Tuesday, March 03, 2015

ဒီမိုကရေစီရရှိရေးသည် ပြည်သူများ၏လွတ်လပ်ခွင့်နှင့် တိုက်ရိုက် သက်ဆိုင်သောကြောင့် ပြည်သူများ တာဝန်သိစွာ ပါဝင်ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


ဒီမိုကရေစီရရှိ ရေးသည် ပြည်သူများ၏ လွတ်လပ်ခွင့်နှင့် လုပ်ပိုင်ခွင့်တို့အား တိုက်ရိုက်သက် ဆိုင်နေ သောကြောင့် ပြည်သူများ တာဝန်သိစွာပါ ဝင်ဆောင်ရွက်ရန် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြည်သူများအား တိုက်တွန်းပြောကြားလိုက်သည်။
ဖေဖော်ဝါရီ ၂၈ ရက်က ဟင်္သာတမြို့ အေးမြသာယာ အားကစားကွင်းတွင် ပြုလုပ်သော ဗိုလ်ချုပ်အောင် ဆန်း နှစ်တစ် ရာပြည့် မွေးနေ့ဂုဏ်ပြုပွဲတွင် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ''အစိုးရ ဝန်ထမ်းဆိုတာဟာ ပြည်သူ လူထုရဲ့ ဝန်ကို ထမ်းပေးရမှာ၊ ပြည်သူလူထုရဲ့ ဘဝကို အဆင် ပြေအောင် လုပ်ပေးရမှာ။ ဒါဟာ အစိုးရ ဝန်ထမ်းများရဲ့ တာဝန်ပဲဖြစ်ပါတယ်။ အစိုး ရမှာ တာဝန်ရှိတယ်ဆိုတာကလည်း ပြည် သူကပေးထားလို့ ယူထားတဲ့တာဝန်ပဲ ဖြစ် ရမယ်။ ဒီမိုကရေစီရှိမှ ပြည်သူတွေ လွတ် လပ်မယ်။ ပြည်သူတွေက မလွတ်လပ် ဘဲ နိုင်ငံက လွတ်လပ်တယ်ဆိုရင် ဒါဟာ စစ် မှန်တဲ့ လွတ်လပ်ရေးမဟုတ်ဘူး။ ဒီအတိုင်း ပဲ သုံးသပ်တယ်။ ဒါကြောင့် ဒီမိုကရေစီရ အောင် လုပ်တယ်ဆိုတာ ပြည်သူလူထုရဲ့ လွတ်လပ်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေရဖို့ လုပ် တာဖြစ်တယ်။ ဒါပေမဲ့ ပြည်သူတွေကလည်း ဒီလိုလုပ်တဲ့နေရာမှာ တာဝန်သိသိ၊ တာဝန် ရှိရှိနဲ့ လုပ်ဖို့လိုတယ်''ဟု ပြောသည်။

ပြည်သူလူထု၏ အင်အားသည် ကိုယ့်ဘက်တွင် မရှိပါက နိုင်ငံအတွက်တန် ဖိုးရှိသည့် လုပ်ငန်း များ အောင်မြင်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်းနှင့် ပြည်သူများကြား အေးအေးချမ်းချမ်းရှိရန် အခြေခံ လူ့အခွင့်အရေးများလည်း ရှိရန် လိုအပ်ကြောင်း ဆက်ပြောသည်။

''တချို့ကတော့ ကတိတွေ သိပ် လွယ်တာပဲ၊ ဟိုဟာလုပ်ပေးမယ် ဒီဟာလုပ် ပေးမယ်နဲ့ တကယ်လုပ်ပေး လားတော့ မသိ ဘူး။ ဒါကို ပြည်သူတွေက အသိဆုံးပေါ့။ဘယ်အစိုးရကပဲဖြစ်ဖြစ် ပြည်သူလူထုကို ဟိုဟာလုပ်ပေးပါ့မယ်၊ ဒီဟာလုပ်ပေးပါမယ် လို့ ဒါမှမဟုတ် ဒို့ဘာလုပ်ပေးပါမယ်လို့ ပြော လို့ရှိရင် ဒါ ပြည်သူ့ပိုက်ဆံနဲ့ လုပ်တယ်လို့ ပဲ နားလည်ထားကြပါ။ ကောင်းကောင်း နားမလည်တော့ တချို့က အစိုးရ တာဝန် ရှိသူတွေရဲ့ သူတို့ပိုက်ဆံထဲက လုပ်တယ် လို့ ထင်နေကြမလားမသိဘူး။ လုံးဝ မဟုတ် ပါဘူး။

ဘယ်လူပုဂ္ဂိုလ်တစ်ဦးတည်းမှ နိုင်ငံ ကို ထူတောင်နိုင်ပါ့မလဲ၊ တကယ်လို့ ထူ ထောင်နိုင်အောင် ချမ်းသာနေ ပြီဆိုရင်၊ ဒါဟာလည်း မေးခွန်းထုတ်စရာ ဖြစ်နေပြီ။ ဒီနိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှု အလုံးစုံဟာ ပြည်သူအားလုံး ရဲ့ ချမ်းသာကြွယ်ဝမှုပဲလို့ နားလည်ရမယ်''ဟု ဒေါ်အောင်ဆန်းစုကြည် က ဆက်ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြားသော ဗိုလ်ချုပ် နှစ် တစ်ရာပြည့် မွေးနေ့ဂုဏ်ပြုပွဲသို့ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ပါတီဝင်များနှင့် ဒေသခံ ပြည်သူ အင်အားငါးသောင်းကျော် တက် ရောက်ခဲ့ကြောင်း သိရသည်။

#TheFlowerNews

No comments:

Post a Comment

My Blog List