Wednesday, March 04, 2015

ဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ရန် ကြိုးပမ်းနေဟု သူရဦးရွှေမန်း ပြောကြား



ဒီမိုကရေစီအရေး၊ တန်းတူညီမျှရေးနှင့် ဥပဒေနှင့်အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဋ္ဌာန်းခွင့်ရရှိရေးစသော အချက်များအပေါ် အခြေခံသည့် ဖက် ဒရယ်ပြည်ထောင်စုစနစ် တည်ဆောင်ရန် ကြိုးပမ်း ဆောင်ရွက် လျက်ရှိ သည်ဟုပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မတ်လ ၄ ရက်တွင်ကျရောက်သည့် ၆၆ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ သဝဏ် လွှာတွင် ပြောကြားလိုက်သည်။

ယခုအချိန်သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးမှတစ်ဆင့် ထာဝရ ငြိမ်းချမ်းရေးရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်နေသော ကာလဖြစ်သည်ဟုလည်း သူရဦးရွှေမန်း က ပြောကြားထားသည်။

ပအိုဝ်းတိုင်းရင်းသားများသည် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူး တိုင်းဒေသကြီးတို့တွင် ပျံ့နှံ့နေထိုင်လျက်ရှိကြသည်။ တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားတွင် ဘိုးဘွားများ ကန်တော့ခြင်း၊ ပရိယတ္တိ စာပေထူးချွန် ပအိုဝ်းသံဃာတော် များနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း စသည့် လူမှုရေးလုပ်ငန်းများအပြင် ယဉ်ကျေးမှု ဖလှယ်ခြင်းနှင့် ပအိုဝ်းစာပေတိုးတက်ပြန့်ပွားရေး စွမ်းဆောင်ရည်ဆုချီးမြှင့်ခြင်း စသည်တို့ကို ဆောင်ရွက်လေ့ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List