲ့ခြင်းဖြစ်ပြီး ထိုင်သပိတ်အဖြစ်စက်ရုံ တွင် ကျန်ခဲ့သူများလည်းရှိသည် ဟု ၎င်းကဆိုသည်။

ထိုသို့ဖမ်းဆီးရာတွင်အလုပ်သမား ၂၀ဦးခန့်နှင့် ယင်းဖြစ်စဉ်ကိုသွားရောက်သတင်းယူသောသတင်းထောက် အချို့လည်း ရောနှောဖမ်းဆီးခြင်းခံခဲ့ရသည်။

ယင်းသို့ ဖမ်းဆီးရာတွင် 7Day Daily မှ ဓာတ်ပုံသတင်း ထောက်လည်း ဖမ်းဆီးခံခဲ့ရပြီး ရုန်းရင်းဆန် ခတ်ဖြစ်နေစဉ် သတင်းဓာတ်ပုံရယူရာတွင် ၎င်းကို သပိတ်ဖြိုခွင်းသူအချို့က အဓမ္မဆွဲယူဖမ်းဆီးခဲ့ပြီး သတင်းထောက် ဖြစ်ကြောင်းရှင်းပြမှုကိုလက်ခံခဲ့ ခြင်းမရှိဘဲ စုံစမ်းစစ်ဆေးရာနေ ရာသို့ခေါ်ဆောင် သွားခြင်းခံခဲ့ရ သည်။

‘‘ကျွန်တော်က သတင်းထောက်ကတ်ကိုလည်း အစောကြီးကတည်းက လည်ပင်းမှာဆွဲထားတယ်။ ရုန်းရင်း ဆန်ခတ်ဖြစ်လို့ သတင်းဓာတ်ပုံရိုက်တာ အတင်း လာဆွဲတယ်။ သတင်းထောက်ပါ ပြောလည်းမရဘူး။ သတင်းထောက်ကတ်ကို ဆွဲတာပြုတ်ထွက်သွားပြီးကား ပေါ်အတင်းဆွဲတင်တယ်’’ ဟု 7 Day Daily ၏ ဓာတ်ပုံသတင်းထောက် ကိုနစ်ကီကပြောသည်။

ဖမ်းဆီးခဲ့သော သတင်း ထောက်အချို့ကိုမူ ယင်းညနေမှာ ပင်ပြန်လည်လွှတ်ပေးခဲ့ပြီး ယင်း ဖြစ်စဉ်၌ သပိတ်ဖြိုခွဲရေးအဖွဲ့ အနေဖြင့် သတင်းထောက်များကို မှားယွင်းထိန်းသိမ်းခဲ့ကြောင်း အသိပေးပြီး ယင်းအ ချက်အားသိရှိကြောင်းလက်မှတ်ထိုးစေကာ ပြန်လွှတ်ပေးခဲ့ကြောင်းသိရှိရသည်။

ယင်းနေ့ည ၈ နာရီတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သတင်း ထုတ်ပြန်ရာတွင် သပိတ်အားဖယ်ရှားရှင်း လင်းခဲ့ရာ ကျားကိုးဦး၊ မခြောက်ဦး၊ စုစုပေါင်း ၁၅ ဦးကို စစ်ဆေးမေးမြန်းနိုင်ရန် မလွှဲမရှောင်သာ ယာယီထိန်း သိမ်းခဲ့ ရကြောင်းကြေညာခဲ့သည်။ အဆို ပါ ၁၅ဦးအား စိစစ်မေးမြန်းခဲ့ရာ DVB နှင့် 7Day သတင်းဌာနများ မှ သတင်းထောက်နှစ်ယောက်ပါဝင်ကြောင်း၊ ယင်းသတင်း ထောက်များအနေဖြင့် တရားမ ၀င်ဆန္ဒပြမှုနှင့် တိုက်ရိုက်ပါဝင် ပတ်သက်မှု မရှိကြောင်း စိစစ် တွေ့ရှိရသဖြင့် နောင်တွင် တာဝန်ရှိသူများက ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်ရန်အတွက် ဖယ် ရှားရှင်းလင်းပေးရန် သတိပေး မေတ္တာရပ်ခံချိန်တွင် တာဝန်သိမီဒီယာ သမား တစ်ဦးအနေဖြင့် ကျင့်ဝတ်နှင့်အညီဖယ်ရှားပေးရန် သတိပေး မှတ်တမ်းတင်၍ ပြန် လည်လွှတ်ပေး ပြီး ဖြစ်သည်ဟု ကြေညာသွားခဲ့သည်။

‘‘ကျင့်ဝတ်နဲ့အညီ ဆိုတာ ဘာကိုဆိုလိုတာလဲ။ စကားလုံး ကို လုံးသုပ်ပြီးပြောလို့မရဘူး။ ဘယ်ဟာကို သတင်းယူခွင့်မရှိဘူး ဆိုတာ ပြောထားတာရှိလို့လား။ အခြေခံဥပဒေအရ သတင်းမီဒီ ယာဥပဒေအရ လွတ်လပ်စွာသ တင်းရယူခွင့်ရှိတယ်ဆိုတာပါပြီး သားကိုဘာကြောင့် ဒီလိုပြောရ တာလဲ။ ကျင့်ဝတ်နဲ့မညီဘဲ သတင်းယူလို့ဆိုရင် ဥပဒေကြောင်း အရရင်ဆိုင်ဖို့အသင့်ပဲ’’ ဟု ဖမ်းဆီးခံရမှုတွင်ပါဝင်ခဲ့သည့် DVB သ တင်းဌာနမှသတင်းထောက်နှင့် ပတ်သက်၍ အစိုးရထုတ်ပြန်ချက် အပေါ် ယင်းသတင်းဌာနရန်ကုန် ဌာနခွဲ အကြီးအကဲ ဦးတိုးဇော် လတ်ကပြောသည်။

‘‘အစိုးရ ကြေညာသလို မ ဟုတ်ပါဘူး။ ကျွန်တော်တို့နဲ့သိတဲ့ ရဲမှူးမြင့်ထွေးရောက်လာပြီးမှား ယွင်းဖမ်းဆီး မိကြောင်းလက်မှတ် ထိုးခိုင်းပြီးပြန်လွှတ်ပေးလိုက်တာ ပါ’’ ဟု DVB သတင်းထောက်ကိုမျိုးဇော်လင်း ကပြောသည်။

ထို့အပြင် သတင်းထုတ်ပြန်ချက်တွင် ‘‘လုံခြုံရေး အဖွဲ့ဝင်များ နှင့်အတူ အနီးအနားရှိ မိဘပြည် သူများက ၀ိုင်းဝန်းဖယ်ရှားခဲ့သည်’’ ဟု သတင်းထုတ်ပြန်ခဲ့သော် လည်း ယင်းနေရာတွင်ရှိသူများက မူ အဆိုပါ အရပ်ဝတ်နှင့်လူများ အားမသိရှိကြကြောင်းဆိုသည်။ အဆိုပါအရပ်ဝတ်နှင့်လူများထဲတွင် လက်ပတ်အနီ ၀တ်ဆင်ထား သူများကိုလည်းတွေ့ရသည်။

သတင်းထောက်များအား ဖမ်းဆီးမှုပြုလုပ်ရာတွင် တရားခံ ဖမ်းဆီးသကဲ့သို့ ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံ လုပ်ဆောင်ခဲ့ကြ ပြီးသတင်းထောက်ဖြစ်ကြောင်း သက်သေပြချက်များကိုလက်မခံဘဲ ကားပေါ်အတင်းဆွဲ တင် ခဲ့ကြ ခြင်းသာ ဖြစ်သည်။ သတင်း ထောက်များအား ဖမ်းဆီးခေါ် ဆောင်ရာတွင် ကင်မရာများကိုပါ လုယူသိမ်းဆည်းခဲ့ပြီး ကင်မရာအ ချို့ကို ယခုသတင်းရေးသားနေ ချိန်အထိ ပြန်လည်ပေးအပ်ခဲ့ခြင်း မရှိသေးပေ။

‘‘အရပ်ဝတ်နဲ့ သူတွေရော ယူနီဖောင်းနဲ့ သူတွေ ရှစ်ယောက် လောက်ကျွန်တော့်ကို ၀ိုင်းအုံလာ ပြီး ဆွဲလား ရမ်းလားလုပ်တဲ့အတွက် အင်္ကျီကြယ်သီးတွေပြုတ် ထွက်သွားတယ်။ တချို့သူတွေက ကိုယ်ထိလက်ရောက် လုပ်မယ့်အမူအရာတွေပြတယ်။

ကားပေါ်အတင်းဆွဲတင်ပြီး အရာရှိတစ် ယောက်ကို ကျွန်တော်အတင်း ပြော မှ သူကကျွန်တော့်ကို ချက် ချင်းလွှတ်ပေးလိုက်လို့ပါမသွား တာ’’ ဟု ကိုယ်တွေ့ကြုံခဲ့ရသူသ တင်းထောက် တစ်ဦးက ပြော သည်။

ဖမ်းဆီးခံရသောအလုပ်သ မားများ ပြန်လွှတ်ပေးခြင်း ရှိ၊ မရှိ မသိရသေးကြောင်း သပိတ် စစ်ကြောင်းတွင် ပါဝင်ပြီး လွတ် မြောက်သွားသော အလုပ်သမမခိုင်ခိုင်မိုးက ည ၈ နာရီ ၄၅ မိနစ် တွင်ပြောသည်။

အထက်ပါသပိတ်စစ်ကြောင်းတွင်ပါဝင်နေသူများနှင့် သတင်းထောက်များအား ရောနှောဖမ်းဆီးခဲ့ခြင်းနှင့် ပတ်သက်၍ အခင်းဖြစ်ရာနေရာသို့ ရောက်ရှိနေသည့် တာဝန်ကျရဲအရာရှိများအား မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာပြန်လည်ဖြေကြားခြင်းမရှိပေ။

အလုပ်သမား ဆန္ဒပြမှုများ ပြေလည်မှုရရှိ၍ အလုပ်သမား ၇၇ ရာခိုင်နှုန်းအထိ လုပ်ငန်းခွင် ၀င်ရောက်နေ ပြီဖြစ်ကြောင်းအ လုပ်သမား၊ အလုပ်အကိုင်နှင့်လူမှု ဖူလုံရေးဒုတိယ၀န်ကြီးက မတ်လ ၂ရက်တွင် ပြော ကြားထားခဲ့ သည်။ အလုပ်သမားများမှာတစ် ရက်ကျပ်တစ်ထောင်တိုးပေးရန် တောင်းဆိုခဲ့သော်လည်း အလုပ်ရှင်များဘက်က ကျပ် ၃၂၀အထိသာ တိုးပေးပြီး အလုပ်ရှင်ဘက်က မည်သည့်ညှိနှိုင်းမှုများကိုမျှ ပြု လုပ်တော့မည်မဟုတ်ကြောင်းအ လုပ်သမား ဖျန်ဖြေရေးအဖွဲ့မှသိရ သည်။ အလုပ်သမားများဘက်မှ ကျပ် ၈၀၀ အထိသာတိုးပေးရန် အလျှော့ပေးတောင်းဆိုခဲ့သည်။

7Day Daily

No comments:

Post a Comment

My Blog List