ကိုးကန့်လက်နက်ကိုင် အဖွဲ့များ ခံစစ်ယူထားသည့် လောက်ကိုင် - ကုန်းကြမ်း ဆက်သွယ်ရေးလမ်းကြောင်း ကို တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး လုံခြုံစိတ် ချစွာ သွားလာနိုင်ပြီဖြစ်ကြောင်း မတ်လ ၁ ရက်တွင် ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန် သည်။
ထို့ကြောင့် တပ်မတော်စစ် ကြောင်းများ အနေဖြင့် လောက် ကိုင်-ကုန်းကြမ်း ဆက်သွယ်ရေး လမ်းကြောင်း ကို ပြန်လည်ထိန်း ချုပ်ဖွင့်လှစ်နိုင်ခဲ့ပြီး လုံခြုံစိတ်ချ စွာ သွားလာနိုင်ပြီဟု အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်း ထားသည်။
ဖေဖော်ဝါရီ ၉ ရက်မှ စတင် ခဲ့သော တပ်မတော်နှင့် ဖုန်ကြားရှင်၏ ကိုးကန့်လက်နက်ကိုင်အဖွဲ့များကြား ကိုးကန့်ဒေသတိုက်ပွဲများ တစ်လျှောက် မတ်လ ၁ရက်အထိ တပ်မတော်မှ ၆၈ ဦးကျဆုံးခဲ့ကာ ကိုးကန့် လက်နက်ကိုင်အဖွဲ့မှ ၈၅ ဦးသေဆုံးခဲ့ကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
7Day News Journal
7Day News Journal
No comments:
Post a Comment