Thursday, March 05, 2015

မြန်မာ့ နိုင်ငံရေး ရှေ့အလားအလာ အတွက် ဒေါ်အောင်ဆန်းစုကြည် တွင် အထူး ရှင်သန် တက်ကြွမှု ရှိသည်ဟု မြန်မာ တိုင်းရင်းသား အချို့က ရှုမြင်ကြကြောင်း တရုတ် နိုင်ငံပိုင် သတင်းစာ ရေးသား


 မြန်မာ့နိုင်ငံရေး ရှေ့အလား အလာ အတွက် ဒေါ်အောင်ဆန်းစုကြည် တွင် အထူး ရှင်သန်တက်ကြွ မှုရှိ သည်ဟု မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစု အချို့က ရှုမြင်ကြ ကြောင်း တရုတ်နိုင်ငံပိုင်သတင်းစာ တစ်စောင် ဝယ် ရေးသားထား သည်။
တရုတ်နိုင်ငံပိုင် သတင်းစာ တစ်စောင်ဖြစ်သည့်  Global Times သတင်းစာက ”မြန်မာနိုင်ငံ ရှိ တိုင်းရင်းသား လူမျိုးစုအချို့က မူ မြန်မာ့ နိုင်ငံရေး ရှေ့အလားအလာ အတွက် ဒေါ်အောင်ဆန်းစုကြည် တွင် အထူး ရှင်သန် တက်ကြွမှု ရှိ ကြောင်း ရှုမြင်ကြသည်။ အကယ် ၍ လာမည့် အစိုးရအဖွဲ့တွင် အမျိုး သား ဒီမိုကရေစီ ပါတီ သည် အစိတ်အပိုင်း တစ်ခု အဖြစ် ပါဝင်နိုင်မည် ဆိုပါက အမျိုးသား ပြန်လည် ရင် ကြားစေ့ရေးနှင့် ပတ်သက် ၍ ယခုထက် ပိုမို ယုံကြည်မှု ရပေလိမ့် မည်” ဟူ၍ သတင်းဆောင်း ပါး တစ်ပုဒ် တွင် ထည့်သွင်းရေးသား ထားခြင်းဖြစ်သည်။

မည်သို့ပင် ဖြစ်စေကာမူ သမ္မတလောင်း အဖြစ် ရွေးချယ် ခံခွင့်ရ ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အဓိက အတား အဆီးနှစ်ခု ရှိနေကြာင်း၊ ပထမအ တား အဆီးမှာ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဒေါ်အောင် ဆန်းစုကြည် အနေဖြင့် သမ္မတအ ဖြစ် ဝင်ရောက် အရွေးခံခွင့် မရှိ ကြောင်းနှင့် ဒုတိယ အတားအဆီး မှာမူ လွှတ်တော် ကိုယ်စားလှယ် များ၏ ၂၅ ရာခိုင်နှုန်းသည် တပ်မ တော်သား ကိုယ်စား လှယ် များဖြစ် နေခြင်းဖြစ်ကြောင်း၊ ယင်းသည် သမ္မတ ရွေးကောက် တင်မြှောက် ခြင်း အတွက် အဓိက ကျသော ကာ ကွယ် စောင့်ရှောက်မှု ဖြစ်ကြောင်း တို့ကိုလည်း ရေးသား ဖော်ပြထား သည်။

တရုတ်နိုင်ငံကဲ့ သို့သော အိမ်နီးချင်းနိုင်ငံ တစ်ခု အနေဖြင့်လည်း  မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု ပြု လုပ်နေခြင်း များနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အား ပြန်လည် သုံး သပ် ခြင်း ကို ပံ့ပိုးသင့်ကြောင်း၊ သို့မှ သာလျှင် နိုင်ငံရေး နယ်ပယ်ဝယ် တပ်မတော် ပါဝင် ပတ်သက်နေမှု ကို လျှော့ချနိုင်မည် ဖြစ်ပြီး၊ သို့မှ သာလျှင် နိုင်ငံ အတွက် တည် ငြိမ် သော စနစ်တစ်ခု အတွက် အခြေခံ ကျသော အခြေအနေ သို့ ရောက် မည်ဖြစ်ကြောင်း စသည်ဖြင့် ရေး သားထားပါသည်။

ယင်း သတင်း ဆောင်းပါးကို ရေးသားသူမှာ တရုတ်ကွန်မြူနစ် ပါတီ၏ အာဘော် ‘ပြည်သူ့နေ့စဉ်’ သတင်း စာမှ အကြီးတန်းအယ်ဒီ တာ တစ်ဦးဖြစ်သည့် မစ္စတာ Ding Gang ဖြစ်ပါသည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List