Thursday, March 05, 2015

နှစ်လကျော်ကြာ သပိတ်စခန်းဖွင့်ဆန္ဒပြခဲ့သော ပလိပ်အထည်စက်ရုံ အလုပ်သမားပြဿနာ ပြေလည်မှုရရှိ


အလုပ်သမားအခွင့်အ ရေး အငြင်းပွားမှုအတွက် နှစ်လ ကျော်ကြာ သပိတ်စခန်းဖွင့်ဆန္ဒ ပြခဲ့ကြသော ပလိပ်အထည်စက်ရုံ အလုပ်သမားပြဿနာ သည် မတ်လ ၄ ရက်တွင် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကာ အပြီးသတ် သဘောတူညီမှုရရှိခဲ့ကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ပလိပ်မြို့ရှိ အမှတ်(၂) ချည်မျှင်နှင့် အထည်စက်ရုံကို စက်မှုဝန်ကြီး ဌာနက ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည့် ပန်ဒါကုမ္ပဏီသို့ လုပ်ကိုင်ခွင့် လွှဲပြောင်းပေးခဲ့ပြီးနောက် အလုပ်သမား အခွင့်အရေး အငြင်းပွားမှုများ ပေါ်ပေါက်လာ ခြင်းဖြစ်သည်။

ထိုသို့ အငြင်းပွားနေမှုများကို စက်မှုဝန်ကြီးဌာနနှင့် ပန်ဒါကုမ္ပဏီမှ ညှိနှိုင်းဖြေရှင်းပေးရန် ၂၀၁၄ ဒီဇင်ဘာ ၂၂ ရက်မှစတင်ကာ စက်ရုံဝန်ထမ်း ၇၅၀ ကျော်က သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ပြီး ဆန္ဒပြသည့် ၇၃ ရက်ကြာချိန် တွင် ညှိနှိုင်းသဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

စက်ရုံလုပ်သားများက ၁၉၅၁ ပုဂ္ဂလိကလုပ်ငန်းဥပဒေအတိုင်း စာချုပ်ချုပ်ဆိုကာ အလုပ် ပြန်ဝင်ရန် သဘော တူခဲ့ပြီး ပန်ဒါ ကုမ္ပဏီနှင့် စက်မှုဝန်ကြီးဌာနမှ လည်း အလုပ်သမားများ အဓိက တောင်းဆိုသည့် အလုပ် ထုတ်မခံ ရဘဲ လုပ်ငန်းခွင်တည်မြဲရေးအာ မခံချက်နှင့် စက်ရုံဝန်ထမ်းအိမ်ရာတွင် နေထိုင်ခွင့်အာမခံချက် တို့ကို လိုက်လျောပေးခဲ့သည်ဟု သုံးပွင့် ဆိုင်ညှိနှိုင်းသဘောတူညီချက်စာ ချုပ်တွင် ဖော်ပြထားသည်။

‘‘အစ်မတို့တောင်းတဲ့ အာမ ခံချက်ကို သူတို့ဘက်က လိုက် လျောပေးတယ်။ အစ်မတို့အလုပ် သမားတွေ ဘက်ကလည်း EC စာ ချုပ်ချုပ်ပြီး လုပ်ငန်းခွင် ၀င်မယ်။ ဒီမတ်လ ၉ ရက်နေ့မှာ အလုပ်ပြန် ၀င်မှာ ဖြစ်ပါ တယ်’’ဟု ပုလိပ်အ ထည်စက်ရုံဆန္ဒပြလုပ်သားခေါင်း ဆောင်တစ်ဦးဖြစ်သည့် မဇာခြည် ကပြောသည်။

ဝန်ထမ်းများ၏ တောင်းဆို ချက်များကို စက်ရုံဘက်က အ တတ်နိုင်ဆုံး လိုက်လျောပေးခဲ့ပြီး ဆန္ဒပြနေစဉ် ကာလအတွင်း ၂၅ ရက်စာအတွက် လုပ်အားခပေး ချေရန် ညှိနှိုင်းလိုက်လျောခဲ့သည် ဟု ပန်ဒါကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ဒေါ်တင်တင်ရွှေက ပြော သည်။

ပလိပ်အထည်စက်ရုံ အလုပ်သမား အခွင့်အရေးအငြင်းပွားမှု ပြဿနာ ညှိနှိုင်းပြေလည်မှုရရှိ ရေး စက်မှုဝန်ကြီး ဌာန ဒုဝန်ကြီး၊ အလုပ်သမားဝန်ကြီး ဌာန ဒုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီး အပါအ၀င် ပန်ဒါကုမ္ပဏီ တာဝန်ရှိသူများ၊ ဆန္ဒပြလုပ်သားခေါင်းဆောင်များ ခြောက်ကြိမ်ထက် မနည်း တွေ့ဆုံဆွေးနွေးခဲ့ရကြောင်း သိရှိရသည်။

စက်ရုံရှေ့တွင် သပိတ်စခန်း ဖွင့်ဆန္ဒပြနေစဉ်အတွင်း အသက် (၄၀)ခန့် စက်ရုံဝန်ထမ်းအမျိုးသားနှစ်ဦး ရုတ်တရက် ကျန်းမာရေးချို့ယွင်းကာ သေဆုံး ခဲ့ပြီး ၎င်းလုပ်သားနှစ်ဦးအတွက် စက်မှုဝန်ကြီးဌာန ညွှန် ကြားရေးမှူးတစ်ဦး က ငွေကျပ်တစ်သိန်းစီ ထောက်ပံ့ပေးခဲ့သည်ဟု သတင်းရရှိသည်။


7Day Daily

No comments:

Post a Comment

My Blog List