Saturday, March 07, 2015

မန္တလေး မဟာလောကရန်နှိမ်အောင်တော်မူ မြတ်စွာဘုရား ညာဘက် မျက်လုံးတော်ပွင့် ၊ ဘုရားဖူးပြည်သူများဖြင့် စည်ကား



မန္တလေးချမ်း အေးသာစံမြို့နယ် ပြည်ကြီးမျက်မှန် ရပ် ၂၈လမ်းနှင့် ၂၉ လမ်းကြား၊ ၆၁ လမ်းရှိ မဟာလောက ရန်နှိမ်အောင်တော် မူမြတ်စွာဘုရား ညာဘက်မျက် လုံးတော် မတ် ၆ ရက်မွန်းလွဲ ၁ နာရီ ခွဲခန့်က ပွင့်တော်မူ ခဲ့သဖြင့်ဘုရားဖူး လာပြည်သူများဖြင့် စည်ကားလျက် ရှိကြောင်း ဘုရားဂေါပကအဖွဲ့မှ ဦး ခင်အောင်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။
''ဘုရားမျက်လုံးတော် ပွင့် တဲ့အ ချိန် ဘုရားဖူးလာအမျိုးသမီးတစ်ဦးက ဖူးလိုက်ရတယ်ဆိုပြီး ကျွန်တော်တို့ဂေါ ပကအဖွဲ့ကိုလာပြော တယ်၊ နောက် ပြီး ဘုရားခန်းထဲအမျိုးသမီးမဝင်ရလို့ အဲဒီလာပြောတဲ့အမျိုးသမီးက သူရဲ့ ဖုန်းနဲ့ပါ မှတ်တမ်းတင်ပေးပါလို့ ပြောတယ်၊ ဘုရားခန်း ထဲရောက်တော့ မျက်လုံးတော်ပွင့်နေတဲ့ ဘုရားကို ကျွန်တော်တို့ ဂေါပကအဖွဲ့အားလုံး ဖူးလိုက်ရတယ်၊ ဘုရားမျက်လုံးတော်က ခဏလေးပဲပွင့်တယ် ထင်တာ ည နေပိုင်းထိ ဆက်ပွင့်နေတော့ ဘုရား ဖူးလာပြည်သူတွေရဲ့ ဖေ့စ်ဘွတ်ခ်စာ မျက်နှာပေါ်ကနေ ပျံ့နှံ့ပြီးတော့ ခုလို ဘုရားမှာ ဘုရားဖူးလာပြည်သူတွေနဲ့ စည်ကားလျက်ရှိပါတယ်''ဟု ၎င်းကဆက်လက်ပြော ကြားသည်။

မဟာလောကရန်နှိမ်အောင် တော်မူမြတ်စွာဘုရားသည် နှစ်ပေါင်း ၁၅ဝခန့် က ရှေးဟောင်းသမိုင်းဝင်ဘုရား တစ်ဆူဖြစ်ပြီး သီပေါမင်း တည်ထား ကိုးကွယ် ကောင်းမှု ပြုခဲ့ခြင်းဖြစ်သည်။

''အောင်တော်မူ ဘုရား မျက်လုံး တော် ပွင့်တာ ဒီတစ်ကြိမ်တည်းသာပွင့် ကာ ဖူးမြော်ဖူးပါ တယ်''ဟု မဟာဇေ ယျာဘုံရပ်ကွက်နေ အဖိုးဦးသာ ဝင်းက ပြောသည်။

MKK

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

My Blog List