Friday, March 06, 2015

အမေရိကန်ပြန်လျှင် တရား မျှတစွာ အမှု ရင်ဆိုင်ခွင့်ရမည် မထင်ဟု စနိုးဒန် ပြော


အမေရိကန် ပြန်လျှင် တရား မျှတစွာ အမှု ရင်ဆိုင်ခွင့်ရမည် မထင်ဟု အက်ဒ်ဝပ် စနိုးဒန်က ပြောကြား လိုက် သည်။ အမေရိကန် အမျိုးသား လုံခြုံရေး ဌာန (NSA) ၏ နိုင်ငံတကာ ဖုန်းနှင့် အင်တာနက် လျှို့ဝှက် စောင့် ကြည့် လုပ်ငန်းများကို ဖွင့်ချခဲ့ မှုဖြင့် စနိုးဒန်ကို အမေရိကန် အစိုးရက အလိုရှိ နေပြီး လက်ရှိတွင် ရုရှား၌ ခိုလှုံနေသည်။
အိမ်ပြန်ချင် ပါတယ်။ မျှတတဲ့ တရား စီရင်မှုသာ ရှိမယ် ဆိုရင် တရား ရင်ဆိုင်ဖို့ အသင့်ပါ။ လောလောဆယ် အခြေအနေ အရတော့ မျှတတဲ့ တရားစီရင်မှုမျိုး မမြင်မိသေးပါဘူး ဟု စနိုးဒန်က ကနေဒါ ဂျာနယ်လစ်များ အဖွဲ့၊ တော်ရွန်တိုရှိ ရီယာဆန် တက္ကသိုလ်နှင့် ကနေဒါ ရုပ်သံ ကော်ပိုရေးရှင်း တို့နှင့် ပြုလုပ်သော တိုက် ရိုက် တွေ့ဆုံ မေးမြန်းခန်းတွင် မော်စကိုမြို့မှ တစ်ဆင့် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

စနိုးဒန်သည် ပြည်တော်ပြန် နိုင်ရန် အတွက် အမေရိကန်နှင့် ဂျာမနီ ဥပဒေ ပညာရှင်များနှင့် ဆွေးနွေးကာ တရား မျှတသော တရားစီရင်မှုမျိုး ခံယူနိုင်ရန် ကြိုးပမ်းနေကြောင်း စနိုးဒန်၏ ရုရှား လူမျိုး ရှေ့နေက ပြော သည်။

ဗုဒ္ဓဟူးနေ့က မေးမြန်းခန်းတွင် စနိုးဒန်က ကနေဒါသည် အခြားသော အနောက်နိုင်ငံများနှင့် ယှဉ်လျှင် အင်တာနက်နှင့် ဖုန်းလျှို့ဝှက် စောင့်ကြည့်မှု နည်းပါးကြောင်း မှတ်ချက်ပေး ပြောကြားခဲ့သည်။

တခြား အနောက်နိုင်ငံ ထောက်လှမ်းရေးတွေနဲ့ ယှဉ်ရင် ကနေဒါ ထောက်လှမ်းရေး ရဲ့ လက်တံ ဟာ တော်တော်တိုတာ တွေ့ရပါတယ် ဟု စနိုးဒန်က ထည့်သွင်း ပြောကြား သွားသည်။                  

Source: AFP
Messenger News Journal

No comments:

Post a Comment

My Blog List