Friday, March 06, 2015

ရန်ကုန်ဝင်မည့် အစီအစဉ်စွန့်လွှတ်ပြီး မိဘရင်ခွင်ပြန်ရန်နှင့် သံဃာတော်များ သီတင်းသုံးရာကျောင်းသို့ ပြန်ကြွချီရန် သံဃနာယကအဖွဲ့ မေတ္တာရပ်ခံ


သပိတ်မှောက် ကျောင်းသားများ ရန်ကုန်ဝင်မည့် အစီအစဉ်ကို စွန့်လွှတ်ကာ လွှတ်တော်ဆွေးနွေးမှုများစောင့် ကြည့်ရန်နှင့် ကျောင်းသား သပိတ်တွင် ရှိနေသည့် သံဃာများသပိတ်နှင့် ဆက်လက်မပူးပေါင်းဘဲ သီတင်း သုံးရာ ကျောင်းတိုက်များသို့ ပြန်လည်ကြွရောက်ရန် လက်ပံတန်းမြို့နယ် ဂိုဏ်းပေါင်းစုံ သံဃနာယကအဖွဲ့ က မေတ္တာရပ်ခံလိုက် သည်။
လက်ပံတန်းမြို့နယ် ဂိုဏ်း ပေါင်းစုံ သံဃနာယကအဖွဲ့မှ ဆရာတော်များ သည် ကျောင်း သားသပိတ်စခန်း ချရာ တန် ၂၅၀ ဆန်စက်လမ်းရှိ ကျောင်း သားနှင့် ရဲတပ်ဖွဲ့ဝင်များ မျက်နှာချင်းဆိုင် နေသည့် နေရာသို့ မတ်လ ၅ ရက် ညနေက လာရောက်မေတ္တာရပ်ခံ ခဲ့ခြင်းဖြစ်သည်။

ကျောင်းသားသပိတ်ဆင်နွှဲရာတွင် ပါဝင်နေသော ရဟန်းသာမဏေများ အား မေတ္တာရပ်ခံသည့် လက်ပံ တန်းမြို့နယ်ဂိုဏ်း ပေါင်းစုံသံဃနာယက အဖွဲ့၏ အ ကြောင်းကြားစာတွင် ကောင်းမွန်သည့် ပညာရေးစ နစ်ပေါ် ထွက်ရန် ဆန္ဒရှိသည့် သံဃာများ၏ဆန္ဒ ကိုချီးကျူးထားသော်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် သာသနာရေးဆိုင်ရာစာမေးပွဲများ ဖြေဆိုနိုင်ရေး၊ သံဃာများအကြားသဘောထားကွဲလွဲမှုမရှိစေရေး နှင့် ပြည် သူများ အကြား တည်ငြိမ်အေးချမ်းမှုပျက်ပြားမည်လားဟု စိုးရိမ်စိတ်များ မရှိစေရေး အတွက် သပိတ်တွင် ပါဝင်ပတ်သက်မှုကို အဆုံးသတ်ရန် မေတ္တာရပ်ခံထား သည်။ အလားတူ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ဂိုဏ်းပေါင်းစုံ တိုင်း သံဃနာယကကလည်း မေတ္တာရပ်ခံသည်။

ကျောင်းသားများထံ လိပ်မူ ပြီး ထုတ်ပြန်သည့် မေတ္တာရပ်ခံ စာတွင် ရန်ကုန်ဝင်မည့်ကိစ္စကို အဆုံးသတ် ရန်နှင့် လွှတ်တော် များတွင် တွေ့ ဆုံဆွေးနွေးမှုများ စောင့်ကြည့်သင့်ကြောင်း အပါ အ၀င် အခြားအချက်များ ကို မေတ္တာရပ်ခံထားသည်။

ကျောင်းသားများဘက်က ၎င်းတို့သည် အစိုးရအရာရှိများနှင့် တွေ့ဆုံဆွေးနွေး မှုအကြိမ်ကြိမ် ပြုလုပ်ခဲ့သော် လည်း သဘောတူ ညီချက်များမကြာခဏ ချိုးဖောက် ခံခဲ့ရကြောင်း ပြန်လည်တုံ့ပြန်ခဲ့ သည်။

ထို့အပြင်အစိုးရကိုလည်း သပိတ်မှောက်ကျောင်းသားများ အား အကြမ်း ဖက်ဖြိုခွဲခြင်းမပြု ရန် လက်ပံ တန်းမြို့နယ်ဂိုဏ်း ပေါင်းစုံသံဃနာယက အဖွဲ့က မေတ္တာရပ်ခံထားကြောင်း သတင်းရရှိသည်။

ကျောင်းသားသပိတ် အ ကြမ်းဖက်ဖြိုခွဲမှုမပြုရန် အာ ဏာပိုင်များထံ သံဃာများ၏ မေ တ္တာရပ်ခံထားမှုကို လက်ပံတန်း မြို့ခံများအား သံဃာတော်များ က မတ်လ ၅ ရက် ညနေတွင် လက်ပံတန်းမြို့အတွင်း အသံချဲ့ စက်ဖြင့် လိုက်လံကြေညာခဲ့ခြင်း ဖြစ်သည်။

သံဃာများက အာဏာပိုင် များအပြင် မြို့နယ်အတွင်းဆူပူ အုံကြွမှုမဖြစ်စေရေး ပူးပေါင်းကူ ညီကြရန် ဒေသ ခံများကို မေတ္တာ ရပ်ခံခဲ့ကြသည်။

ကျောင်းသားသပိတ်ကို အ ကြောင်းပြုပြီး ဆူပူမှုများဖြစ်လာ ပါက ရပ်ရွာတည်ငြိမ်ရေးကို ထိ ခိုက်နိုင်သည့် အပြင် အခြေခံအထက်တန်းနှင့် သာသနာရေးဆိုင် ရာစာမေးပွဲများ ထိခိုက်နိုင် ကြောင်းလည်း သံဃာများက မြို့ခံများ ကို သတိပေးခဲ့သည်။

ကျောင်းသားသပိတ်စခန်း ချရာ လက်ပံတန်းမြို့ တန် ၂၅၀ ဆန်စက်လမ်း အနီးတစ်ဝိုက်တွင် အာဏာပိုင်များ က မတ်လ ၅ ရက်တွင် ယခင်နေ့များထက် လုံခြုံ ရေး တင်းကျပ်စွာ ချထားခဲ့သည်။

ထို့အပြင် ယခင်နေ့များက ကျောင်းသားသပိတ်ထောက်ခံ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် လက်ပံတန်း ဒေသ ခံများအား လိုက်လံရှာဖွေဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်လျက် ရှိသည်။


7Day Daily

No comments:

Post a Comment

My Blog List