Thursday, March 05, 2015

ကျောင်းသားသပိတ်(ပင်မ)စစ်ကြောင်းတွင်တာဝန်ကျရဲ တပ်ဖွဲ့ဝင်အချို့၏ စကားသံများ






လက်ပံတန်းမြို့တွင်ရောက်ရှိနေသည့် ဒိမိုကရေစီကျောင်းသားသပိတ်(ပင်မ)စစ်ကြောင်းအပေါ် တာဝန်ကျ သည့်အပေါ် ရဲတပ်ဖွဲ့ဝင်အချို့၏ သဘောထား အမြင်များကို NewsWatch သတင်းဂျာနယ်မှအခုလိုတွေ့ ဆုံမေးမြန်း ခဲ့ပါသည်။

ကျွန်တော်တို့ဘ၀မှာတာဝန်ထမ်းဆောင်ခဲ့သည့်ကာလမှာ အခုလိုကျောင်း သားတွေနဲ့အတူမနေ့က စကားပြောဖြစ်တဲ့ပုံတွေကိုအင်တာနက်မှာတွေ့ ရတယ်..Likes ပေါင်း ငါးသောင်းကျော်ရတာ တခါမှမတွေ့ခဲ့ ဘူးဘူး..အရမ်း ၀မ်းသာတယ်။

ဒါပေမဲ့လည်းတာဝန်နဲ့ဆိုတော့လည်းအထက်အမိန့်ကိုအမြဲနာခံနေရတယ်။ မီဒီယာများအနေနဲ့ကလည်း သတင်းတွေကိုတက်နိုင်သလောက်ထိန်းသိမ်းပြီး ရေးစေချင်ပါတယ်..အကူညီလိုအပ်တာရှိရင်လည်းပြော
ပါတက်နိုင်သလောက်ကူညီပေးပါမည်ဟုတောင်ငူရဲစခန်းမှ ကျောင်းသားသပိတ်စစ်ကြောင်းတွင် တာဝန် ကျနေသည့် အဆင့်မြင့်ရဲအရာတစ်ဦးကပြောသည်။

ကျွန်တော်တို့က EU သင်တန်းဆင်းတွေပါ အကြမ်းဖက်တဲ့နည်းလမ်းကိုနိုင် ငံခြားမှာ အသုံးပြုတာတွေက နည်းပါတယ်၊ နိုင်ငံခြားမှာလည်း ဆန္ဒပြတဲ့ သူတွေနဲ့ ရဲတွေလည်း အပြန်အလှန်ချစ်ခင်ကြပါတယ် တချို ဆို နွားနို့ တောင်ပေးတိုက်ကြတာတွေရှိပါတယ်။

ချစ်ခင်ကြတယ်။ ဒီမှာလည်း အဲ့လိုမျိုးဖြစ်စေချင်တယ်ဟု EU သင်တန်းဆင်း ရဲအရာရှိတစ်ဦးကပြောကြား သည်။

ဘယ်လိုမြင်လည်းပြောရင်တော့ ဘာမှမပြောချင်ပါဘူးကျွန်တော်တို့က လက်အောက်ငယ်သားတွေဆိုတော့ အထက်အမိန့်ကိုပဲနာခံရမှာပဲ ကျောင်းသားတွေအပေါ်မှာလည်းအဆိုးမမြင်ပါဘူး။

သူတို့လည်းသူတို့ယုံကြည်ချက်အတွတ်လုပ်နေတာပဲ..ကျွန်တော်တို့ကလည်း တာဝန်ယူဆောင်ရွက်နေတာ ဆိုတော့ အထူးတလည်ပြောဖို့မရှိပါဘူးဟု တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောကြားသည်။

ဒိမှာက မနေ့ကဆိုရင် ပြင်က လူတွေပါလာတယ်. ဥပမာဆိုရင် သုံးဆယ်၊ ဥက္ကံ၊သာယာဝတီ ကနယ်ခံတွေ လည်းပါလာတယ်။ တချို့ဆိုရင်မူးနေတယ် ။ စုန်းပြူးလေးတွေရှိတယ် ဒါကိုအန္တရယ်မဖြစ်အောင် အတက်နိုင် ဆုံးတာဝန် ဆောင်ရွက်နေရတယ်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောကြားသည်။

မတ်လ ၄ရက်နေ့ညက ကျောင်းသားသပိတ်စစ်ကြောင်းကကျောင်းသား တွေနဲ့ တာဝန်ကျရဲတပ်ဖွဲ့အချို စကားပြောနေသည့်ပုံများ အင်တာနက်တွင် တက်လာပြီးနောက် မတ်လ ၅ရက်နေ့ည တွင်တာဝန် ထမ်းဆောင်သည့် ရဲတပ်ဖွဲ့ဝင်များကို အလှည့်ကျ မတ်တက်ရပ်ကာ တာဝန်ထမ်းဆောင် စေခဲ့သည်။

မင်းဇာနည်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List