Saturday, March 07, 2015

မြန်မာ့တပ်မတော်က မိုင်းလားအဖွဲ့စခန်းအနီးတွင် သံချပ်ကာကားများဖြင့် စစ်ရေးလေ့ကျင့်


ဖုန်ကြားရှင်၏သမက် စိုင်းလင်း၏ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ပေါင်းစု (NDAA)အဖွဲ့ရှိရာ ရှမ်းပြည်နယ်အရှေ့ ပိုင်း မိုင်းလားနယ်စပ် ရှေ့တန်းနေရာတွင် မြန်မာ့တပ်မတော်က သံချပ်ကာ ကား ၁၅ စီးဖြင့် လက်နက်အပြည့်အစုံ တပ်ဆင်၍ စစ်ရေးလေ့ကျင့်မှု လာရောက်ပြုလုပ် နေကြောင်း မိုင်းလားအဖွဲ့ ထံမှ သတင်းရရှိသည်။

အစိုးရတပ်နှင့် ဖုန်ကြားရှင် ၏ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MND−AA)တို့ တိုက်ပွဲတွင် ဖုန်ကြားရှင် သမက်စိုင်းလင်း၏ မိုင်းလားအ ဖွဲ့ (NDAA)ပါဝင်ပတ်သက်မှုရှိ ကြောင်း မြန်မာ့ တပ်မတော်က ပြောကြားထားပြီး မိုင်းလား အဖွဲ့ထံသို့ မြန်မာ့တပ်မတော်ဘက်မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦး သွားရောက်ပြီး မကြာမီယခုကဲ့သို့ တပ်မတော်က သံချပ်ကာ ကား


ကြီးများဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မိုင်းလားအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးကြည်မောင် က 7Day Daily သတင်းစာအား အတည်ပြုပြော ကြားသည်။


‘‘တပ်က ခြိမ်းခြောက်တယ် လို့တော့ ကျွန်တော်တို့ မယူဆပါ ဘူး။ ဒါပေမဲ့ ကားကြီးတွေ၊ လက် နက်တွေနဲ့ သွားသွားလာလာဆို တော့ ကျွန်တော်တို့ပြည်သူက တော့ ကြောက်တာပေါ့။ စိုးရိမ် တာပေါ့။ နှစ်ပေါင်း များစွာ ဒီနေ ရာမှာ တပ်က လုံးဝမရှိဘူးလေ။ လေ့ကျင့်ခဲ့တာမျိုး မရှိခဲ့ဘူး။ အခု လို ဒီနေရာကိုလာတာတော့ သိပ် တော့မကောင်းပါဘူးဗျာ။ နေ ပြည်တော်က လူကြီး(သမ္မတ ဦးသိန်းစိန်) ကတော့ ကျွန်တော် တို့နဲ့ လက်တွဲပြီးတော့ ဆက်လက် ညှိနှိုင်းရေး လမ်းပေါ်မှာရှိတယ်။ တိုင်းပြည်က အေးချမ်းသာယာတဲ့ တိုင်းပြည်တည်ဆောက်ဖို့ မျှော် မှန်းနေပေမယ့် ကြားမှာ စစ်ဘက် ကကျတော့ သံချပ်ကာ ကားတွေ နဲ့ လာလေ့ကျင့်နေတယ်ဆိုတော့ သိပ်တော့ မကောင်းဘူးဗျ’’ဟု ဦးကြည်မောင်က ပြောကြား သည်။


ထို့ပြင် ဖုန်ကြားရှင်မှာ မိုင်း လားတွင် နေထိုင်နေကြောင်း သတင်းများ ထွက်ပေါ်နေသည့် အပေါ် ၎င်းက ဖုန်ကြားရှင်အနေ ဖြင့် အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်၍ ၎င်း၏ လွတ်လပ်ခွင့်အရ လည်း မိုင်းလား၌ သွားလာဝင် ထွက်မှုများရှိနေကြောင်း ဆက် လက်ပြောကြားသည်။ ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုဖြစ်ပေါ် လာခြင်းမှာ ဖုန်ကြားရှင်ကို လက် ခံထားခြင်းနှင့် ပတ်သက်မှု မရှိ နိုင်ကြောင်း ၎င်းကပြောသည်။


‘‘သူ့သမက်ကလည်း မိုင်း လားမှာ ရှိတယ်။ သူ့အသက်က လည်း(၈၅)နှစ်ကျော်ပြီဆိုတော့ ဒုက္ခရောက် လာတော့ သူ့သမက်နဲ့ သမီးဆီမှာ ခဏလာခိုတာတော့ ရှိပါတယ်။ အတည်တော့ မနေပါဘူး။ ယိုးဒယားရော၊ တရုတ်ကိုရော၊ မိုင်းလားကိုရော သွား လိုက်၊ လာလိုက်တော့ ရှိတယ်။ သွားသွားလာလာ ရှိတယ်။ ခဏတစ်ဖြုတ်တော့ တွေ့ပါတယ်။ သူ့လွတ်လပ်ခွင့်နဲ့ သူတားလို့ လည်း မရဘူးလေ။ သွားသွား လာလာတော့ ရှိတာပဲ’’ဟု ဦးကြည်မောင်က ပြောသည်။ သို့ သော် နိုင်ငံတော်က မိုင်းလားဒေသအပေါ်တွင် ထားသည့်စေတနာကို အသိအမှတ်ပြုပြီး ကောင်းမွန် စွာနေထိုင်ကြောင်း ၎င်းက ဆက် လက်ပြောကြား သည်။


ယခုရက်ပိုင်းအတွင်း မြန်မာ့ တပ်မတော်က ‘၀’တပ်ဖွဲ့နှင့် မိုင်း လားတို့ကို တွေ့ဆုံပြီးနောက် ‘၀’ တပ်ဖွဲ့ အား ဖုန်ကြားရှင်ကို ယခင်ကကဲ့သို့ ထောက်ခံမှု၊ လက်နက်ရောင်းဝယ်မှုများ မလုပ်ရန် ပြောကြားခဲ့ပြီး မိုင်းလားအဖွဲ့နှင့်မူ ဆွေးနွေးချက်များကို အသေးစိတ် မပြောကြားခဲ့ပေ။


‘‘မိုင်းလားဘက်ကိုလည်း တိုင်းဘက်က ဒုတိယဗိုလ်မှူးကြီး တစ်ယောက် လွှတ်လိုက်တယ်။ တချို့ ကိစ္စလေးတွေ အဆင်ပြေ အောင် ပြောပါတယ်။ နေပြည် တော်က လွှတ်လိုက်တယ်လို့ ကြားသိရတယ်’’ဟု ‘၀’တပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်ဦးအောင်မြင့်က ပြောသည်။


ထို့ပြင် မြန်မာ့တပ်မတော်က သံချပ်ကာကားများ မသုံးစွဲသည် မှာ ကြာမြင့်နေပြီဖြစ်၍ စမ်းသပ် ကြည့်ခြင်း သာဖြစ်ပြီး စစ်ရေးလေ့ ကျင့်ခြင်းထက် နိုင်ငံရေးအဓိ ပ္ပာယ်အရ အရိပ်အယောင်ပြခြင်း ဟုသာ ယူဆကြောင်း ဦးအောင် မြင့်က ဆိုသည်။


‘‘စစ်ရေးလေ့ကျင့်တာတော့ မဟုတ်ပါဘူး။ သူတို့ဘက်က သံ ချပ်ကာ စစ်ကား ၁၀ စီး၊ ၁၅ စီးလောက်။ ပြော သံကြားရတာ ဌာနချုပ်မှာထားတာ မသုံးတာ ကြာပြီ။ ဒီတော့ အင်ဂျင်ကောင်း၊ မကောင်း စမ်းသပ်ကြည့်ဖို့ လို တယ်ဆိုပြီး အစိုးရနဲ့ ကျွန်တော်တို့ မိုင်းလားနယ်စပ်တံတားဘက်ကို ပေါင်းပြီး လေ့ကျင့်မှုလာလုပ် တာ။ အယောင်ပြတစ်ခုပေါ့ဗျာ။ စစ်ရေးလေ့ကျင့်တာထက် အ ယောင်ပြတာ’’ဟု ၎င်းက ပြော သည်။


လက်ရှိတွင် ဖုန်ကြားရှင်မှာ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ(၄)၊ မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တွင် နေထိုင်နေကြောင်း သတင်းများထွက်ပေါ်နေပြီး မိုင်း လားအဖွဲ့ကိုလည်း ဖိအားပေး သွားရန်ရှိကြောင်း တပ်မတော်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောကြားထားပြီး ဖြစ်သည်။


‘‘ကိုးကန့်ပြဿနာကို၊ ပြည် တွင်းပြဿနာကို အကောင်းဆုံး နည်းနဲ့ တွေ့ဆုံဖြေရှင်းတာ အ ကောင်းဆုံးပါပဲ။ ဒီလို ငြိမ်းချမ်း ရေးရမှပဲ ကိုးကန့်ပြည်သူတွေ အေးချမ်းမှာ။ အခုကိုပဲ ကိုးကန့် ဘက်က ဒုက္ခသည်က တစ်သိန်း ကျော် ပြီ။ ဒီလောက်များပြားတဲ့ ပြည်သူတွေဒုက္ခကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းတာ အကောင်းဆုံး ပဲ’’ဟု ‘၀’တပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ပြောသည်။


တပ်မတော်၏ စစ်ရေးလေ့ကျင့်ခန်းတစ်ခုတွင် ပါဝင်ချီတက်နေသည့် တင့်ကားများ (ဓာတ်ပုံ−mmmilitary)

7Day Daily

No comments:

Post a Comment

My Blog List